ရီးရဲတုန်းကထက် ပိုရပြီး ပရီးမီးယားလိဂ် ရဲ့ လုပ်ခအမြင့်ဆုံး နောက်ခံလူဖြစ်လာတဲ့ ရာဖေး ဗာရန်း

ယူရို ၂၀၂၀ ပြိုင်ပွဲ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ နွေရာသီ အပြောင်းအရွှေ့တွေက ဆက်တိုက် ဆိုသလို ဖြစ်နေခဲ့ ပါတယ် ။ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကို ဒေါ့မွန် ကနေ ပေါင် သန်း ၇၀ ကျော်နဲ့ ခေါ်ယူအပြီး ရက်အနည်းငယ် အကြာမှာ နောက်ထပ် ထိပ်တန်း ခေါ်ယူမှု တစ်ခုကို ထပ်မံ ပြုလုပ် သွားခဲ့ ပါတယ် ။ အဲ့ဒါကတော့ ရီးရဲ ခံစစ်မှူး ရာဖေး ဗာရန်း ပါပဲ ။

ယူနိုက်တက် ဟာ ရီးရဲမက်ဒရစ် ရဲ့ ပြင်သစ် နောက်ခံလူ ရာဖေး ဗာရန်း ကို ပေါင် ၄၃ သန်းဝန်းကျင် နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ယမန်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။ ကစား သမား ကတော့ ယခု အပတ် အကုန် ( သို့ ) လာမယ့် အပတ်ထဲမှာ အိုးထရက်ဖိုဒ့် ကို ရောက်လာပြီး ဆေးစစ်မှု ပြုလုပ်ဖွယ် ရှိနေပါတယ် ။

myan789

ဗာရန်း ဟာ ရီးရဲ မက်ဒရစ် အသင်းရဲ့ သမိုင်းမှာ စတုတ္ထမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး နဲ့ ရောင်းထုတ် နိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ ပါတယ် ။ သူ့အရှေ့ မှာတော့ ယူဗင်တပ်ကို ပြောင်းတဲ့ ရိုနယ်ဒို ( ယူရို ၁၀၅ သန်း ၊ ၂၀၁၈ ) ၊ အယ်ဗာရို မိုရာတာ ရဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ ( ယူရို သန်း ၈၀ ၊ ၂၀၁၇ ) နဲ့ မန်ယူနိုက်တက် ကိုပဲ ပြောင်းရွှေ့ ခဲ့တဲ့ ဒီမာရီယာ ( ယူရို ၇၅ သန်း ၊ ၂၀၁၄ ) တို့က ရပ်တည် နေကြပါတယ် ။

စပိန် အခြေစိုက် သတင်းစာတွေ ကတော့ ရီးရဲ မက်ဒရစ် ဟာ ဒီနှစ် နွေရာသီမှာ ဈေးကြီးတဲ့ ထိပ်တန်း ပစ်မှတ် တစ်ခု ( PSG တိုက်စစ်မှူးလေး ဘာပေ ) ကို ခေါ်ယူဖို့ အစီအစဉ် ရှိနေပြီး လိုအပ်တဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့ အတွက် စာချုပ် ၁ နှစ်သာ ကျန်တော့တဲ့ ဗာရန်း ကို ဈေးကောင်းရချိန်မှာ ရောင်းထုတ် လိုက်တာ ဖြစ်တယ်လို့ ဖော်ပြ လာခဲ့ပါတယ် ။

ဗာရန်း ဟာ ရီးရဲမက်ဒရစ် ကို ပြင်သစ် ကလပ် လန်းစ် အသင်း ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ရီးရဲ မှာ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အပါအဝင် လာလီဂါ နဲ့ ကိုပါဒယ်ရေး ဖလားတွေကို ရယူနိုင်ခဲ့ ပါတယ် ။ ဗာရန်း ဟာ ၂၀၀၁ တုန်းက မန်ချက်စတာ ယူနိုက်တက် ကို ရောက်ဖို့ အလွန်နီးစပ်နေပြီး ကာမှ ဇီဒန်း ရဲ့ ကြိုးစားမှုကြောင့် ရီးရဲမက်ဒရစ် ကစားသမား ဖြစ်သွားခဲ့ရတာလို့လည်း ကြားသိရ ပါတယ် ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ရာဖေး ဗာရန်း ဟာ သူ အရင်က ရောက်ချင် ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။ စပိန် ကလပ် မှာထက်လည်း လုပ်ခ လစာ ပိုမို ရရှိမှာ ဖြစ်တာကြောင့် ဗာရန်း အတွက် ဒီအပြောင်းအရွှေ့ ဟာ အကျိုးအမြတ် များစွာ ဖြစ်ထွန်းနိုင်တဲ့ ရွေးချယ်မှု ဖြစ်လာခဲ့ ပါတယ် ။

ဗာရန်း ဟာ ရီးရဲမက်ဒရစ် မှာ တစ်ပတ်ကို ပေါင် ၁ သိန်းခွဲ ( ၂၀၂၀ – ၂၁ လုပ်ခ လစာ ) ရရှိသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် မှာတော့ တစ်ပတ်ကို လုပ်ခ ပေါင် ၂ သိန်း ၁ သောင်း ရရှိမယ်လို့ သိရ ပါတယ် ။ ဒါဟာ ဒီဂီယာ နဲ့ ပေါ့ဘာ တို့ပြီးရင် ယူနိုက်တက် ရဲ့ တတိယ လုပ်ခ အများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး ကာဗာနီ ထက် အနည်းငယ် ပိုမို ရရှိမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ဗာရန်း ရဲ့ လုပ်ခ ဟာ လက်ရှိ ပရီးမီးယားလိဂ် နောက်ခံလူတွေ ထဲမှာ အမြင့်ဆုံး လုပ်ခ ဖြစ်လာမှာ ဖြစ်ပြီး ယခင်က နံပါတ် ၁ နေရာကို ရယူ ထားတဲ့ ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ကို ကျော်ဖြတ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အမြင့်ဆုံး ခံစစ်မှူး ၁၀ ဦး ကတော့ –

၁၀ ။ ဂျိုရယ် မာတစ် ( လီဗာပူး ) ၊ ရူဒီဂါ ( ချဲလ်ဆီး ) ၊ ဂျွန်စတုန်း ( မန်စီးတီး ) – တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းစီ

၈ ။ သီယာဂို ဆေးဗား ( ချဲလ်ဆီး ) – တစ်ပတ် လုပ်ခ ပေါင် ၁၁၀၀၀၀

၇ ။ ရူဘင် ဒီယာစ့် ( မန်စီးတီး ) – တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀

၄ ။ အိုင်းမရစ် လာပေါ့တ် ( မန်စီးတီး ) ၊ လင်ဒီလော့ဖ် ( မန်ယူနိုက်တက် ) ၊ ယာရီမီနာ ( အဲဗာတန် ) – တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ စီ

၃ ။ ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး ) – တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀

၂ ။ ဟယ်ရီ မက်ဂွဲယား ( မန်ယူနိုက်တက် ) – တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀

၁ ။ ရာဖေး ဗာရန်း ( မန်ယူနိုက်တက် ) – တစ်ပတ်လုပ်ခ ပေါင် ၂၁၄၀၀၀

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular