လိဂ်ဖလားတွင် ချယ်လ်ဆီးကို ဗိုလ်လုပွဲသို့ပို့ဆောင်ပေးပြီးနောက် အင်္ဂလန်မြေတွင် ဖလားအသည်းအသန်ရယူလိုနေကြောင်း နည်းပြ ပိုချက်တီနို ပြောကြား

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက လိဂ်ဖလားပြိုင်ပွဲတွင် အသင်းကို ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးပြီးနောက် မိမိအနေဖြင့် အင်္ဂလန်မြေတွင် ဖလားအသည်းအသန်ရယူလိုနေကြောင်း မစ်ဒယ်ဘရော့အသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီ (၂၄) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်$ အိမ်ကွင်းတွင် မစ်ဒယ်ဘရော့အသင်းကို (၆-၁) ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် မစ်ဒယ်ဘရော့အသင်းကို နှစ်ကျော့ပေါင်း (၆-၂) ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ပိုချက်တီနိုသည် စပါးအသင်းကို ကိုင်တွယ်စဉ်က လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့သော်လည်း ဖလားရယူနိုင်ခြင်းမရှိဘဲ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

myan789

ထို့ကြောင့် ပိုချက်တီနိုက မိမိအနေဖြင့် အင်္ဂလန်မြေတွင် ပထမဆုံး ဆုဖလားကို အသည်းအသန် ရယူလိုနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် ဒီ(အင်္ဂလန်မြေ)မှာ ဆုဖလား အသည်းအသန် လိုချင်နေတာပါ။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ပါရီမှာ ဖလား (၃)လုံး ရခဲ့ပါတယ်။ အခုတော့ ဒီမှာ ကျွန်တော်တို့ အနိုင်ရချင်တယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဖလား အသည်းအသန်လိုချင်နေတာပါ။ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

အသက် (၅၁)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် နည်းပြဘဝတွင် အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါး၊ PSG အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေခြင်းဖြစ်သည်။ ပိုချက်တီနိုသည် နည်းပြဘဝတွင် PSG အသင်းကို ကိုင်တွယ်စဉ်က ဖလား (၃)လုံးသာ ရရှိခဲ့ဖူးပြီး အခြားအသင်းများတွင်မူ အောင်မြင်မှု ရယူနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ပိုချက်တီနိုသည် အင်္ဂလန်မြေတွင် ဖလားရယူရန် ဆန္ဒပြင်းပြနေခြင်းဖြစ်ပြီး လိဂ်ဖလားကိုသာ ရယူနိုင်ခဲ့ပါက လူငယ်များဖြင့်တည်ဆောက်ထားသည့် အသင်းမှာလည်း ပိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular