လာမည့်နှစ်နွေရာသီတွင် PSG အသင်းမှ မက်ဆီ ထွက်ခွာဖွယ်ရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖွယ်ရှိ

အာဂျင်တီးနားနာမည်ကြီးတိုက်စစ်မှူး မက်ဆီသည် လာမည့်နှစ်နွေရာသီတွင် PSG အသင်းမှ ထွက်ခွာဖွယ်ရှိနေပြီး သူ၏ကလပ်အသင်းအနာဂတ်ကို ကမ္ဘာ့ဖလားအပြီး၌ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းများပေါ်ထွက်လျက်ရှိသည်။

မက်ဆီအနေဖြင့် ၂၀၂၁ နွေရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရောက်ရှိလာကာ (၂)နှစ် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ကလပ်အသင်းမှ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ကာ အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ESPN က ဖော်ပြခဲ့သည်။

myan789

The Sun ၏သတင်းတွင်မူ မက်ဆီအား လက်ရှိအချိန်တွင် မည်သည့်ကမ်းလှမ်းမှုမျှ ရှိမနေကြောင်းနှင့် ကစားသမားအနေဖြင့်လည်း အနာဂတ်အတွက် ခိုင်မာသည့်ရွေးချယ်မှု မရှိသေးကြောင်း ရေးသားထားသည်။

ထို့ပြင် ယင်းသတင်းတွင် PSGက တစ်နှစ်သက်တမ်းတိုးရန် ဆန္ဒရှိနေသည်ဟု ဖော်ပြထားသည်။ ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ရိုမီယူက မက်ဆီ အသင်းသို့ပြန်လာနိုင်ရေးသည် ဘဏ္ဍာရေးပိုင်းအရ ဖြစ်နိုင်ခြေရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။ မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် ပီကေးဆက်ရှိနေလျှင် အသင်းဟောင်းသို့ ပြန်မည်မဟုတ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ မက်ဆီသည် ဘာစီလိုနာကစားသမားဘ၀ နောက်ပိုင်းနှစ်များတွင် ပီကေးနှင့် ဆက်ဆံရေးတင်းမာခဲ့ပြီး စကားပြောဆိုခြင်းပင်မရှိကြောင်း သိရသည်။

မက်ဆီသည် ဂျမေကာအသင်းအား (၃-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် (၂)ဂိုးသွင်းယူပြီးနောက် သွင်းဂိုး(၉၀) ပြည့်မြောက်ကာ ဘောလုံးသမိုင်းတွင် နိုင်ငံလက်ရွေးစင် သွင်းဂိုး တတိယအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ်ရှိ မက်ဆီအနေဖြင့် မလေးရှားတိုက်စစ်မှူး မွတ်တားဒါဟာရီ (၈၈ ဂိုး)ကိုကျော်ဖြတ်ကာ တတိယနေရာသို့ ရောက်ရှိလာပြီး ထိပ်ဆုံးနှစ်နေရာတွင် စီရော်နယ်လ်ဒို(၁၁၇ ဂိုး)၊ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ(၁၀၉ ဂိုး)တို့က ရပ်တည်လျက်ရှိသည်။

၎င်းသည် ယခုနှစ်အတွင်း အာဂျင်တီးနားအတွက် ဟက်ထရစ်တစ်ကြိမ်အပါအဝင် သွင်းဂိုး (၁၀)ဂိုး အထိရှိလာခဲ့သည်။ အာဂျင်တီးနားအသင်းသမိုင်းတွင် တစ်နှစ်အတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ဘာတစ္စတူတာနှင့် မက်ဆီက (၁၂)ဂိုးစီဖြင့် ပူးတွဲပိုင်ဆိုင်ထားပြီး မက်ဆီက ၂၀၁၂ ခုနှစ်တွင် ၎င်းပူးတွဲပိုင်ဆိုင်ခဲ့သော ယင်း(၁၂)ဂိုးစံချိန်ကို ကျော်ဖြတ်ရန် ပိုမိုနီးစပ်လာခဲ့သည်။

ထို့ပြင် မက်ဆီသည် နိုင်ငံတကာခြေစမ်းပွဲ (၆)ပွဲဆက် ဂိုးသွင်းယူထားနိုင်ခဲ့ပြီး နောက်ဆုံးကစားထားသည့် (၃)ပွဲတွင် (၉)ဂိုးအထိ သွင်းယူထားနိုင်ကြောင်း သိရသည်။ မက်ဆီသည် အစောပိုင်းနှစ်ပွဲတွင် ပွဲချိန်ပြည့်ကစားခဲ့သော်လည်း ဂျမေကာနှင့်ပွဲ၌ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular