လာလီဂါပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်

ဘာလိုလိုနဲ့ လာလီဂါတောင် ရာသီတစ်ခုအဆုံးသတ်ဖို့ နီးလာပါပြီ။ အခုကစားမယ့်ပွဲစဉ် (၃၇)အပါအဝင် (၂)ပွဲသာကျန်တော့တယ်။ ဒါကြောင့် အခုကစားမယ့် ပွဲစဉ် (၃၇)မှာ အမှတ်ပေးဇယားရပ်တည်မှုအတွက် အဆုံးအဖြတ်အဖြေ ထွက်လာတော့မယ့်ပွဲတွေလည်း ပါနေနိုင်တယ်။ မျှော်လင့်ချက်ရှိနေသေးတဲ့ အသင်းတိုင်းအတွက်တော့ ရာသီသိမ်းခါနီးလေ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာလေပုံစံမျိုးတွေနဲ့ အဆုံးသတ်လှဖို့ ကြိုးစားနေကြဦးမှာပါပဲ။ ဒီတစ်ပတ်မှာတော့ ရီးယဲလ်မက်ဒရစ်တို့ ခြေမှန်နေတဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ရဖို့ရှိနေတာကြောင့် ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရှိပါ့မလားဆိုတာ စောင့်ကြည့်ရင်ခုန်ရပါမယ် . .. 

အီဘာ နှင့် ဗယ်လာဒိုလစ် (ကြာသပတေးည ၁၁း၀၀ နာရီ)
တန်းဆင်းအန္တရာယ်မကြုံစေဖို့ အီဘာလည်း အမှတ်လိုနေသေးတယ်။ ဒါကြောင့် အိမ်ကွင်းမှာ အမှတ်မဖြုန်းမိဖို့ ပိုအားထုတ်လာနိုင်တယ်။ ဗယ်လာဒိုလစ်ကတော့ စိတ်ချရတဲ့နေရာ ရောက်သွားပြီဖြစ်လို့ အခုပွဲကို ထိန်းကစားရုံပဲရှိမှာပါ။ အီဘာကို ပိုကြိုက်နေမိတယ်။ ဂိုးနည်းနိုင်တယ်။

myan789

ဘီလ်ဘာအို နှင့် လီဟာနက်စ် (သောကြာနံနက် ၁း၃၀ နာရီ)
လီဟာနက်စ်ရဲ့ တန်းမဆင်းရေး မျှော်လင့်ချက်က အဆုံးသတ်သလောက်ဖြစ်နေပါပြီ။ ဘီလ်ဘာအိုကတော့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ မျှော်လင့်ချက်အတွက် အတတ်နိုင်ဆုံး အမှတ်ရှာမယ့်ပုံပါပဲ။ အိမ်ကွင်းနောက်ဆုံးပွဲမှာလည်း ဆီဗီလာကို အရေးနိမ့်ထားလို့ အခုပွဲကိုတော့ ဘီလ်ဘာအို အမှတ်မဆုံးရှုံးအောင် ပိုသတိကြီးကြီးထားကစားလာမှာပါ။ လီဟာနက်စ်တို့ ဂုဏ်သိက္ခာပိုင်းအတွက် ကြိုးစားကစားလာဖို့ရှိနေပေမယ့် အိမ်ရှင်လည်းဖြစ်ပြီး အမှတ်ပိုလိုအပ်နေတဲ့ ဘီလ်ဘာအိုနဲ့ ဂိုးအများကိုပဲ ရွေးထားချင်မိတယ်။

ဘာစီလိုနာ နှင့် အိုဆာဆူနာ (သောကြာနံနက် ၁း၃၀ နာရီ)
ဘာစီလိုနာအတွက်တော့ ဒီအချိန်က ကိုယ့်လမ်းကိုယ် အကောင်းဆုံးလျှောက်နိုင်ဖို့ အာရုံစိုက်ထားရမယ့်အချိန်ဖြစ်နေတယ်။ ဒါကြောင့် အိမ်ကွင်းမှာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်ဖို့ပဲ ကြိုးစားလိမ့်မယ်။ အစဉ်အလာတွေအရလည်း အိုဆာဆူနာတို့ နူးကမ့်မှာ အိမ်ရှင်ကို ဂိုးပြတ်အရေးနိမ့်လေ့ရှိတတ်တာကိုလည်း ထည့်တွေးလိုက်ရင် အခုလည်း ဘာစီလိုနာကို ယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဘာစီလိုနာ ဂိုးပြတ်ကစားမယ့်ပွဲမျိုးပါပဲ။

ဘက်တစ် နှင့် အလာဗတ်စ် (သောကြာနံနက် ၁း၃၀ နာရီ)
ဒီပွဲက ဘက်တစ်ရဲ့တုံ့ပြန်လာနိုင်မှုကိုပဲ အလေးထားစဉ်းစားရမယ်ထင်တယ်။ တောက်လျှောက်ခြေကျလာတဲ့အလာ ဗတ်စ်ကတော့ တန်းဆင်းအန္တရာယ်မကြုံရစေဖို့အတွက် အစွမ်းကုန်ရုန်းမှာသေချာတယ်။ အမှတ်မလိုတဲ့ ဘက်တစ်ကြောင့် အလာဗတ်စ်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

ဆယ်လ်တာဗီဂို နှင့် လီဗန်တေး (သောကြာနံနက် ၁း၃၀ နာရီ)
တန်းဆင်းအန္တရာယ်နဲ့ကင်းစေရေး ဆယ်လ်တာဗီဂို အ မှတ်ရှာထားရဦးမယ့်အချိန် ဖြစ်နေတယ်။ ဒါပေမဲ့ လီဗန်တေးက လည်း အမှတ်မလိုတဲ့အသင်းဆိုပေမယ့် ပြိုင်ပွဲတွေပြန်ကစားချိန်မှာ ပြိုင်ဘက်တွေကို လွယ်လွယ်နဲ့ အမှတ်ခွဲပေးတာမျိုး မတွေ့ရဘဲ အကောင်းဆုံးတုံ့ပြန်ကစားနေတယ်။ ဆယ်လ်တာ ကလည်း ခြေစွမ်းသိပ်မငြိမ်တဲ့အပြင် အိမ်ကွင်းနောက်ဆုံး (၃)ပွဲ ဆက်လည်း သရေကျထားလို့ လီဗန်တေးသာ ပုံမှန်ကစားရင် နိုင်ပွဲရဖို့ မလွယ်ပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။ 

ဂီတာဖေး နှင့် အက်သလက်တီကို (သောကြာနံနက် ၁း၃၀ နာရီ)
ဒီပွဲက အက်သလက်တီကိုထက်စာရင် ဂီတာဖေးအတွက် အမှတ်ရဖို့ ပိုအရေးကြီးတဲ့ပွဲဖြစ်နေတယ်။ အက်သလက်တီကို ကတော့ သေချာသလောက်ရှိနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာသွားပြီဖြစ်လို့ ထိန်းကစားဖို့ပဲ ကြိုးစားပြီး လာမယ့် ချန်ပီယံလိဂ်အတွက်ပဲ ပြင်ဆင်နေလိမ့်မယ်။ ဒါပေမဲ့ ဂီတာဖေးက လက်ရှိမှာ ခြေစွမ်းက ပုံမှန်မရှိတဲ့အပြင် အရင်ကလို အိမ်ကွင်းမာကျောမှုမျိုးလည်း မတွေ့ရတော့ဘူး။ ဒီတော့ လက်ရှိခြေစွမ်းအရ အက်သလက်တီကိုဆီက အမှတ်ရအောင်ယူဖို့ဆိုတာ ဂီတာဖေးအတွက် အတော်လေးကို ခက်ခဲပါတယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ထင်တယ်။

မာယော့ကာ နှင့် ဂရန်နာဒါ (သောကြာနံနက် ၁း၃၀ နာရီ)
မာယော့ကာရဲ့ တန်းမဆင်းရရေးရုန်းအားနဲ့ ဂရန်နာဒါရဲ့ ယူရိုပါလိဂ်မျှော်လင့်ချက် အားပြိုင်ကြရမယ့်ပွဲပါပဲ။ အိမ်ကွင်း နောက်ဆုံးပွဲမှာ လီဗန်တေးကို အနိုင်ရအောင် ကစားထားနိုင်ပေမယ့် မာယော့ကာရဲ့ခြေစွမ်းက သိပ်အားရစရာတော့ မရှိလှ ပါဘူး။ ဂရန်နာဒါကလည်း မထင်မှတ်လောက်အောင် ခြေငြိမ်နေတဲ့အပြင် တိုက်စစ်က ဂိုးသွင်းနှုန်းလည်း တက်နေတဲ့အချိန် ဖြစ်လို့ ခံစစ်စိတ်မချရတဲ့ မာယော့ကာ အိမ်ကွင်းမှာ အမှတ်ရဖို့ မလွယ်ဘူးထင်တယ်။ ဂရန်နာဒါကိုပဲ ရွေးထားချင်တယ်။ ဂိုး လည်း များသွားလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဗီလာရီးယဲလ် (သောကြာနံနက် ၁း၃၀ နာရီ)
ပွဲစဉ် (၃၆)မှာသာ ဂရန်နာဒါကို နိုင်ထားခဲ့ရင် အခု ဗီလာရီးယဲလ်နဲ့ပွဲက ရီးယဲလ်မက်ဒရစ်အတွက် တရားဝင်ချန်ပီယံဖြစ် ခွင့် အဆုံးအဖြတ်ပွဲပါပဲ။ ဒီလိုအချိန်မျိုးမှာ ခြေတွေ့နေတဲ့ ဗီလာရီးယဲလ်လိုအသင်းနဲ့ ရင်ဆိုင်ရတာက ရီးယဲလ်အတွက် စိန်ခေါ် မှုတစ်ခုလို့လည်း ပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ ရီးယဲလ်ဟာ ချန်ပီယံပြေးလမ်းမှာ အမှားနည်းတဲ့ကစားပုံမျိုး တည်ဆောက်ထား နိုင်တယ်။ အနိုင်ရရေးကိုပဲ အဓိကဦးတည်ထားတဲ့ ကစားပုံကလည်း တောက်လျှောက်အလုပ်ဖြစ်နေခဲ့ပြီး  တစ်ဖက်မှာ ကံတရား ပံ့ပိုးမှုပါ ရထားတာက ရီးယဲလ်ကို ချန်ပီယံဆုဆီ တစ်ပွဲပြီးတစ်ပွဲ တွန်းပို့ပေးသလိုဖြစ်နေတယ်။ တစ်ဖက်က ဗီလာရီးယဲလ်ကလည်း လက်ရှိမှာ တည်ငြိမ်တဲ့ကစားပုံနဲ့ ကစားအားကို ပြထားတယ်။ လက်ရှိ ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းနဲ့ အစဉ်အလာရတော့ ရီးယဲလ်တို့ (၃)မှတ်အလွယ်တကူရမယ်မထင်ဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။

ဆိုစီဒက် နှင့် ဆီဗီလာ (သောကြာနံနက် ၁း၃၀ နာရီ) 
ဆိုစီဒက်ခြေစွမ်းကတော့ အားရစရာ ရောက်မလာနိုင်သေးဘူး။ ဘောလုံးပွဲတွေပြန်စချိန်မှာ ဆိုစီဒက်ရဲ့ ခြေစွမ်း၊ စိတ် ဓာတ်ပိုင်းနဲ့ ရလဒ်ပိုင်းတွေအားလုံး ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ တယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသေးလို့ အိမ်ကွင်းနောက်ဆုံးပွဲမှာတော့ အတတ်နိုင်ဆုံး ရုန်းပြမယ်ထင်တယ်။ ဆီဗီလာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမရှိ အောင် ကစားပြနေနိုင်ပေမယ့် အဝေးကွင်းမှာတော့ မျှော်လင့်ထားလို့ မရသေးဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဗလင်စီယာ နှင့် အက်စ်ပန်ညို (သောကြာနံနက် ၁း၃၀ နာရီ)
ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဗလင်စီယာတို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရအောင် ကြိုးစားမှာသေချာတယ်။ ရာသီ ကုန်ဆုံးချိန်နီးလာလို့လည်း အမှားခံမယ် မထင်တော့ဘူး။ အက်စ်ပန်ညိုကတော့ တန်းဆင်းသွားတဲ့အသင်းပီပီ ဘာမှမျှော် လင့်ထားလို့ မရတော့ဘူး။ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာ ဘက်ပေါင်းစုံက ကျဆင်းနေနိုင်တဲ့အချိန်မျိုး ဖြစ်နေတယ်။ ဒီ တော့ ဗလင်စီယာလို အိမ်ကွင်းမှာ အမှတ်ရှာနေတဲ့အသင်းနဲ့ ပွဲမှ ပြန်ပြီးထတောက်ပြဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။ အိမ်ကွင်းဖြစ်နေတာရယ်၊ အမှတ်လိုနေတဲ့ အခြေအနေရယ်ကို ပါထည့်တွက်ရင် ဗလင်စီယာရဲ့ပွဲပဲ ဖြစ်လိမ့်မယ်။ ဂိုးများမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular