လီဗာပူးလ်အသင်း၏ နွေရာသီကစားသမားခေါ်ယူမှု ပြီးဆုံးပြီဟု ယာဂန်ကလော့ပ် အတည်ပြု

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုနွေရာသီကာလအတွက် ကစားသမားသစ်ခေါ်ယူမှုပြီးဆုံးပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီတွင် ထိပ်တန်းခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းမှ ဥရုဂွေး တိုက်စစ်မှူး ဒါဝင်နူနက်ဇ်တစ်ဦးတည်းသာ ခေါ်ယူထားပြီး ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း ပေးချေရမည်ဖြစ်သည်။ ထို့ပြင် တန်းတက်ဖူလ်ဟမ်အသင်းမှ ပေါ်တူဂီလူငယ်တောင်ပံကစားသမား ဖေဘီယိုကာဗယ်လ်ဟို (၁၉ နှစ်) ကို ပေါင် ၇ ဒသမ ၅ သန်း၊ အဘာဒင်းအသင်းမှ စကော့တလန်လူငယ် နောက်ခံလူ ကယ်လ်ဗင်ရမ်ဆေး (၁၈ နှစ်) ကို ပေါင် ၆ ဒသမ ၅ သန်း ဖြင့် ခေါ်ယူထားသည်။ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် မန်စီးတီးနှင့် Big Six အသင်းများက ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသော်လည်း ယာဂန်ကလော့ပ်ကမူ ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။

myan789

“ဒဏ်ရာပြဿနာတွေမရှိဘူးဆိုရင် ဒါမှမဟုတ် ကစားသမား ရောင်းချမှုမရှိဘူးဆိုရင် ဒါက ကျွန်တော်တို့ရဲ့ လူစာရင်းပါ။ ကျန်တာ ဘာမှထပ်ဖြစ်လာဖို့မရှိပါဘူး။ အဲဒါကြောင့် လီဗာပူးလ်ပရိသတ်တွေအနေနဲ့ တခြားအရာတွေကိုပဲ အာရုံစိုက်ထားမယ်လို့ မျှော်လင့်ပါတယ်။ အသင်းကနေ ထွက်ခွာမယ့်သူတွေအကြောင်း ကျွန်တော်မပြောဘူးဆိုတာ ခင်ဗျားလည်းသိပါတယ်။ ဘာတွေလုပ်နေလဲဆိုတာထက် ရလဒ်ကိုပဲ ကြည့်ပါ။ အဲဒါကို မမေ့ပါနဲ့” ဟု ၎င်းက Sky Sports သတင်းဌာန သို့ ပြောကြားသည်။

ထို့ပြင် အခြားပြိုင်ဘက်အသင်းများ၏ ပြင်ဆင်အားဖြည့်မှုနှင့်ပတ်သက်၍ ကလော့ပ်က “တခြားသူတွေက အပြောင်းအရွှေ့ဈေးကွက်မှာ အမှားတွေ ကြီးကြီးမားမားလုပ်ထားတယ်လို့ ကျွန်တော်မပြောပါဘူး။ တော့တင်ဟမ်က ကစားသမားသစ်တွေမခေါ်ယူခင် ပြီးခဲ့တဲ့ရာသီကတည်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာ သေချာပါတယ်။ မန်စီးတီးက ကစားသမားတွေ ခေါ်ယူရုံတင်မဟုတ်ဘဲ အာဆင်နယ်ကို နှစ်ယောက်နဲ့ ချယ်လ်ဆီးကို တစ်ယောက်ပြန်ပေးထားပါတယ်။ ကျွန်တော်တို့ကလည်း အလားတူ အခြေအနေမျိုးပါပဲ။ တူညီတဲ့အသင်း တစ်သင်းနဲ့ အမြဲတမ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သွေးသစ်လောင်းဖို့၊ တက်ကြွသွက်လက်တဲ့ခြေထောက် တွေထပ်ပေါင်းဖို့ လိုပါတယ်။ စီးတီးက ကျွန်တော်တို့နဲ့ အလားတူအခြေ အနေမျိုးမှာရှိနေပြီး ကျွန်တော်တို့ကလည်း အဲဒီလိုပုံစံမျိုးပဲ လုပ်ထားတာပါ။ အဆုံးသတ်မှာ သူတို့က ကျွန်တော်တို့လိုပဲ စိတ်လှုပ်ရှားစရာ ကစားသမားတွေအားလုံး ပိုင်ဆိုင်ထားပါပြီ။ မေးခွန်းထုတ်ရမှာက အဲဒီအရာကို ဘယ်သူကပိုလုပ်ထားလဲ ဆိုတာပါပဲ။ အားလုံးမှာ တူညီတဲ့ အခွင့်အရေးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဓိကပစ်မှတ်ကတော့ လိဂ်ပြိုင်ပွဲမှာ ပထမဖြစ်ဖို့ နဲ့ ချန်ပီယံဝင်ခွင့်ရဖို့ကလည်း အမြဲတမ်းအရေးကြီးပါတယ်။ အဲဒါက တကယ်ကိုခက်ခဲနေပါပြီ။ ခင်ဗျားက လေး၊ ငါးနှစ်လောက် ဆက်တိုက်ဝင်ခွင့်ရတဲ့အခါ လူတွေက အများကြီး မချီးကျူးကြတော့ဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာက တကယ် တကယ်ပြင်းထန်တဲ့ တိုက်ပွဲပါ။ အားလုံးက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒီနေရာအတွက် ဘယ်သူတွေပြိုင်ဆိုင်ကြမလဲဆိုတာ ကျွန်တော်မတွေးထားပါဘူး။ တတ်နိုင်သမျှ ကိုယ့်အတွက် အကောင်းဆုံးရာသီတစ်ခုဖြစ်အောင်ကစားနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်။ အဲဒီလိုဖြစ်ဖို့ပဲ တကယ်မျှော်လင့်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဒါဝင်နူနက်ဇ်မှာလည်း အင်္ဂလိပ်ဘောလုံးနှင့် အထိုင်ကျရန် အချိန်လိုအပ်ကြောင်း ယာဂန်ကလော့ပ်က သုံးသပ်ခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular