လက်စတာရဲ့အမှားတွေကို အသုံးချခဲ့တဲ့ ယူနိုက်တက်

လက်စတာ ၀-၂ မန်ချက်စတာယူနိုက်တက်

ရလဒ်လည်းကောင်းတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရတာလည်း ကျေနပ်စရာကောင်းတယ်။ အဆင့် (၃)နေရာမှာပါ ရပ်တည်နိုင်ခဲ့တဲ့အတွက် ဘယ်သူတွေ ဘယ်လောက်ဝေဖန်ဝေဖန် ဆိုးလ်ရှား တာဝန်ကျေပါတယ်။ ယူနိုက်တက်ရဲ့အနေအထားက မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို မီဖို့ခက်နေသေးတဲ့အနေအထားမှာ ဒီနှစ်သင်းကို ဖယ်လိုက်ရင် ကျန်အသင်းတွေအားလုံးရဲ့ထိပ်ဆုံးမှာ သူရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံး (၃၊ ၄)ပွဲလောက်မှာကစားခဲ့တဲ့ ခြေစွမ်းကနေ ပြသနေတဲ့အရာက ဒီအသင်းမှာ အား နည်းချက်တွေအများကြီးရှိနေဆဲပါ။ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းက သိသိသာသာကျဆင်းသွားတယ်။ ပေါ့ဘာရဲ့ အရည်အသွေးက မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။ အသင်းရဲ့ခံစစ်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေခဲ့တဲ့ မက်ဂွိုင်းရားနဲ့ ဝမ်ဘစ်ဆာကာတို့လို ကစားသမားတွေတောင် နောက်ပိုင်းပွဲတွေမှာ အားရစရာမဖြစ်ခဲ့ဘူး။ ဒီအသင်းနဲ့ လာမယ့်ရာသီဆက်သွားမယ်ဆိုရင် အဆင့် (၃)နေရာအတွက်တောင် ပိုခက်ခဲသွားနိုင်တယ်။

myan789

လက်စတာကတော့ ယူနိုက်တက် ညံ့ပေမယ့် နိုင်ပွဲရသင့်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ အခွင့်အရေးတွေရခဲ့တာမှန်ပေမယ့် နိုင်သင့်လျက်နဲ့ ရှုံးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးမရခဲ့ဘူး။ လီဗာပူးလ်ကို ဖိအားပေးတဲ့အခြေအနေကနေ မန်စီးတီးအထက်မှာ ရပ်တည်တဲ့အခြေအနေဖြစ်တယ်။ နောက်တော့ မန်စီးတီးကျော်တက်တာကို ခံရတဲ့အပြင် ယူနိုက်တက်၊ ချယ်လ်ဆီးတို့ရဲ့ကျော်တက်တာကိုပါ ခံလိုက်ရတာက ရင်နာစရာပါ။ ဒါပေမဲ့ တကယ်တမ်းတွေးကြည့်ရင်တော့လည်း ဗာဒီတစ်ဦးတည်းအပေါ်မှာ မှီခိုထားရတဲ့ တိုက်စစ်နဲ့ ဂိုးသွင်းနှုန်းအားအရ ရေရှည်မှာ ဒီလိုဖြစ်မှာပဲ။ ပိုဆိုးတာက ရာသီပိတ်အရေးကြီးကာလတွေမှာ ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့တာ။ နောက်ဆုံး(၃)ပွဲကို အနီကတ်ပြစ်ဒဏ်နဲ့ အဓိကနောက်ခံလူ ဆိုယွန်ဂျူ လွဲချော်ခဲ့တာတွေက လက်စတာကို ချည့်နဲ့စေခဲ့တယ်။ တစ်ရာသီ လုံးပွဲထွက်ခွင့်မရခဲ့တဲ့ ဝက်စ်မော်ဂန်က ရာသီပိတ်ပွဲစဉ်တွေမှာ ဝင်ကစားခဲ့ရပြီး လုံလောက်တဲ့ခြေစွမ်းကို မပြသနိုင်ခဲ့ဘူး။ ယူနိုက်တက်နဲ့ ပွဲမှာရှုံးခဲ့ခြင်းအတွက်တော့ သူတို့ကို အပြစ်တင်စရာမလိုပါဘူး။

ကွင်းလယ်မှာ ဘောလုံးပျက်သွားတဲ့ ချောင်ဒူရီ ရဲ့ အမှားနဲ့ နောက်ဆုံးဂိုးက ကက်စပါရှမိုက်ကယ်ရဲ့အမှားတွေကြောင့် ပေးလိုက်ရတာဖြစ်တယ်။ ဒါပေမဲ့ လက်စတာလည်း ဒီလူစာရင်းအတိုင်းဆိုရင် လာမယ့်ရာသီမှာ စပါး၊ အဲဗာတန်၊ အာဆင် နယ်တို့လိုအသင်းတွေရဲ့အထက်မှာ ရပ်တည်ဖို့ ရုန်းကန်ရနိုင်ပါတယ်။ လက်စတာ-ယူနိုက်တက်ပွဲဟာ အရေးကြီးပွဲတစ်ပွဲဆိုပေမယ့် နှစ်သင်းစလုံးရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ဘဲ နှစ်သင်းစလုံးရဲ့အားနည်းချက်တွေကို မြင်ခဲ့ရတဲ့ပွဲဖြစ်တယ်။ ယူနိုက်တက်အသင်းဟာ အမှားတွေများခဲ့သလို၊ လက်စတာကလည်း အားပျော့လွန်းတယ်။ အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ စွမ်းရည်မရှိခဲ့ဘူးလို့ပဲ ပြောရမယ်။ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးက မာစီယဲလ်ကြောင့်ရတဲ့ ပယ်နယ်တီကို (၇၁) မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ လူစားဝင်လာတဲ့ လင်ဂတ်က (၉၀) မိနစ်မှာ ကက်စပါရှမိုက်ကယ်ဆီက လုယူပြီး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular