လမ်းပတ် ရဲ့ အရည်အချင်း အပေါ် ဝေဖန်ခဲ့တဲ့ ဒါရင်းဘန့်ရဲ့ မှတ်ချက် ကို တုန့်ပြန် ပြောဆိုလာတဲ့ #မယ်လ်ချော့

၂၀၁၉ – ၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံး ရာသီ ပြီးဆုံးသွားချိန်မှာတော့ ချဲလ်ဆီး အသင်း ဟာ အဆင့် ၄ နေရာ နဲ့ အဆုံးသတ်ခဲ့ကာ ၊ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ကိုလည်း ရရှိခဲ့ပါတယ် ။ ဒါ့အပြင် အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ကိုလည်း တက်ရောက်ခဲ့ပေမယ့် ၊ အာဆင်နယ် အသင်း ကို ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ကာ ၊ ဖလား ရမယ့် အခွင့်အရေး ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ် ။

အခုလို အဆင့် ၄ နေရာကို ချဲလ်ဆီး တို့ ရရှိခဲ့ခြင်း နဲ့ ပတ်သက်ပြီး လူအများ က ချဲလ်ဆီး မန်နေဂျာ ဖရန့် လမ်းပတ် ရဲ့ စွမ်းဆောင်ရည် အပေါ် အထူး ချီးကျူး ပြောဆိုခဲ့ကြပါတယ် ။ လမ်းပတ် ချဲလ်ဆီး အသင်း ကို စတင် ကိုင်တွယ်တဲ့ အချိန် ဟာ အားနည်းမှု များစွာ ရှိနေတယ် လို့ ဆိုရမှာပါ ။

myan789

ကစားသမားသစ် ခေါ်ယူခွင့် မရှိခြင်း ၊ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ အီဒင် ဟာဇတ် ကို လက်လွှတ်ခဲ့ရခြင်း ၊ ရှိရင်းစွဲ ကစားသမား တွေကို လူငယ် အကယ်ဒမီထွက် ကစားသမားတွေနဲ့ တွဲသုံးခဲ့ရခြင်း တွေကြောင့် လမ်းပတ် ရဲ့ ချဲလ်ဆီး အသင်း အတွက် အဆင့် ၄ နေရာ ကို စွမ်းဆောင် ပေးခဲ့ခြင်း ဟာ ချီးကျူးမှုတွေနဲ့ ပြည့်နှက်နေခဲ့ရခြင်း ဖြစ်ပါတယ် ။

အခုအခါမှာတော့ ချဲလ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ ကို ပိုပြီး အင်အား တောင့်တင်းတဲ့ အသင်း အဖြစ် စတင်ဖို့ အတွက် ထိပ်တန်း ကစားသမားသစ် တွေကို ခေါ်ယူနေပြီ ဖြစ်ပါတယ် ။ တိုက်စစ် နေရာ အတွက် အေဂျက်ဇ် မှ ဟာကင် ဇီယက်ချ် ၊ လစ်ပ်ဇစ် မှ တီမို ဗာနာ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ် ။

နောက်ထပ် ဖြည့်တင်းမှု တွေကိုလည်း ထပ်မံ မြင်တွေ့ရဖို့ ရှိတာကြောင့် လမ်းပတ် အနေနဲ့ လာမယ့် ရာသီမှာတော့ အောင်မြင်မှု တခုခု စွမ်းဆောင်ပေးနိုင်ဖို့ အရေးကြီးလာပြီ ဖြစ်ပါတယ် ။ တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ကတော့ လမ်းပတ် ရဲ့ အရည်အသွေး ကို ချီးကျူးနေကြတဲ့ သူတွေ အပေါ် အခုလိုပဲ မေးခွန်း ထုတ်ခဲ့ဖူးပါတယ် ။

ပြီးခဲ့တဲ့ ၂ရက် အလွန် က talksport ရဲ့ အစီအစဉ် တခုမှာ ဒါရင်းဘန့် က ” လူ အများစု ဟာ ဒီရာသီ ဖရန့် လမ်းပတ် ရဲ့ စွမ်းဆောင်ရည် အပေါ် ဇွတ်ချီးကျူးနေကြတာ ကို တွေ့ရပါတယ် ။ သူဟာ လူငယ် ကြယ်ပွင့် များစွာ ကို နေရာပေးခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် ဒါဟာ သူ မဖြစ်မနေ လုပ်ရမယ့် အရာ ဖြစ်လို့ သူ လုပ်လိုက်ရတာပါ ။ ”

” သူ အခက်အခဲ ကြုံတွေ့ရတဲ့ အခိုက်အတန့် တချို့ ၊ ရလဒ်ဆိုး ကြုံတွေ့ရတဲ့ အခိုက်အတန့် တချို့ မှာ လူတွေဟာ သူ့ဖက်ကနေ ဆင်ခြေပေးပြီး ကာကွယ်ပေးခဲ့ကြပါတယ် ။ အထူးသဖြင့် လူငယ် တွေကို နေရာပေးတဲ့ အချက် ကို အစွဲပြုပြီး လမ်းပတ် ဖက်က ရပ်တည်ပေးခဲ့ကြတာပါ ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ လာမယ့် ရာသီ ဟာ သူ့အတွက် လုံးဝ ကွဲပြားခြားနားမယ့် ရာသီ ဖြစ်လာမယ် လို့ ထင်ပါတယ် ။ သူတို့ဟာ လက်ရှိ ကလပ် အတွင်း လိုအပ်ချက် ရှိနေတဲ့ နေရာတိုင်း အတွက် ကစားသမားသစ် တွေနဲ့ ခေါ်ယူ အားဖြည့်မှာလား ? လူငယ် ကစားသမား တွေကရော လာမယ့် ရာသီ မှာ နေရာ ရပါဦးမလား ? ”

” သူ့လုပ်ဇာတ် က သူ့ကို ပြန်ပြီး သက်ရောက်မှု ရှိလာနိုင်ပါတယ် ။ လူတွေက အဲ့ဒီ အချိန်ကျမှ မနှစ်က မင်းဟာ လူငယ် တွေကို နေရာပေးခဲ့ပြီး ၊ ဒီနှစ်မှာ လူငယ် တွေ ဘယ်ရောက်သွားလဲ ဆိုပြီး မေးခွန်း ထုတ်တော့မှာပါ ။ အခု အချိန် ဟာ ချဲလ်ဆီး အသင်း အတွက် ချက်လက်မှတ် နဲ့ ကစားသမားသစ် တွေကို အကန့်အသတ် မရှိ ခေါ်လို့ ရတဲ့ အချိန် ဖြစ်ပါတယ် ။ ” လို့ ဝေဖန်ခဲ့ပါတယ် ။

ဒါရင်းဘန့် ရဲ့ မှတ်ချက် ကို ပြန်လည် တုန့်ပြန်တဲ့ အနေနဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း မာရီယို မယ်လ်ချော့ က Talksport ရဲ့ Sport Breakfast အစီအစဉ် မှာ ” ဖရန့် အတွက် ဒီရာသီ က ကြီးကျယ်တဲ့ နှစ်တနှစ် ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ အက်ဖ်အေ ဖလား ချန်ပီယံဆု ကို အရယူခဲ့သင့်တယ် လို့ လူတွေက ဝေဖန်ထောက်ပြကြမှာပါ ။ ”

” ဒါပေမယ့် ဖလား ရတာ မရတာ က ဖရန့် ရဲ့ စွမ်းဆောင်ရည် ကို ဘာမှ အကဲဖြတ်မပေးနိုင်ပါဘူး ။ ရာသီ မစတင်ခင် အချိန် ကို ကြည့်ရင် ချဲလ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံခဲ့ရတယ် ၊ ဒီလို အနေအထား မှာတောင် ဖရန့် ဟာ အငှား က ပြန်လာတဲ့ ကစားသမား တွေကို အသုံးပြုခဲ့တဲ့ အပြင် ၊ အကယ်ဒမီထွက် လူငယ် တချို့ ကို ပြန်ပြီး နေရာပေးခဲ့ပါတယ် ။ ”

” ခင်ဗျား သေချာ စဉ်းစားကြည့်မယ် ဆိုရင် သာမန် မန်နေဂျာ တယောက် အတွက် ဒီ အခြေအနေမျိုး ကို အချိန်တို အတွင်း ကိုင်တွယ် ဖြေရှင်းဖို့ ဆိုတာ မလွယ်ပါဘူး ။ ဖရန့် ဟာ လက်ရှိ ကစားသမား အင်အား နဲ့ အတူ ချဲလ်ဆီး အသင်း အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင် ပေးခဲ့သလို ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ကို ပို့ဆောင် ပေးခဲ့တာ ဖြစ်ပါတယ် ။ ”

” ဒီ အချက် တွေကသာ မန်နေဂျာ တယောက် ရဲ့ ဘောလုံး ရာသီ ဖြတ်သန်းမှု ကောင်းမကောင်း ကို အဆုံးအဖြတ် ပေးတာ ဖြစ်သလို ၊ ဒါတွေဟာ ဖရန့် အတွက် ချီးကျူး ဂုဏ်ပြုစရာ ကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ် ။ ” လို့ တုန့်ပြန် ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular