ရှုံးပွဲအတွက် အကျီအနက် နဲ့လူကို အပြစ်ဖို့ ခဲ့တဲ့ အိုလေဂန်နာ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား ဟာ ယမန်နေ့ ညက ရှက်ဖီး ယူနိုက်တက် ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် တွေကို ဝေဖန် သွားခဲ့ ပါတယ် ။ မန်ယူနိုက်တက် ဟာ ရှက်ဖီး ကို အိမ်ကွင်း မှာ ဧည့်ခံ ကစား ခဲ့ပြီး ၂ – ၁ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ ဒါဟာ အဆင့် ၂၀ က ရှက်ဖီး ကို ဒီရာသီ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ကို ရရှိ သွားစေ ခဲ့တာ ဖြစ်ပါတယ် ။

ရှက်ဖီး ဟာ ပထမပိုင်း မိနစ် ၂၀ ကျော် မှာ ဦးဆောင်ဂိုး စရခဲ့ပြီး ထောင့်ကန်ဘော ကတဆင့် ကီယန် ဘရိုင်ယန် က ခေါင်းတိုက် သွင်းယူ ခဲ့တာ ဖြစ် ပါတယ် ။ ဒုတိယပိုင်း မှာတော့ ဟယ်ရီ မက်ဂွဲယား က မန်ယူနိုက်တက် အတွက် ပြန်လည် ချေပပေး ခဲ့ပေမယ့် အိုလီဗာ ဘက် က ရှက်ဖီး အတွက် အနိုင်ဂိုးကို ပြန်လည် သွင်းယူ သွားခဲ့ ပါတယ် ။

myan789

ဆိုးရှား ကတော့ ကွင်းလယ်ဒိုင် ပီတာ ဘန့် ရဲ့ ဆုံးဖြတ်ချက် အမှား ၂ ခု ဟာ ဒီပွဲ ကို ရှုံးနိမ့် စေခဲ့ တာ ဖြစ်ပြီး ရှက်ဖီး ရဲ့ အဖွင့်ဂိုး ဟာ ခွင့်မပြု ခဲ့သင့်သလို ပထမပိုင်း မှာ သူတို့ ရတဲ့ ချေပဂိုး ကို ပယ်ဖျက် ခဲ့တာလည်း မှားယွင်း တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် လို့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ဒါက ဖောင်းဘောပါ ( ထောင့်ကန်ဘော ကန်တင် ချိန် မှာ ဒီဂီယာ ကို ဘီလ်ရှပ် တွန်းဖက်ထားမှု ) ။ ဘီလ်ရှပ် က ဒီဂီယာ ကို တွန်းလိုက်တာပါ ။ ဒါကြောင့် သူ ဘောလုံးကို ထိအောင် မခုန် နိုင်တော့ ပါဘူး ။ ဒါက ပြစ်ဒဏ်ဘော ပေးရမယ့် အနေအထား ပါ”

“ဒီဂိုး ကို ခွင့်ပြုတယ် ဆိုရင် မာရှယ် ရဲ့ ချေပဂိုး ကိုလည်း ပေးရမှာပါ ။ မက်ဂွဲယား က ဘာမှ အပြစ် မလုပ် ခဲ့ ပါဘူး ။ ( ခေါင်းခုန် တိုက်ချိန်မှာ ရှက်ဖီး ဂိုးသမားကို တိုက်မိ ခဲ့ပြီး ဂိုးသမား မိလုနီး ဘောလုံး ပြုတ်ကျသွားမှု ) ဒါပေမယ့် ဒါမျိုး ဆုံးဖြတ်ချက်တွေ က ရာသီတိုင်း လိုလို ဖြစ်နေကျပါ ။ ဆုံးဖြတ်ချက်တွေ က ခန့်မှန်းလို့ မရနိုင် ပါဘူး ။ ဒီနေ့ည မှာတော့ သူ အမှား ၂ ခု လုပ်ခဲ့ ပါတယ်” လို့ ဆိုးရှား က ပြောဆို သွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီည ပွဲမှာ ကစားပုံ မကောင်းခဲ့ သလို ရှက်ဖီး ရဲ့ အမှား နည်းတဲ့ ခံစစ် ကြောင်း ကိုလည်း မထိုးဖောက် နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် ဆိုးရှား ကတော့ သူ့ရဲ့ ကစား သမားတွေ ထက် ဆုံးဖြတ်ချက် အမှားတွေ ကိုသာ အဓိက အပြစ်တင် သွားခဲ့ ပါတယ် ။

“မပေးသင့် တဲ့ ဂိုးတွေ ကို ပေးလိုက် ရပြီ ဆိုရင် ပွဲက ခက်ခဲ သွားတတ် ပါတယ် ။ ကျွန်တော်တို့ ဖန်တီးမှု တွေ အများကြီး မလုပ် နိုင်ခဲ့ သလို သူတို့ ( ရှက်ဖီး ) နောက်တန်း ကိုလည်း မထိုးဖောက် နိုင်ခဲ့ ပါဘူး ။ မှားယွင်း တဲ့ ဆုံးဖြတ် ချက်တွေကလည်း နစ်နာ စေခဲ့ ပါတယ်”

“ဒုတိယဂိုး ပေးလိုက်ရပုံက တော်တော်လေး ပေါ့ဆ လွန်းပါတယ် ။ ဒါကို သေချာ ဆွေးနွေးသွား မှာပါ ။ ဒီလို အံ့သြ စရာ ရလဒ်တွေ က နှစ်တိုင်း ရှိပါတယ် ။ ကျွန်တော်တို့ အသင်းမှ မဟုတ်ပါဘူး ။ ဒါကြောင့် ကျွန်တော့ အတွက်တော့ ဒါဟာ အရမ်းကြီး စိတ်ပျက်စရာ မဟုတ်တာ အသေအချာ ပါပဲ ။ မနိုင်လို့ စိတ်မကောင်း ဖြစ်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာ မှာပါ” လို့ ဆိုးရှားက BT Sport ကို ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေ နေ့ မှာတော့ ပုံစံကောင်းတွေ ရပြီး နိုင်ပွဲတွေ ဆက်နေတဲ့ အာဆင်နယ် အသင်း ကို အီးမရိတ် မှာ ယှဉ်ပြိုင် ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular