လီဗာပူးလ်အသင်းမှ ထွက်ခွာရန် မာနေ ဆုံးဖြတ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အဝတ်လဲခန်းထဲတွင် အသင်းဖော်များကို နှုတ်ဆက်ခဲ့ကြောင်း မီဒီယာများ ဖော်ပြ

လီဗာပူးလ်အသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေသည် ယခုနွေရာသီတွင် အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အဝတ်လဲခန်းထဲတွင် အသင်းဖော်များကို နှုတ်ဆက်ခဲ့ကြောင်း မီဒီယာများစွာက ဖော်ပြခဲ့သည်။

မာနေ(၃၀ နှစ်)သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက ယခုနွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိနေသည်။

myan789

ယင်းအတွက် ခေါ်ယူလိုသည့် အသင်းများကလည်း အခြေအနေကို စောင့်ကြည့်နေရာ မာနေက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှ မိမိ၏ ဆုံးဖြတ်ချက်ကို အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မာနေက အဝတ်လဲခန်းအတွင်း အသင်းဖော်များကို နှုတ်ဆက်ခဲ့သလို၊ ၎င်း၏သဘောထားကိုလည်း လီဗာပူးလ်အသင်း တာဝန်ရှိသူများအား အသိပေးခဲ့ကြောင်း Mirror က ဖော်ပြခဲ့သည်။

ထို့ပြင် အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုကလည်း မာနေသည် ယခုနွေရာသီတွင် လီဗာပူးလ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု Twitter တွင် ရေးသားခဲ့သည်။

၎င်းက ”ဒီနွေမှာ လီဗာပူးလ်က ထွက်ခွာဖို့ မာနေ ဆုံးဖြတ်ထားပြီးပါပြီ။ သူက လီဗာပူးလ်နဲ့ ထူးခြားတဲ့နှစ်ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက် အတွေ့အကြုံသစ်အတွက် အသင့်ဖြစ်နေပါပြီ။ ဒီအကြောင်း ကလပ်အသင်းကို အတည်ပြုအသိပေးတော့မှာပါ။ ဘိုင်ယန်မြူးနစ်က ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပေမဲ့ သဘောတူညီမှုတော့ မရသေးပါဘူး”ဟု ရေးသားခဲ့သည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကမူ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီက မာနေ၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ”မာနေအနေနဲ့ လာမယ့်ရာသီ ဘယ်မှာပဲ ကစားကစား ထိပ်တန်းကစားသမားဖြစ်နေမှာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မာနေ၏ ဆန္ဒအတိုင်း လိုက်လျောပေးမည်ဖြစ်သော်လည်း ပြောင်းရွှေ့ကြေးပေါင်(၃၅)သန်းဝန်းကျင် ရရှိမှသာ လက်လွှတ်လိမ့်မည်ဟု Daily Mail က သုံးသပ်ခဲ့သည်။

မာနေကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းက ရေပန်းအစားဆုံးဖြစ်နေသော်လည်း PSG၊ ဘာစီလိုနာ၊ အာဆင်နယ်နှင့် ရီးယဲလ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular