ရှက်ဖီးယူနိုက်တက်အား ဂိုးပြတ်ရှုံးနိမ့်မှုကို မေ့ပစ်မည်မဟုတ်ဟုလမ်းပတ် ဆိုခဲ့ပြီး စွမ်းဆောင်ရည်ကျသော ချယ်လ်ဆီးကစားသမားများအား သတိပေး

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းအား အဝေးကွင်း၌ (၀-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ယင်းပွဲမှ သင်ခန်းစာများစွာရရှိခဲ့ကြောင်း၊ ယင်းပွဲကို မိမိ မေ့ဖျောက်ပစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လမ်းပတ်က ယင်းပွဲတွင် ကစားခဲ့သောချယ်လ် ဆီးကစားသမားများ၏ ခြေစွမ်းမှာလည်း ပုံမှန်အောက်တွင်သာရှိကြောင်း သတိပေးပြောကြားခဲ့သည်။

myan789

ချယ်လ်ဆီးအသင်းသည် ယင်းပွဲတွင် ပထမပိုင်းအပြီးမှာပင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းက မိမိအသင်းထက် ပိုကောင်းသည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း လမ်းပတ်ကပြောကြားခဲ့သည်။

”သူတို့ (ရှက်ဖီးယူနိုက်တက်အသင်း)ဟာ ကျွန်တော်တို့အသင်းထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုကောင်းသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း ပိုကောင်းပါတယ်။ နောက်ပြီး ဘောလုံးကိုလည်း အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ကြံ့ ခိုင်ခဲ့ပါတယ်။ ပရိသတ်မရှိတာကြောင့် ကွင်းထဲကအသံတွေကို ကောင်းကောင်းကြားခဲ့ရပါတယ်။ ကျွန်တော် ကြားခဲ့တာကတော့ ရှက်ဖီးယူနိုက်တက်အသင်းရဲ့အသံတွေပါပဲ။ တစ်သင်းလုံး ပုံမှန်ခြေစွမ်းအောက်သာရှိတဲ့ပုံစံမျိုးနဲ့ ဒီကွင်းကို လာခဲ့မယ်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးနဲ့ပဲ ကြုံတွေ့ရမှာပါ။ ကျွန်တော် ဒီနေ့ပွဲမှာ သင်ခန်းစာများစွာ ရခဲ့ပါတယ်။ ဒါတွေကို ကျွန်တော် မေ့ပစ်မှာမဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ဆို ကျွန်တော်တို့အသင်းဟာ အဆင့်(၄)ပြင်ပကို ရောက်သွားနိုင်ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော် စိုးရိမ်တာကတော့ အသင်းရဲ့ခြေစွမ်းပါပဲ”ဟု လမ်းပတ်က ပြောကြားခဲ့သည်။

လမ်းပတ်၏ ပြောစကားအရ ချယ်လ်ဆီးကစားသမားများ၏ ခြေစွမ်းအပေါ် ၎င်းအနေဖြင့် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ အသင်းကို ကြီးမားသည့်ပြင်ဆင်မှု ပြုလုပ်နိုင်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များတွင် နောဝစ်ချ် (အိမ်)၊ လီဗာပူးလ်(အဝေး)၊ ဝုလ်ဗ်(အိမ်)အသင်းများနှင့် ကစားရမည်ဖြစ်ပြီး FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန်ယူအသင်းနှင့်ကစားရမည်ဖြစ်သည်။

လမ်းပတ်က ယင်း(၄)ပွဲတွင် ယခုပုံစံမျိုးနှင့်ကစား၍ မရနိုင်ကြောင်း ဝန်ခံခဲ့ပြီး ထိပ်ဆုံး(၄)သင်းမျှော်လင့်ချက်အတွက် ကစားသမားများအနေဖြင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular