ရှုံးပွဲမရှိ မှတ်တမ်း အိမ်ကွင်းမှာ ရပ်တန့်သွားခဲ့တဲ့ အငြင်းပွားဖွယ် ပွဲစဉ်မှ သူနဲ့ ဘီလီရှပ်ရဲ့ အဖြစ်အပျက်အပေါ် နှိုင်းယှဉ် ပြောဆိုရင်း ဝေဖန်မှု ပြုလုပ်သွားတဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ရှက်ဖီး ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် ခဲ့ရ ပါတယ် ။ ဒါက အာဆင်နယ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 13 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တဲ့ ယူနိုက်တက် အတွက် မှတ်တမ်းကောင်း ရပ်တန့်ခြင်း ဖြစ်ခဲ့ရ ပါတယ် ။

ဒီပွဲ မှာတော့ ရှက်ဖီး ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ပထမပိုင်းမှာ (23′) ကွင်းလယ်လူ ဘရိုင်ယန်က ခေါင်းတိုက် သွင်းယူ ပေးခဲ့ ပါတယ် ။ ဒါပေမယ့် အဆိုပါ အဖြစ်အပျက်မှာ ရှက်ဖီး တိုက်စစ်မှူး ရှပ်က ဒီဂီယာကို တွန်းဖက် ထားချိန်မှာ ဘရိုင်ယန်က ဖိအားပေး ခေါင်းတိုက် ခဲ့တာက ပြစ်ဒဏ်ဘော ဖြစ်ခဲ့ သင့်လား ၊ ဂိုးရော ပေးသင့်လားဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ် နေဆဲပဲ ဖြစ်ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ ဘရိုင်ယန် ရဲ့ အဖြစ်ကို ဂိုး ပေးခဲ့မယ် ဆိုရင် မက်ဂွားယား နဲ့ ရမ့်စ်ဒေးလ် တို့ကြောင့် မာရှယ် ရရှိ ခဲ့တဲ့ ဂိုးကိုလည်း ပေးသင့်ကြောင်း ပြောဆိုသူတွေ များပြားလာခဲ့ကြ ပါတယ် ။ ဒါ့အပြင် ပွဲစဉ် အတွင်း ဖြစ်ပွား ခဲ့တဲ့ အဖြစ်အပျက် နှစ်ခု အတွက် အငြင်းပွားဖွယ် ဆုံးဖြတ် ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ပီတာ ဘန်ကတ်စ် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်သူတွေလည်း များခဲ့ကြ ပါတယ် ။

ယူနိုက်တက် အသင်း အတွက် ခြေပဂိုး ကိုတော့ ဒုတိယပိုင်း ပွဲချိန် 64 မိနစ်မှာ အသင်း ခေါင်းဆောင် မက်ဂွားယား က ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး ရှက်ဖီး အတွက် အနိုင်ဂိုး ကိုတော့ 10 မိနစ် အကြာမှာပဲ လူစားဝင် ခဲ့တဲ့ တိုက်စစ်မှူး ဘူရ်ကီ က အခွင့်အရေးကို အသုံးချ ကန်သွင်း ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါက အမှတ်ပေး ဇယား အောက်ဆုံးက ရှက်ဖီး အတွက် ဒီရာသီ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ၊ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား က ပြိုင်ဖက် ကွင်းလယ်လူ ဘရိုင်ယန် ရဲ့ ခေါင်းတိုက်မှုကို ဂိုး အဖြစ် သတ်မှတ် ပေးခဲ့ပြီး သူ နဲ့ ရမ့်စ်ဒေးလ် ကြောင့် မာရှယ် ဂိုးသွင်း ခဲ့တာကို ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ် ပေးသွား ခဲ့တဲ့ ကွင်းလယ်ဒိုင် ဘန်ကတ်စ် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” ဒါက မယုံနိုင်စရာ ပါပဲ ။ ကျွန်တော် လုပ်ခဲ့တာ နဲ့ ယှဉ်လိုက်မယ် ဆိုရင် ဘီလီ ရှပ် ရဲ့ လုပ်ဆောင်ချက် က ဖောင်းဘော ပိုပြီး ဆန်ခဲ့တယ် ဆိုတာ သံသယ ဖြစ်စရာ အကြောင်းကို မရှိ ပါဘူး ။ လူတွေက နှစ်ခုလုံးဟာ ဖောင်းဘော မဟုတ်ဘူးလို့ ပြောဆိုကောင်း ပြောဆို ကြပါ လိမ့်မယ် ။ ဒါပေမယ့် မဟုတ်ပါဘူး ၊ ဒေးဗစ် ရဲ့ အဖြစ်အပျက် က ဖောင်းဘော မဟုတ်ဘူးလို့ ပြောလို့ မရနိုင်ပါဘူး ”

” ကျွန်တော့် အဖြစ်အပျက်မှာ ကျွန်တော် ခုန်ခဲ့ ပါတယ် ။ ဒါက ဂိုးသမားကို ထိရော ထိမိလား ဆိုတာတောင် ကျွန်တော် မသိခဲ့ ပါဘူး ။ သူကတော့ ကျွန်တော့် နောက်ကျောကို လာထိခဲ့ ပါတယ် ။ ကျွန်တော့်ရဲ့ လက်တွေ ကလည်း သူ့ကို ထိတွေ့မှု မရှိခဲ့ ပါဘူး ။ ကွင်းလယ်ဒိုင် အနေနဲ့ ဒါကို ပြန်ကြည့်လိုက်မယ် ဆိုရင် အမှား လုပ်ခဲ့တယ် ဆိုတာကို သိပါ လိမ့်မယ် ” လို့ ဟယ်ရီ မက်ဂွားယား က ဝေဖန် သွားခဲ့လိုက် ပါတယ် ။

အဆိုပါ ရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား အဆင့်တစ် နေရာကို မန်စီးတီး ထံမှ ပြန်လည် မလုယူ နိုင်ခဲ့ပဲ အဆင့် နှစ် အဖြစ် နဲ့သာ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။ အခြား တစ်ဖက် မှာတော့ မန်စီးတီး အသင်းက တစ်ပွဲ ကစားရဖို့ ကျန်နေ သေးတဲ့ အနေအထား တစ်ရပ်မှာ ယူနိုက်တက် တို့ကို တစ်မှတ် ဖြတ်ထား နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular