လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရတာ အနှစ်သက်ဆုံးက ဘယ်အသင်းလဲဆိုတာ ပြောပြလိုက်တဲ့ မော်ရင်ဟို

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေ တုန်းက ရလဒ်တွေ ဆိုးရွား နေခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ မနေ့ညက အိမ်ကွင်းမှာ တိုက်စစ် ကစာပုံ ကောင်းမွန်တဲ့ ဝုလ်ဗ် အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် သွင်းဂိုး တွေကို ဟယ်ရီကိန်း ( p ) ၊ ဆွန်ဟောင်မင်း ၊ အက်ဒါဝီရယ် တို့က ပွဲကစားချိန် မိနစ် 50 အတွင်း သွင်းယူ ပေးနိုင် ခဲ့ကြ ပါတယ် ။ အခုတော့ တော့တင်ဟမ် တို့ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့် နိုင်ခဲ့ ပါပြီ ။

myan789

ဒါ့အပြင် မော်ရင်ဟို ဦးဆောင်တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ အခုလို နိုင်ပွဲ နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 3 နေရာ အထိ တစ်ဖန် ပြန်လည် တက်လှမ်း လာနိုင်ခဲ့ ပါပြီ ။ အခုတော့ တော့တင်ဟမ် တို့ဟာ လီဗာပူး ၊ ယူနိုက်တက် အသင်း တွေနဲ့ 4 မှတ်သာ ကွာဟ နေပါ တော့တယ် ။

တော့တင်ဟမ် တို့ဟာ လာမယ့် ရက်စွဲတွေ မှာတော့ ဘရန့်ဖို့ဒ် အသင်း နဲ့ ကာရာဘောင်း ဖလား ပွဲစဉ် ကစား သွားရဖို့ ရှိနေ သလို နောက် တစ်ပွဲ အဖြစ် မာရင်း အသင်း နဲ့ FA ဖလား ပွဲစဉ် ကစားသွား ရမှာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ နဲ့ ဆက်လက် ကစားရပါ လိမ့်မယ် ။

အခုတော့ မော်ရင်ဟို က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လွယ်ကူတဲ့ ပွဲစဉ် ဆိုတာ မရှိကြောင်း ၊ လိဒ်စ် ဟာ ပြသနာတွေ ပေးစွမ်း နိုင်တဲ့ အသင်းမျိုး ဖြစ်ကြောင်း ပြောကြားရင်း နောက် တစ်ပါတ်မှာ ရင်ဆိုင် ရမယ့် အက်စတွန် ဗီလာ အသင်းက လက်ရှိ အချိန်မှာ သူ့ရဲ့ ဖေးဘရိတ် အသင်း ဖြစ်ကြောင်း ဝန်ခံ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ ထိပ်သီး 6 သင်းနဲ့ ရင်ဆိုင် ကစားပြီး ခဲ့တဲ့ အချိန်မှာ လူတွေက ရှေ့ဆက်ပြီး လွယ်ကူတဲ့ ပွဲစဉ်လေးတွေ လာတော့မယ်လို့ ပြောဆို နေခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော်က သူတို့ တွေရဲ့ ပြောစကားတွေ အပေါ်မှာ အယုံအကြည် လုံးဝ မရှိခဲ့ ပါဘူး ”

” လိဒ်စ် ဆိုတာက ပြိုင်ဖက်တိုင်းကို ပြသနာ ပေးစွမ်း နိုင်တဲ့ အသင်းမျိုးပါ ။ ပြီးတော့ နောက်တစ်သင်း… ကျွန်တော်တို့ ဆက်လက် ရင်ဆိုင် ကြရမယ့် အက်စတွန် ဗီလာ အသင်းက လက်ရှိ အချိန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကျွန်တော် စောင့်ကြည့် ရတာ အနှစ်သက်ဆုံး အသင်း ပါပဲ ”

” သူတို့က ကျွန်တော် စောင့်ကြည့် ရတာ အနှစ်သက်ဆုံး ပြိုင်ဖက် အသင်း ပါပဲ ။ သူတို့ တွေက ကစားသမားကောင်းတွေ အများကြီးနဲ့ စုဖွဲ့ ထားပြီး နည်းပြကောင်း တစ်ဦးရဲ့ ဦးဆောင်မှုကို ရရှိ နေကြတဲ့ အသင်းကောင်း တစ်သင်းပါပဲ ။ အဲ့တာက ကျွန်တော် တို့ကို ရှေ့ဆက် ကစားဖို့ စောင့်မျှော် နေပါပြီ ” လို့ မော်ရင်ဟို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အက်စတွန် ဗီလာ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တန်းဆင်းဇုန် မှ ပွတ်ကာသီကာ ကပ်လွတ်ခဲ့ ရတဲ့ အသင်း တစ်သင်း ဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြိုင်ဖက် အသင်း တွေထက် ပွဲစဉ် တစ်ပွဲ လျှော့ကစားထားချိန် ရမှတ် 26 မှတ် အထိ စုဆောင်း ထားနိုင် ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 7 နေရာမှာ ရပ်တည် နိုင်ခဲ့ကြ ပါတယ် ။

အကယ်လို့ ပွဲကျန် တစ်ပွဲ ကိုသာ အနိုင် ကစားလိုက်မယ် ဆိုရင် ဗီလာ တို့ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရပ်တည် နိုင်မှာပဲ ဖြစ်ပါတယ် ။ ဗီလာတို့ဟာ ဒီတစ်ပါတ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ကပ်ရှုံးခဲ့ပေမယ့် ပြိုင်ဖက် အသင်းကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ပေးဆောင် နိုင်ခဲ့တဲ့ အသင်း ဖြစ်ခဲ့ကြ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular