လီဗာပူးနဲ့ ပွဲစဉ်မှာ အရည်အသွေးရှိကြောင်း သက်သေ ပြနိုင်ဖို့အစွမ်းကုန် ကြိုးစားပြရမယ့် ယူနိုက်တက် ကစားသမား 5 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ်ရဲ့ ခါးသီး ပြိုင်ဖက် ဖြစ်တဲ့ လီဗာပူး အသင်းနဲ့ FA ဖလား Round 4 ပွဲစဉ် ကစား ရဖို့ ရှိနေ ပါတယ် ။ ဒါဟာ နှစ်ဖက် အသင်းအတွက် တစ်ပါတ် အတွင်း ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုပဲ ဖြစ်ပါတယ် ။

လက်ရှိ သူတို့ နှစ်သင်းလုံးဟာ ပွဲစဉ် တွေကို ဆက်တိုက် ဆိုသလို ကစားခဲ့ ကြရတဲ့ အပြင် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာလည်း ဆက်လက် ကြိုးစားရဖို့ ရှိနေတာကြောင့် ကစားသမား အချို့ကို အနားပေးပြီး အရံ ကစားတာ များခဲ့တဲ့ ကစားသမား တွေကို အသုံးပြု သွားနိုင်ဖွယ် ရှိနေကြ ပါတယ် ။

myan789

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကိုယ်တိုင် ကတော့ ပွဲထွက် ကစားသမား စာရင်း အပြောင်းအလဲ လုပ်သွားဖို ရှိနေကြောင်း ဝန်ခံ စကား ပြောကြား ခဲ့ပါ သေးတယ် ။ ဒီလို အနေအထားမှာ အရည်အသွေး ကောင်းမွန်ကြောင်း သက်သေ ပြရတော့မယ့် ယူနိုက်တက် ကစားသမား 5 ဦးကို ဖော်ပြ ပေးလိုက်ပါတယ် ။
(mirror)

(1) ဗန်ဒီ ဘိခ်

ဗန်ဒီ ဘိခ်ဟာ အေဂျက်ဇ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့တဲ့နောက် ပုံမှန် ပွဲထွက်ခွင့် တွေကို မပိုင်ဆိုင် ထားနိုင်ခဲ့ ပါဘူး ။ သူဟာ လူစားဝင်ရင်း ပွဲကစားခွင့် မိနစ်တွေ အနည်းငယ် ရရှိတဲ့ အချိန်မှာလည်း ပုံစံကောင်း မပြ နိုင်တာ များခဲ့ ပါတယ် ။

သူဟာ ဒီနှစ် ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် 2 ပွဲသာ ပွဲထွက်ခွင့် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ အခြား တစ်ဖက်မှာ ဝက်ဖို့ဒ် နဲ့ ကစား ခဲ့တဲ့ FA ဖလား ပွဲစဉ် မှာလည်း သူဟာ ပွဲချိန်ပြည့် ကစားခွင့် ရရှိ ထားနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် အခု ပွဲစဉ်မှာ သူဟာ ပွဲထွက်ခွင့် ရနိုင်ခြေ ရှိနေပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ သူဟာ ပေါင် သန်း 40 ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း လက်တွေ သက်သေ ပြသွားနိုင်ဖို့ စွမ်းနိုင်သမျှ အားထုတ် ကြိုးစား သွားရပါ တော့မယ် ။

(2) ဒင်းန် ဟန်ဒါဆန်

ဟန်ဒါဆန် ဆိုတာလည်း ယူနိုက်တက်ရဲ့ အရံ ဂိုးသမား တစ်ဦး ဖြစ်ပေမယ့် ပြည်တွင်း ဖလား ပြိုင်ပွဲ တွေမှာ ပွဲထွက်ခွင့်တွေ အနည်း နဲ့ အများ ပိုင်ဆိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာလည်း သူဟာ ပွဲထွက် ကစားခွင့် ရသွား နိုင်ခြေ ရှိနေ ပါတယ် ။

သူဟာ ယူနိုက်တက်တို့ ဝက်စ်ဟမ်း ၊ ရှက်ဖီး ယူနိုက်တက် အသင်း တွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ ကစားခွင့် ရရှိခဲ့ပေမယ့် အဖွင့်ဂိုး ပေးဆောင်ရမှု တွေနဲ့ အတူ နောက်ကနေ လိုက်ကစားခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ဒီဂီယာ ကပဲ ပွဲထွက်ခွင့်တွေ ဆက်တိုက် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အခုတော့ သူဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့် ရရှိသွားဖွယ် ရှိနေပြီး ယူနိုက်တက်ရဲ့ နံပါတ် တစ် နေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေ ပြရပါ တော့မယ် ။

(3) အဲလက်စ် တဲလက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေ တုန်းက ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန် နေခဲ့ ရတဲ့ နောက်ခံလူ လုခ်ရှော အတွက် ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ် လာစေဖို့ အတွက် အဲလက်စ် တဲလက်စ်ကို ခေါ်ယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန်မှာ လုခ်ရှောဟာ အကောင်းဆုံးပုံစံတွေကို ပြသနိုင်ခဲ့ ပါတယ် ။ အထူးသဖြင့် သူ့ရဲ့ ခံစစ် ကစားပုံ တွေက အံ့ချီးဖွယ် ထူးကဲ နေခဲ့ရ ပါတယ် ။ ဒါပေမယ့် တိုက်စစ်ပိုင်း တက်ရောက်ပြီး ဂိုးတွေ သွင်းယူဖို့ ၊ ဖန်တီးမှု တွေကို လုပ်ဆောင်ဖို့ ခက်ခဲ နေဆဲ ပါပဲ ။

ဒါ့ကြောင့် လီဗာပူး နဲ့ ပွဲစဉ်မှာ ကစားခွင့် ရသွားဖို့ ရှိနေတဲ့ တဲလက်စ် အနေနဲ့ လုခ်ရှော ဆီမှာ မရှိတဲ့ အရည်အသွေးတွေဟာ သူ့ဆီမှာ ရှိနေကြောင်း သက်သေ ပြရပါ တော့မယ် ။

(4) အဲရစ် ဘိုင်လီ

အဲရစ် ဘိုင်လီဟာ မကြာသေးခင် ကမှ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် နေရာမှာ ဟယ်ရီ မက်ဂွားယား နဲ့ အတူ တွဲဖက် ကစားပြီး ယူနိုက်တက် ခံစစ်ကို ပိုကောင်း စေနိုင်ကြောင်း သက်သေ ပြထား နိုင်ခဲ့ ပါတယ် ။

သူဟာ ဒီနှစ် ဒဏ်ရာ ပြသနာ တွေကို ကျော်လွှား ပြနိုင် ခဲ့ပြီး ယူနိုက်တက် ရဲ့ ဗဟို ခံစစ် နေရာမှာ လင်ဒီလော့ဖ် နဲ့ အပြိုင် ပွဲထွက်ခွင့် ရအောင် အားထုတ် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ ပြီးခဲ့တဲ့ လီဗာပူး နဲ့ ပွဲက လင်ဒီလော့ဖ် ကိုပဲ ပိုမို ယုံကြည်ကြောင်း ပွဲထွက်ခွင့် ပေးရင်း ပြသခဲ့ ပါတယ် ။

အခုတော့ ဘိုင်လီ အနေနဲ့ သူလည်း လီဗာပူး တိုက်စစ်ကို ဟန့်တား နိုင်စွမ်း ရှိကြောင်း ၊ လင်ဒီလော့ဖ်ကို ကျော်ပြီး ပွဲထွက်ခွင့် နဲ့ ထိုက်တန်သူပါ ဖြစ်ကြောင်း သက်သေ ပြရပါ တော့မယ် ။

(5) မေဆွန် ဂရင်းဝုဒ်

မေဆွန် ဂရင်းဝုဒ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်းဖော် ရပ်ရှ်ဖို့ ၊ မာရှယ် တို့ရဲ့နောက် ယူနိုက်တက် ရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။ သူတို့ တိုက်စစ် အတွဲဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက သုံးဦးပေါင်း ဂိုး 60 ကျော် သွင်းယူ နိုင်ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ကာဗာနီ ရဲ့ ပုံစံကောင်းတွေ ဆက်တိုက် ပြသ နေမှုနဲ့ အတူ ရှေ့ဆက်ပြီး ယူနိုက်တက် တိုက်စစ်မှာ မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ကာဗာနီ တို့ရဲ့ တိုက်စစ် အတွဲကို မြင်သွားရ နိုင်ခြေ များပြား နေခဲ့ ပါတယ် ။ ဒီလို မဖြစ်ရေး အတွက် အခုလို ပွဲစဉ် မျိုးမှာ သူ့ရဲ့ တန်ဖိုး တွေကို ပြသဖို့ ဂရင်းဝုဒ် ကြိုးစား ရပါ လိမ့်မယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular