လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ တဦးတည်းသော ဒဏ်ရာရ ကစားသမားရဲ့ နောက်ဆုံးရ အခြေအနေ ကို အသိပေးလာတဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲမှာ international break အတွင်း ဘရာဇီး လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ၂ပွဲ နွှဲထားခဲ့တဲ့ ဝါရင့် ဗဟို ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကို ပွဲပန်းဒဏ် ၊ ခရီးဒဏ်ကြောင့် အနားပေးခဲ့ပါတယ် ။

ဒါ့အပြင် ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာလည်း ညာခြေထောက် ဒဏ်ရာကြောင့် ဆောက်သမ်တန် နဲ့ ပွဲကို လွဲချော်ခဲ့ပေမယ့် ၊ မနေ့ကတော့ ချဲလ်ဆီး အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ပြန်လည် ပါဝင်လာပါပြီ ။ ဒီတော့ လောလောဆယ် မှာ ချဲလ်ဆီး အသင်း အတွင်း ဒဏ်ရာရ ကစားသမား တဦးသာ ရှိလို့ နေပါတော့တယ် ။

myan789

သူကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ပြီးဆုံးခါနီး ၊ တံကောက်ကြော ဒဏ်ရာ ရထားတဲ့ စကော့တလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ပဲ ဖြစ်ပါတယ် ။ ၎င်းဟာလည်း အခြေအနေ အတော်လေး ကောင်းလာတယ် လို့ သိရပြီး ၊ လာမယ့် ရက်သတ္တပတ် ၃ပတ် အတွင်း မှာ လေ့ကျင့်မှုတွေ ပြန်လည် စတင်နိုင်မယ် လို့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဆိုပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” ဘီလီ ရဲ့ ဒဏ်ရာ က အတော်လေး တိုးတက် ကောင်းမွန် လာပါပြီ ။ ပြန်လာဖို့ ၃ပတ်သာသာပဲ လိုပါတော့တယ် ။ လောလောဆယ် မှာတော့ သူဟာ ကြံ့ခိုင်ရေး နည်းပြ တဦး နဲ့ သီးသန့် လေ့ကျင့်မှုတွေ လုပ်နေပါတယ် ။ ”

” မကြာခင်မှာ ယူ ၂၃ အသင်း နဲ့ ပူးပေါင်းပြီး ၊ အသင်းလိုက် လေ့ကျင့်မှုတွေ ပြန်လည် စတင်နိုင်ဖို့ ၊ ပွဲကစားချိန် မိနစ် အနည်းငယ် ထပ်ရဖို့ မျှော်လင့်ပါတယ် ။ နောက်ထပ် နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ အပြီး ( သို့မဟုတ် ) ၄ပတ်လောက် ဆိုရင်တော့ ဒဏ်ရာ ကင်းကင်းရှင်းရှင်း ပြန်ဖြစ်လာတော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာ ဘိုင်ယန်မြူးနစ် အသင်း ကို ၂ကျော့ပေါင်း ၇ – ၁ နဲ့ ပြတ်ပြတ်သားသား အရေးနိမ့်ကာ ထွက်ခွာခဲ့ရတဲ့ ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် လက်ရှိ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီးလား အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

တဆက်တည်းမှာပဲ လမ်းပတ် က ကွင်းပိတ် ကစားရတဲ့ အခြေအနေ က ထိပ်တန်း အဆင့် ပြိုင်ပွဲတွေမှာ ကလပ် တသင်း နဲ့ တသင်း ကြားက ခြေစွမ်းခြားနားမှု ကို လျှော့ချပေးနိုင်တယ် ဆိုတဲ့ မှတ်ချက် ကိုလည်း အခုလိုပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘိုင်ယန်မြူးနစ် အသင်း ကို ကပ်ပြီး ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး ။ ပွဲချိန် အတွင်း ခြေစွမ်း အပေါ် အချက်အလက် ကျကျ ပြောကြေးဆိုရင်တော့ ၂ကျော့လုံးမှာ ကျွန်တော် တို့ဟာ ပထမပိုင်း အတွင်း အခွင့်အရေး ရလျက်နဲ့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ။ ”

” ဒုတိယပိုင်း မှာတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ရတဲ့ အခွင့်အရေးတွေကနေ ၂ဂိုး ၊ ၃ဂိုး ထပ်သွင်းပြီး ပွဲကို လျင်လျင်မြန်မြန် အဆုံးသတ်နိုင်ခဲ့တာပါပဲ ။ ပွဲအပေါ် အာရုံစိုက်မှု နဲ့ စည်းကမ်းပိုင်း လိုက်နာမှု အကြောင်းတွေကို ပြောရရင် ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာ ဒီ အချက် တွေက ပိုပြီး အရေးပါတယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သတိထားမိပါတယ် ။ ”

” မနက်ဖြန်ည ဆီဗီးလား နဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် အသင်းသား တွေကို ဒီလို အသိမျိုး ထည့်ဖို့ ကျွန်တော် ပြောပြသွားပါမယ် ။ ပရိသတ် မပါပဲ ကစားရတဲ့ အနေအထား မှာ ပြိုင်ဖက် တသင်း နဲ့ တသင်း အကြား အရည်အသွေး ကွာဟချက် သိပ်မရှိတော့တာနဲ့ ပတ်သက်ပြီး လောလောဆယ် မှာတော့ ခင်ဗျား တို့ကို အဖြေပြန်ပေးဖို့ ခက်တယ်ပဲ ပြောရပါမယ် ။ ”

” ဒါပေမယ့် ဒီကာလ အတွင်း ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ဂိုးအပြန်အလှန် သွင်းတဲ့ ပွဲတွေကို ကြည့်ရင် အရင်ကနဲ့ တခုခု ကွာခြားမှု ရှိနေတယ် ဆိုတာကိုတော့ သိရမှာပါ ။ ပရိသတ် တွေ မပါပဲ ကစားရတာ ဟာ အသင်း ရဲ့ စွမ်းဆောင်ရည် အပေါ် တစိတ်တပိုင်း သက်ရောက်မှုတော့ ရှိစေနိုင်ပါတယ် ။ ခုနက ပြောသလို အခြေအနေ တွေက အရင်ကနဲ့ ကွဲပြားသွားသလား ဆိုတော့ အဖြေ အတိအကျ ကို ကျွန်တော် မပေးနိုင်ဘူး လို့ပဲ ဆိုပါရစေ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular