လီဗာပူးလ်မှ ထွက်ခွာပြီးနောက် ကျဆုံးခဲ့သည့် ကစားသမားများကို ဥပမာပေးကာ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆာလာအား ကာရေဂါ တိုက်တွန်း

Sky Sports တွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်ဂန္ထဝင် ကာရေဂါက လီဗာပူးလ်အသင်းမှထွက်ခွာပြီးနောက် ကျဆုံးခဲ့သည့်ကစားသမားများကို ဥပမာ ပေးကာ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆာလာအား တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာသည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးပေ။

myan789

ဆာလာသည် ၂၀၁၇ တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင်(၃၆.၅)သန်းဖြင့် ပြောင်းရွှေ့ လာခဲ့ပြီး ပြိုင်ပွဲစုံ (၂၅၂) ပွဲတွင် (၁၅၅) ဂိုးအထိသွင်းယူထားသည်။

ကာရေဂါက ဆာလာအတွက် လီဗာပူးလ်ထက် ပိုကောင်းသည့်အသင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဆာလာအနေနဲ့ လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ကလော့ပ်က ဆာလာကို ကြီးကျယ်တဲ့ကစားသမားဖြစ်အောင် လုပ်ပေးခဲ့တာပါ။ လီဗာပူးလ်နဲ့ ကလော့ပ်က သူ့အတွက် အသင့်တော်ဆုံးပါပဲ။ အတိတ်မှာ လီဗာပူးလ်ကို စွန့်ခွာသွားပြီး ခြေစွမ်းပျောက်သွားတဲ့ ကစားသမားတွေရှိခဲ့တာကို ဆာလာအနေနဲ့ သတိထားမိမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular