လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ – ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၁း၀၀ နာရီ)
(၄)ရက်အတွင်း (၂)ပွဲဆက်တိုက် ရင်ဆိုင်ကစားရတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲမှာတော့ ဝက်စ်ဟမ်းအသင်း နောက်ဆုံး မိနစ် ပယ်နယ်တီမဝင်မှုကြောင့် မန်ယူအသင်း အနိုင်ရခဲ့တယ်။ အခုပွဲမှာ ပရီးမီးယားလိဂ်ပွဲနဲ့ မတူတဲ့လူစာရင်းကို နှစ်သင်းစ လုံး ပွဲထုတ်ဖို့ရှိနေပြီး မန်ယူအသင်းကတော့ တစ်သင်းလုံးနီးပါး အပြောင်းအလဲလုပ်လာနိုင်တယ်။ ဝက်စ်ဟမ်းကတော့ ယူရို ပါလိဂ်ပွဲကအတိုင်း line-up ကို အနည်းအကျဉ်းပဲ အလှည့်အပြောင်းလုပ်လိမ့်မယ်။ မန်ယူက အရန်အင်အားကို ထုတ်သုံး ဖို့ရှိပေမဲ့ မာစီယဲလ်၊ ဆန်ချို၊ လင်ဂတ်၊ မာတစ်တို့ ပွဲထွက်လာနိုင်တဲ့လူစာရင်းက အတော်လေးတောင့်တင်းပြီး ဆိုးလ်ရှားလက် ထက် ဆုဖလားမျှော်လင့်ချက် ဝေးနေဆဲဖြစ်လို့ လိဂ်ဖလားကို ပေါ့ပေါ့တန်တန်တော့ ကစားမယ်မထင်ဘူး။ အိုးလ်ထရက်ဖို့ဒ် ကွင်းလည်းဖြစ်လို့ မန်ယူ အနိုင်ကစားလိမ့်မယ်။

ချယ်လ်ဆီး – အက်စတွန်ဗီလာ (ကြာသပတေးနံနက် ၁း၀၀ နာရီ)
ချယ်လ်ဆီးအသင်းက စပါးနဲ့ပွဲမှာ အသုံးပြုတဲ့ Line-Up နဲ့ မတူညီတဲ့ ပွဲထွက်စာရင်းကို နည်းပြ တူဟယ်လ်က ထုတ်သုံး လာမှာ သေချာသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချယ်လ်ဆီး လူစာရင်းကိုက တစ်နေရာမှာ ဒေါင်ဒေါင်မြည်(၂)ဦးလောက် ရှိနေလို့ အရန်လူစာရင်းပေမဲ့ အတော်လေးအင်အားတောင့် ပါတယ်။ အက်စတွန်ဗီလာအသင်းက နောက်ဆုံး(၈) နှစ်အ တွင်း လိဂ်ဖလားမှာ ၂၀၁၉- ၂၀ ရာသီက ဗိုလ်လုပွဲရောက်ခဲ့တာ ကလွဲလို့ ကျန်ပြိုင်ပွဲတွေမှာ စတုတ္ထအဆင့်တောင် မကျော်လွန် နိုင်ခဲ့ပါဘူး။ ဗီလာ အဝေးကွင်းလည်းညံ့လို့ ချယ်လ်ဆီးကိုပဲ ရွေးချယ်ချင်တယ်။

myan789

အာဆင်နယ် – ဝင်ဘယ်လ်ဒန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
အာဆင်နယ်အသင်း နိုင်ပွဲပြန်ဆက်လာပေမဲ့ အသင်းခြေ စွမ်းက ကျေနပ်စရာအနေအထားတော့ မဟုတ်သေးဘူး။ ဒါ ကြောင့် လိဂ်ဖလားပြိုင်ပွဲမှာ အမှားခံလို့မရတဲ့အပြင် ပြိုင်ဘက် ကလည်း အဆင့်ချင်းအတော်ကွာနေလို့ အနည်းဆုံး (၃)ဂိုး တော့ ပြတ်မှာပါ။

မီဝေါလ် – လက်စတာ (ကြာသပတေးနံနက် ၁း၀၀ နာရီ)
လက်စတာအသင်းရဲ့ကျဆင်းနေမှုက မယုံကြည်နိုင်စရာ အတော်ကောင်းနေတယ်။ ဒီလိုပွဲမျိုးမှာတော့ လက်စတာ နိုင်ပွဲ ပြန်ရှာလိမ့်မယ်။

ဝုလ်ဗ် – စပါး (ကြာသပတေးနံနက် ၁း၀၀ နာရီ)
စပါးအသင်းက ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက်အ သင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ပွဲတွေကြားမှာ အခုပွဲကို ကစားရတာဖြစ်လို့ အပြည့်အဝအာရုံစိုက်ထားဖို့ မ လွယ်လောက်ဘူး။ ဒါပေမဲ့ စပါးနည်းပြ နူနိုဆန်တိုအနေနဲ့ ပြိုင် ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ထားကာ ဖိအားရှိလာနေလို့ ရန်းစ် နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲက ပုံစံအတိုင်း ပွဲထွက်စာရင်းကို အ နည်းငယ်လောက်ပဲ အပြောင်းအလဲလုပ်လာနိုင်တယ်။ ဝုလ်ဗ် ကတော့ အခုရာသီအတွက် ပထမဆုံးအိမ်ကွင်းနိုင်ပွဲရဖို့ အ စွမ်းကုန်ရုန်းကန်မှာ သေချာပါတယ်။ မိနစ်(၉၀)အတွင်းတော့ စပါး မရှုံးလောက်ဘူးထင်တယ်။

ဘရိုက်တန် – ဆွမ်ဆီး (ကြာသပတေးနံနက် ၁း၀၀ နာရီ)
ဘရိုက်တန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၄)မှာရှိနေပြီး နိုင်ပွဲတွေနဲ့အတူ ယုံကြည်မှုမြင့်နေတယ်။ အခုပွဲလည်း အဓိက ကစားသမားတွေကိုအနားပေးနိုင်ပေမဲ့ ဆွမ်ဆီးကိုရှုံးရလောက်အောင်တော့ အခြေအနေမဆိုးနိုင်ပါဘူး။ ဘရိုက်တန်ပဲကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular