လာလီဂါပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၃၀ နာရီ)
နှစ်သင်းစလုံးအတွက် ဒီပွဲက အရေးပါတယ်ဆိုပေမဲ့ အိမ်ရှင်လည်းဖြစ်၊ ပြီးခဲ့တဲ့ လာလီဂါ (၂)ပွဲစလုံးလည်း နိုင်ပွဲပျောက်နေတဲ့ ဘာစီလိုနာအတွက် ရလဒ်ကောင်းအောင် ပိုကြိုးစားပြရဖို့ လိုနေတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ရီးယဲလ်မက်ဒရစ်ကို (၂)ပွဲစလုံး အနိုင်မရခဲ့တဲ့အပြင် ဂိုးလည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ ဘာစီလိုနာတို့ လက်ရှိကစားပုံနဲ့ဆိုရင်လည်း ဒီပွဲက ခက်ခဲဦးမှာ သေချာတယ်။ နည်းပြ ကိုးမန်းအတွက်လည်း ဒီပွဲသာ ရလဒ်မကောင်းခဲ့ရင် ဖိအားတွေ ပိုများလာတော့မှာဖြစ်လို့ အသင်းကို ပြင်ဆင်မှုပိုလုပ်ပြရတော့မှာလည်း သေချာတယ်။ နောက်ဆုံး (၂)ပွဲမှာ ဂိုးရဖို့ရုန်းကန်နေရတဲ့ ဘာစီလိုနာတိုက်စစ်အတွက်လည်း ရီးယဲလ်ခံစစ်ကို ဖိအားပေးနိုင်ဖို့ဆိုတာ တော်ရုံ အားထုတ်မှုမျိုးနဲ့ မရလောက်ဘူး။ ရီးယဲလ်ကလည်း ဘာစီလိုနာလိုပဲ တိုက်စစ်ပိုင်း အားလျော့နေပြီး ဒဏ်ရာပြဿနာတွေကြားမှာ အသင်းရဲ့ခြေစွမ်းက အသင့်မရှိသေးဘူး။ ဒါပေမဲ့ ဘာစီလိုနာထက် အမှားနည်းအောင် ကစားနိုင်ပါတယ်။ နူးကမ့်မှာ ကစားရမယ့် ဒီပွဲကို ဂိုးနည်းသရေလောက်ပဲ မှန်းထားချင်တယ်။

အိုဆာဆူနာ – ဘီလ်ဘာအို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၁၁:၀၀ နာရီ)
နှစ်သင်းစလုံးမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမဲ့ အိုဆာဆူနာက အတိမ်းအစောင်းနည်းအောင် ပိုကစားပြနေနိုင်တယ်။ အထူးသဖြင့် အိုဆာဆူနာရဲ့ ခံစစ်ကစားပုံ ပိုတည်ငြိမ်လာမှုက အဝေးကွင်းဂိုးသွင်းနှုန်း အားရစရာမရှိလှတဲ့ ဘီလ်ဘာအိုအတွက် ကြီးမားတဲ့အတားအဆီးလိုမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အိုဆာဆူနာတိုက်စစ် အားရစရာမရှိသေးတာကတော့ ဘီလ်ဘာအိုအတွက် ပြန်ပေးထားတဲ့ အခွင့်အရေးလိုဖြစ်နေလို့ ဒီပွဲကို ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

myan789

ဆီဗီလာ – အီဘာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၁၁:၀၀ နာရီ)
ဂရန်နာဒါနဲ့အတွေ့မှာ ရှုံးပွဲတွေ့သွားတဲ့ ဆီဗီလာအတွက် အိမ်ကွင်းမှာ အမှတ်ပြည့်ပြန်ယူထားနိုင်အောင် ကြိုးစားမှာတော့ သေချာတယ်။ ဒါပေမဲ့ အသင်းက ပွဲဆက်တွေများလာချိန်မှာ အလှည့်ကျလူထုတ်သွားနိုင်ဖို့ အဆင်သင့်မရှိသေးသလို ဖြစ်နေတယ်။ ဒီပွဲမတိုင်မီ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ နွှဲခဲ့ရပြီး ဒီပွဲပြီးရင်လည်း ချန်ပီယံလိဂ်မှာ ရန်းစ်နဲ့ ဆက်ရင်ဆိုင်ရဦးမယ့် အနေအထားမျိုးဖြစ်လို့ အီဘာကို ရင်ဆိုင်ချိန်မှာ ဆီဗီလာတို့ အပြောင်းအလဲတွေနဲ့ လူထုတ်လာမှာသေချာတယ်။ ဆီဗီလာရဲ့ ခံစစ်ကစားပုံ ပြောစရာမရှိလှပေမဲ့ တိုက်စစ်ကတော့ ဂိုးရဖို့ ရုန်းကန်နေရသေးတာကလည်း အီဘာကို ရင်ဆိုင်ရာမှာ ဆီဗီလာရဲ့ အားနည်းမှုလိုရှိနေနိုင်တယ်။ အီဘာကလည်း တိုက်စစ်ပိုင်း အားရစရာမရှိလှပေမဲ့ နောက်ပိုင်းပွဲတွေမှာ ခံစစ်ပိုင်း တိုးတက်လာမှုကိုပါတွေ့ခဲ့ရလို့ ဆီဗီလာတိုက်စစ်အတွက် စိန်ခေါ်မှုပိုရှိနိုင်တဲ့ပွဲမျိုးလည်း ဖြစ်နေတယ်။ အီဘာနဲ့ ဂိုးအနည်းကိုပဲ ရွေးကြည့်ထားချင်တယ်။

အက်သလက်တီကို – ဘက်တစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ ရက်၊ နံနက် ၁:၃၀ နာရီ)
ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် ထိပ်တိုက်တွေ့နေချိန် အခွင့်အရေးကို အက်သလက်တီကိုအသုံးချနိုင်ဖို့ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ခက်နေတာက အက်သလက်တီကိုတိုက်စစ်က ဂိုးသွင်းနှုန်းပုံမှန်မရှိသေးတာပဲဖြစ်တယ်။ ဒီကြားထဲ ကော်စတာကလည်း ဒဏ်ရာရသွားပြန်လို့ အက်သလက်တီကို တိုက်စစ်ပိုင်းဂိုးရရေးအတွက် ဆွာရက်ဇ်အပေါ် ပိုပြီးအားပြုလာတော့မယ်။ ဘက်တစ်ကလည်း အတက်၊ အကျပုံမှန်မရှိသေးဘူး။ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်းပွဲမှာလည်း ဆိုစီဒက်ကို အရေးနိမ့်ထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ (၃)ပွဲအထိရှုံးပြီး ပေးဂိုး (၉)ဂိုးတောင်ရှိနေတဲ့ ဘက်တစ်ရဲ့ခံစစ်ပိုင်း ကလည်း အားနည်းနေသေးသလိုပါပဲ။ ဒီလိုအခြေအနေမျိုးနဲ့ တော့ ဘက်တစ်တို့ အဝေးကွင်းမှာ အက်သလက်တီကိုကို တောင့်ခံကစားဖို့သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ အက်သလက်တီကိုတိုက်စစ် ဂိုးသွင်းနှုန်းပုံမှန်မရှိသေးတာကို အခွင့်အရေးအနေနဲ့အသုံးချခဲ့ပြီး ခံစစ်အားပြုကစားခဲ့ရင် ဘက်တစ်တို့ သရေ တစ်မှတ်တော့ မျှော်လင့်လို့ရမယ်ထင်တယ်။ ဂိုးနည်းမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular