လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ဂရန်နာဒါ – ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ညနေ ၅:၃၀ နာရီ)
ဒီရာသီအစ ဂရန်နာဒါရဲ့ခြေစွမ်းက လျှော့တွက်လို့မရဘူး။ အက်သလက်တီကိုကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲတစ်ပွဲသာ ရှုံးပွဲရှိသေးပြီး ကျန်တဲ့ လာလီဂါနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ ရလဒ်ပိုင်း ကောင်းမွန်ခဲ့တယ်။ အခုရင်ဆိုင်ရမယ့် ဆီဗီလာကိုလည်း အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်နိုင်တတ်တာမျိုးပါ တွေ့ထားရလို့ ဂရန်နာဒါရဲ့ အိမ်ကွင်းအားက ဆီဗီလာအတွက် ခက်ခဲမယ့်ပုံပါပဲ။ ဆီဗီလာကတော့ တောက်လျှောက်ခြေငြိမ်နေတယ်လို့ ပြောနိုင်ပေမယ့်လည်း တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်း အတက်အကျရှိနေသေးတယ်။ ခံစစ်ကစားပုံကလည်း အဝေးကွင်းဆိုရင် လိုအပ်ချက်ရှိနေသေးသလိုပဲ။ နောက်ပြီး (၂)သင်းစလုံး ဒီပွဲအပြီးမှာ ဥရောပအဆင့်ပွဲတွေကို အဝေးကွင်းမှာ သွားကစားရဖို့လည်းရှိနေသေးလို့ နှစ်သင်းစလုံး အခုပွဲကိုထိန်းကစားဖို့ပဲ ကြိုးစားလိမ့်မယ်။ ဒီအခြေအနေမျိုးမှာ ဆီဗီလာရဲ့ကစားသမားအင်အားနဲ့ အတွေ့အကြုံပိုင်း ပိုသာနေတဲ့အချက်က အဆုံးအဖြတ်လိုဖြစ်သွားနိုင်တယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပါပဲ။

ဆယ်လ်တာဗီဂို – အက်သလက်တီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၃၀ နာရီ)
အက်သလက်တီကိုအတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဆယ်လ်တာဗီဂိုကို အက်သလက်တီကိုတို့ (၂)ပွဲစလုံး အနိုင်မရခဲ့ဘူး။ ဒီရာသီအစ အက်သလက်တီကိုရဲ့ခြေစွမ်း အထူးသဖြင့် တိုက်စစ်ပိုင်းက ပုံမှန်ဂိုးသွင်းအားမရသေးတာကလည်း ဒီပွဲမှာ အက်သလက်တီကိုတို့ ခက်ခဲဦးမယ့်ပုံပေါ်နေသေးတယ်။ ပွဲဦးထွက်မှာ (၆)ဂိုးရပြီး ဟုတ်မလိုလိုနဲ့ အက်သလက်တီကိုတိုက်စစ်က နောက်(၂) ပွဲမှာတော့ တစ်ဂိုးမှမသွင်းနိုင်ခဲ့တာကိုကြည့်ရင် ဆယ်လ်တာဗီဂိုဘက်ကိုလည်း အက်သလက်တီကို ဂိုးသွင်း နိုင်ပါ့မလားစဉ်းစားစရာဖြစ်လာတယ်။ ဆယ်လ်တာဗီဂိုကလည်း နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲစလုံး အရေးနိမ့်ထားတဲ့အပြင် ကစားပြီးသမျှ (၅)ပွဲမှာ (၄)ပွဲဂိုးပေးထားရလို့ ခံစစ်ပိုင်းက သိပ်လုံခြုံလှတယ်မဟုတ်ဘူး။ အဲဒီ (၅)ပွဲမှာ (၂)ပွဲသာ ဂိုးရအောင်ကစားထားနိုင်တဲ့ တိုက်စစ်ပိုင်းကလည်း အက်သလက်တီကိုခံစစ်ကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။

myan789

ရီးယဲလ်မက်ဒရစ် – ကာဒစ်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၁၁:၀၀ နာရီ)
ကာဒစ်ဇ်ရဲ့ခြေစွမ်းပိုင်းက အဆိုးကြီးမဟုတ်ဘူး။ ရာသီအစ အဝေးကွင်း (၂)ပွဲစလုံးကို အနိုင်ရထားတယ်။ အခုရင်ဆိုင်ရမယ့် ရီးယဲလ်မက်ဒရစ်ထက် အစစအရာရာအားနည်းနေသေးပေမယ့် အဝေးကွင်းမှာ အလုပ်ဖြစ်နေတဲ့ ကာဒစ်ဇ်ရဲ့ခံစစ်အသားပေးနဲ့ ပြိုင်ဘက်အားနည်းချက်ကို စောင့်ကစားတဲ့ကစားပုံက ရီးယဲလ်မက်ဒရစ်အတွက်လည်း စိန်ခေါ်မှုရှိလာနိုင်တယ်။ ရီးယဲလ်ကလည်း ရာသီအစမှာ အထလေးနေသလိုတွေ့နေရလို့ အခုပွဲလည်း အများကြီးမျှော်လင့်နိုင်မယ်မထင်ဘူး။ ရီးယဲလ်တို့ ဂိုးနည်းနည်းနဲ့ပဲ အနိုင်ရသွားမယ့်ပွဲမျိုးလို့ထင်တယ်။

ဂီတာဖေး – ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၁:၃၀ နာရီ)
နောက်ဆုံးတွေ့ထားတဲ့ (၄)ကြိမ်စလုံး ဘာစီလိုနာ အနိုင်ရထားပေမယ့် အလွယ်တကူအနိုင်ယူနိုင်ခဲ့တာတော့ မဟုတ်ဘူး။ ဂီတာဖေးဟာ ဘာစီလိုနာနဲ့ရင်ဆိုင်တိုင်း အမြဲတမ်း အကောင်းဆုံးတုံ့ပြန်နိုင်လေ့ရှိတယ်။ အခုလည်း ဂီတာဖေးရဲ့ ကစားပြီးသမျှခြေစွမ်းတွေရယ်၊ အိမ်ရှင်အခွင့်အရေးရှိနေတာရယ်က ဘာစီလိုနာအတွက် ပွဲကျပ်တစ်ပွဲဖြစ်လာဦးမှာသေချာနေတယ်။ ဂီတာဖေးဟာ နောက်ဆုံးကစားခဲ့တဲ့ ဆိုစီဒက်နဲ့အဝေးကွင်းပွဲကို ရှုံးထားပေမယ့် အိမ်ကွင်းကစားထားတဲ့ (၂)ပွဲစလုံးကို အနိုင်ရထားတဲ့အပြင် ခံစစ်ပိုင်းကျစ်လျစ်မှုကလည်း ဘာစီလိုနာအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်လာနိုင်တယ်။ ဘာစီ လိုနာကလည်း (၃)ပွဲကစားပြီးသွားခဲ့ပေမယ့် ကစားကွက်၊ ကစားအား ပုံမှန်မရှိသေးသလို တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်း ပုံမှန်မဟုတ်သေးဘူး။ အထူးသဖြင့် မက်ဆီရဲ့ခြေစွမ်းက သာမန်လောက်ပဲရှိနေသေးတဲ့အပြင် ခံစစ်ပိုင်းကလည်း တည်ငြိမ်ပါပြီလို့ မပြောနိုင်သေးတာပါပဲ။ အိမ်ရှင်ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular