လီဗာပူးရဲ့ လက်ရှိ တိုက်စစ်ပိုင်း ပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

ဂျွန်ဘန်းက တီယာဂိုအယ်ကန်တာရာ ဟာ သူ့ကစားတဲ့ ပွဲတိုင်း လီဗာပူးရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ကာ ယာဂန်ကလော့ အနေနဲ့ စပိန် လက်ရွေးစင်ကို အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် အဖြစ် အသုံးချသင့်တယ်လို့ အကြံပေး လိုက်ပါတယ်။ တီယာဂိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ်မှ လီဗာပူးကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် ကိုဗစ် ၊ ဒူးဒဏ်ရာ ပြသနာတွေကြောင့် လီဗာပူး အတွက် ပွဲအနည်းငယ်သာ ကစား ထားနိုင်ပါသေးတယ်။

လီဗာပူးဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်း နေရပြီး ဒဏ်ရာပြဿနာတွေ အပြင် နောက်ပိုင်းပွဲစဥ်တွေမှာ ပုံစံကောင်းပါ ပျောက်နေပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့တဲ့ အပြင် သွင်းဂိုး ကလည်း တစ်ဂိုးသာ ရခဲ့ပါတယ်။ ဒါ့ကြောင့် လီဗာပူးဟာ ထိပ်ဆုံးက အသင်းနဲ့ ၆ မှတ် ကွာဟနေပြီး Title race ကနေ မထွက်ခွာ ရဖို့အတွက် သူတို့ရဲ့ free-flowing ကစားဟန်ကို အမြန်ဆုံး ပြန်လည် ရှာတွေ့ဖို့ လိုနေပါတယ်။

myan789

လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ်ဟာ လက်ရှိမှာ ပုံစံကောင်း ပျောက်ဆုံး နေကြတဲ့ အပြင် အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့ကလည်း ရုန်းကန်နေရတာကြောင့် လီဗာပူးရဲ့ တိုက်စစ်ပိုင်းဟာ အသက်မဲ့ နေခဲ့ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဖာဘင်ညို နဲ့ ဟန်ဒါဆန် တို့ဟာ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုခံစစ်မှာ ဖြည့်ကစား နေရပြီး ၎င်းတို့ရဲ့ ကွင်းလယ်လုပ်အားနဲ့ လွှမ်းမိုးမှုတွေကို ဆုံးရှုံး ထားရပါတယ်။

လီဗာပူး ဂန္ထဝင် ဂျွန်ဘန်းက ၃ ဦးတွဲ တိုက်စစ်ဖြစ်တဲ့ မာနေး ဆားလား ဖာမီနို တို့ ထက်မြက်မှု ပျောက်ဆုံး နေတာကြောင့် လီဗာပူးရဲ့ ရလဒ်ပိုင်းတွေ ထိခိုက်နေတာလို့ ဆိုလိုက်ပေမယ့် ဒီပြသနာကို တီယာဂိုကို ကွင်းလယ်ဖန်တီးရှင် နေရာမှာ ထားကစားခြင်းအားဖြင့် ဖြေရှင်းနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဘန်းက ”ဒီရာသီ တီယာဂိုအယ်ကန်တာရာ လီဗာပူး အတွက် သူ့ကစားတဲ့ ပွဲစဥ်တိုင်းမှာ သူဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူကစားတဲ့ အချိန်တိုင်း အမြဲတမ်း ဒီလို ဖြစ်လေ့ ရှိပါတယ်။ အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဥ်တွေမှာ ရလဒ်တွေ သိပ်မကောင်း ခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ အမှားကြောင့် ဆိုပြီး လူတစ်ချို့က မြင်နေကြပါတယ်။

အသင်းရဲ့ ကစားပုံကို ခင်ဗျားတို့ ကြည့်သွားဖို့ လိုပါတယ်။ သူ့ကို အဓိက ကွင်းလယ် ဖန်တီးရှင် အဖြစ် အသုံးချသွားမယ် ဆိုရင် အသင်းဟာ ဒါနဲ့ အသားတကျ ဖြစ်ဖို့အတွက် အချိန်တစ်ခုတော့ လိုအပ်မှာပါ။ ဖိလစ်ပီကော်တင်ညို လီဗာပူးမှာ ရှိတုန်းကလည်း ဒီလိုမျိုး ပါပဲ။ အသင်း တိုက်စစ်ဆင် ကစားတဲ့ အချိန်တိုင်း သူကနေ တဆင့် ဖြတ်သွား ရပါတယ်။ တီယာဂိုကို ခေါ်ယူပြီးနောက် သူ့ကို အဓိက ကွင်းလယ် ဖန်တီးရှင် အဖြစ် အသုံးချ သွားမယ်ဆိုရင် အသင်းဟာ ဗျူဟာအသစ်နဲ့ အသားကျဖို့ အတွက် အချိန်ယူသွားရမှာပါ။

Front three ဟာ နေ့ချင်းညချင်းတော့ ဆိုးရွားတဲ့ ကစားသမားတွေ ဖြစ်မသွားပါဘူး။ ကွင်းလယ် ၃ ဦးနေရာမှာ ဝိုင်နယ်ဒန် ၊ ဟန်ဒါဆန် ၊ ဖာဘင်ညို တို့ကို ထားကစားတဲ့ အခါမှာ သူတို့ဟာ တိုက်စစ်ကို အလျှင်အမြန် ဘောလုံး ပေးပို့ကာ ကစားကြပါတယ်။ လီဗာပူးဟာ ဒီပုံစံနဲ့ ပြီးခဲ့တဲ့ ရာသီတွေက ကစားလာခဲ့ကြတာပါ။ တီယာဂိုဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ တကယ် နှစ်သက်စရာပါ။ ဒါပေမယ့် ကစားဟန်ကို အပြောင်းအလဲ လုပ်တဲ့အခါမှာ အသင်းဟာ အထိုင်ကျဖို့ အချိန် ယူရပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ လက်ရှိမှာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ ရာသီက လက်ရှိ အချိန်ထက် ၂၁ မှတ်ထိ လျော့နည်းနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular