spot_img

လာလီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

ဗလင်စီယာ – မာယော့ကာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ညနေ ၆:၃၀ နာရီ)
ဗလင်စီယာ နိုင်ပွဲရအောင် ပြန်ကစားပြရတော့မယ့် အချိန်ရောက်နေပါပြီ။ လာလီဂါနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ဗလင်စီယာအနေနဲ့ ဒီလိုပွဲမှာ အမှတ်ရှာနိုင်ဖို့လိုတယ်။ တန်းတက် မာယော့ကာကလည်း အဝေးကွင်းအားနည်းနေသေးတဲ့ အသင်းမျိုးဖြစ်နေလို့ အဝေးကွင်းမှာ ဗလင်စီယာရဲ့ အနိုင်ရလိုမှုကို ပွဲချိန်ပြည့်တောင့်ခံနိုင်ဖို့ မလွယ်နိုင်သေးဘူး။ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာမယ့် ဗလင်စီယာကို မာယော့ကာ ထိန်းချုပ်နိုင်မှာမဟုတ်လို့ အိမ်ရှင်နဲ့ ဂိုးအများကိုပဲ ရွေးချယ်ထားချင်တယ်။

ကာဒစ်ဇ် – အလာဗတ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၄၅ နာရီ)
အလာဗတ်စ်က ထင်သလောက် တက်မလာဘူး ဖြစ်နေတယ်။ ကာဒစ်ဇ်ကလည်း အခုတလော တိုက်စစ်ပျောက်နေပုံနဲ့တော့ အလာဗတ်စ်ရဲ့ခံစစ်ကစားမှုကို ဖြိုခွဲနိုင်ဖို့ မလွယ်ပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

myan789

အယ်လ်ချီ – အက်စ်ပန်ညို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၁၁:၀၀ နာရီ)
အဝေးကွင်းမှာ ဂိုးရဖို့ရုန်းနေရသေးတဲ့ အက်စ်ပန်ညိုရဲ့တိုက်စစ်က အယ်လ်ချီခံစစ်ကို ဖိအားပေးနိုင်ဖို့ မလွယ်လှသေးဘူး။ နောက်ဆုံးဆုံတွေ့ထားတဲ့ အယ်လ်ချီကွင်း ရလဒ်တွေအရ အယ်လ်ချီနဲ့ဂိုးအနည်းပဲ ရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။

ဘီလ်ဘာအို – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)
ဗီလာရီးယဲလ်ကတော့ ချန်ပီယံလိဂ်ဘက် အာရုံပိုရောက်နေပုံပါပဲ။ အခုလည်း ချန်ပီယံလိဂ်နဲ့ လာလီဂါအဝေးကွင်းနှစ်ပွဲ ဆက်နွှဲရမှာဆိုတော့ ဗီလာရီးယဲလ်ကို သိပ်မျှော်လင့်ထားလို့ မဖြစ်ဘူး။ ဘီလ်ဘာအိုက ခံစစ်ကိုပဲ အားပြုကစားသလို၊ ပေးဂိုး (၄)ဂိုးသာရှိသေးပြီး လာလီဂါမှာ ဆီဗီလာပြီးရင် ပေးဂိုးဒုတိယအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီနှစ်သင်းဆုံရင် သရေပွဲတွေများသလို၊ ဂိုးလည်း သိပ်မသွင်းနိုင်ကြတဲ့ အစဉ်အလာတွေကရှိလို့ ဒီပွဲက ဂိုးရတဲ့အသင်း အနိုင်ရမယ့်ပွဲမျိုးလို့ ထင်တယ်။ ဘီလ်ဘာအိုကိုပဲ ပိုကြိုက်နေမိတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular