လီဗာပူးလ်အသင်း၏လက်ရှိအခြေအနေသည် စိုးရိမ်စရာအနေအထားဟု ယာဂန်ကလော့ပ် ဝန်ခံ

လီဗာပူးလ်အသင်းနည်းပြ ယာဂန်က လော့ပ်က အင်္ဂလန်ဒါဘီပွဲတွင် မန်ချက်စတာ ယူနိုက်တက်အသင်းအား (၁-၂)ဂိုးဖြင့် အ ရေးနိမ့်ပြီးနောက် အသင်း၏လက်ရှိအခြေ အနေသည် စိုးရိမ်စရာအနေအထားဖြစ်နေ သည်ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်အနေဖြင့် ၂၀၀၅-၀၆ ရာသီက ဘွန်ဒစ်လီဂါကလပ် မိန့်ဇ်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း နည်းပြသက်တမ်း တစ်လျှောက် အဆိုးရွားဆုံး ရာသီအစရလဒ် ပိုင်းနှင့် ကြုံတွေ့နေရသည်။ ကလော့ပ်သည် မိန့်ဇ်အသင်းနည်းပြအဖြစ် ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၂၀၀၅-၀၆ ရာသီ တွင် ရာသီအဖွင့် ငါးပွဲဆက်တိုက် အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အသင်း နည်းပြသက်တမ်းအတွက် ပထမဆုံးအကြိမ် အဖြစ် ရာသီအဖွင့် သုံးပွဲဆက်တိုက် နိုင်ပွဲမရ ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပွဲတွင် မန် ယူအသင်းက ဆန်ချို(၁၆ မိနစ်)၊ ရပ်ရှ်ဖို့ဒ် (၅၃ မိနစ်)တို့က ဦးဆောင်ဂိုးများ သွင်းယူခဲ့ ပြီး လီဗာပူးလ်အသင်းက ဆာလာ(၈၁ မိနစ်) ၏ ချေပဂိုးတစ်ဂိုးသာ ရရှိခြင်းကြောင့် အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။ ”ဒီရလဒ်ကို ကျွန်တော် အရမ်းပဲ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ရဲ့အနေအထားကိုလည်း စိုးရိမ်မိပါတယ်။ ဒါပေမဲ့ ဒါက အသင်းရဲ့ လက်ရှိအခြေအနေ ဖြစ်ပြီး မပြောင်းလဲနိုင်ပါဘူး။ သူတို့က ပိုပြီး စိတ်လက်မာန်ပါ ကစားခဲ့တာလား။ ဖြစ်နိုင် ပါတယ်။ ယူနိုက်တက်က သူတို့အလိုရှိတဲ့အ တိုင်း တိကျစွာကစားနိုင်တဲ့ပွဲဖြစ်ခဲ့တယ်။ ဒါ ဟာ ကျွန်တော်တို့အမှားလို့ ခင်ဗျား ပြောခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ Box ထဲမှာ အ ခွင့်အရေးများစွာ ရခဲ့တယ်။ ကျွန်တော်တို့ တစ်ဂိုးရခဲ့တယ်။ ဒါက အမှန်တကယ် ထိုက် တန်ပါတယ်။ ဒါပေမဲ့ အနည်းငယ်နောက်ကျ နေခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အခုထက် ပိုပြီး အနည်းငယ်သာ ကောင်းကောင်းကစား မယ်ဆိုရင် ဒီပွဲကို အနိုင်ရပါလိမ့်မယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။ မီလ်နာနှင့် ဗန်ဒိုက်အကြား အချေအတင်ဖြစ်ပွားမှုကို ကလော့ပ်က ကွင်းထဲမှ အငြင်းအခုံတစ်ခုသာ ဖြစ်သည်ဟု မှတ်ချက်ပေခဲ့သည်။

myan789

တိုက်စစ်ကစားသမား ဆာလာသည် ယူနိုက်တက်အသင်းဘက်သို့ ဂိုးသွင်းအများ ဆုံး လီဗာပူးလ်ကစားသမားအဖြစ် ဂျရတ် ကိုကျော်ဖြတ်ကာ ကိုးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးယူနိုက်တက်အသင်းနှင့် တွေ့ဆုံမှု ငါးပွဲဆက် တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး လီဗာ ပူးလ်ကစားသမားလည်းဖြစ်သည်။ ထို့ပြင် ဆာလာအနေဖြင့် အသင်း၏ပြိုင်ပွဲစုံသွင်းဂိုး အများဆုံးစာရင်းတွင် မိုက်ကယ်အိုဝင်ကို ကျော်ဖြတ်ကာ (၁၅၉) ဂိုးဖြင့် အဆင့်ရှစ်နေရာ သို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစာရင်းတွင် ဂျရတ်(၁၂၀ ဂိုး)နှင့်အ တူ ဒုတိယနေရာ၌ ပူးတွဲရပ်တည်ခဲ့သည်။ ဂိုးသ မား အယ်လစ်ဆန်သည် ပြိုင်ပွဲစုံ ၁၈၇ ပွဲမြောက်ကစားကာ အသင်းသမိုင်းတစ် လျှောက် ပွဲအများဆုံး ဂိုးသမား (၁၀) ဦး စာရင်း တွင် ပါဝင်လာခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular