လီဗာပူးလ်ကို (၃)နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၃-၂ လီဗာပူးလ်

လုခ်ရှောရဲ့ ယုံကြည်မှုက သိသိသာသာ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲတုန်းကလိုပဲ ဒီပွဲမှာ တာဝန်ကျေခဲ့တယ်။ သူ့ဘက်အခြမ်းမှာ ကစားခဲ့တဲ့ ဆာလာက ဂိုးတွေသွင်းနိုင်ခဲ့တယ်ဆိုပေမဲ့ လုခ်ရှောကစားတာ မညံ့ခဲ့ဘူး။ ရပ်ရှ်ဖို့ဒ်ကိုလည်း ရင့်ကျက်ပြီး အားကောင်းတဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ကစားပုံက ကောင်းပြီး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြတာလည်း တွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ခြားနားမှုက ဘရူနိုဖာနန်ဒက်စ် ဖြစ်သွားပြီး လူစားဝင်လာပြီးနောက် ကန်သွင်းယူခဲ့တဲ့ ဖရီးကစ်ကန်ချက်က ပွဲရဲ့အဆုံးအဖြတ် ဖြစ်သွားခဲ့တယ်။ လီဗာပူးလ်ရဲ့ ကစားပုံက မတည်ငြိမ်ဘူး။ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေရှိသလို၊ အားနည်းချက်တွေလည်း မြင်ရတယ်။ ဒါပေမဲ့ မာနေ ဝင်လာတဲ့အချိန်မှ ကစားပုံ ပိုကောင်းလာခဲ့တာဖြစ်ပြီး ကာတစ်ဂျုံးစ်နဲ့တုန်းက မန်ယူခံစစ် အလုပ်ရှုပ်သက်သာခဲ့တာလည်း တွေ့ရတယ်။ သီယာဂိုက ပြိုင်ဘက်တွေ အများကြီးကြားမှာတောင် ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစားနိုင်တဲ့ အရည်အသွေးကို မြင်ခဲ့ရသလို၊ အားချင်းပြိုင်ရတဲ့ အနေအထားတချို့မှာတော့ ကြံ့ခိုင်မှုအားနည်းတဲ့ ပြဿနာတချို့ကိုလည်း မြင်ခဲ့ရတယ်။

myan789

စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းက မန်ယူအသင်းရဲ့ CBအတွဲမှာ မက်ဂွိုင်းရားနဲ့တွဲသင့်တာက လင်ဒီလော့ဖ်လား၊ ဘာယီလားဆိုတာဖြစ်ပြီး ဒီပွဲမှာ လင်ဒီလော့ဖ်နဲ့အတူ ဂိုးတွေပေးခဲ့ရတယ်။ ဒါပေမဲ့ လင်ဒီလော့ဖ်က ဘာယီထက်စာရင် ပိုပြီး Organized ဖြစ်အောင် ကစားနိုင်ပြီး၊ ဖူလ်ဟမ်နဲ့ပွဲမှာ ဘာယီဖြစ်ခဲ့တဲ့ အားနည်းမှုမျိုးတွေ မဖြစ်ဘူး။ အ ခြားတစ်ဖက်မှာ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းရားကြားက နေရာယူမှု အမှားတချို့ကိုလည်း မြင်ခဲ့ရတယ်။ ပေါ့ဘာရဲ့ Work Ethic က သိသိသာသာတက်လာပြီး၊ ဒီအချက်ကလည်း ခြားနားတဲ့ မန်ယူအသင်းဖြစ်လာစေတယ်လို့ ပြောရမယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာ ကာဗာနီကို ခေါ်ယူခဲ့ခြင်းက Sense ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး သူ့ရဲ့ခေါင်းတိုက်ချက်က အံ့သြစရာပါ။ ဂိုးသာဖြစ်ခဲ့ရင် ပိုပြီးအမှတ်ရနေမယ့် ဂိုးမျိုးလည်းဖြစ်တယ်။ ကလော့ပ်ကတော့ ဒီပွဲမှာ ဘန်လေကို ရှုံးခဲ့တဲ့ပွဲက လူစာရင်းကို (၅)နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ရီးစ်ဝီလီလျံစ် ရဲ့သက်သောင့်သက်သာမရှိတဲ့ ကစားပုံက အမြဲတမ်းစိုးရိမ်စရာဖြစ်ခဲ့ရတယ်။ ရပ်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ ဂိုးမှာလည်း သူ အမှားကျူးလွန်ခဲ့တာတွေ့ရ တယ်။

အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ ဆာလာက စတင်သွင်းယူခဲ့ပြီး၊ (၂၆) မိနစ်မှာ ဂရင်းဝုဒ်က မန်ယူအတွက် ချေပဂိုးကို ပြန်သွင်းခဲ့ပါတယ်။ (၄၈)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးပြန် သွင်းပြီး၊ (၁၀)မိနစ်အကြာမှာ ဆာလာကပဲ ချေပဂိုး ပြန်သွင်းခဲ့တယ်။ မန်ယူအတွက်အနိုင်ဂိုးကိုတော့ (၇၈)မိနစ်မှာ ကာဗာနီကြောင့်ရတဲ့ ဖရီးကစ်ကနေ ဘရူနိုက သွင်းယူခဲ့တာဖြစ်တယ်။ မန်ယူအသင်းအနေနဲ့ ၂၀၁၈ မတ်လနောက်ပိုင်း လီဗာပူးလ်ကို ပြန်အနိုင်ယူခဲ့တာဖြစ်ပြီး

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular