ရီးယဲလ်အသင်းကမ်းလှမ်းထားသည့် ယူရို သန်း ၁၆၀ သည် ဘာပေကဲ့သို့ ကစားသမားမျိုးအတွက် လုံလောက်မှုမရှိဟု လီယိုနာဒို တုံ့ပြန်

သြဂုတ်လ ၂၄ ရက်က ရီးယဲလ်အသင်းမှ တ ရားဝင်ကမ်းလှမ်းခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော ယူရို သန်း ၁၆၀ ပမာဏမှာလည်း ဘာပေကဲ့သို့ ကစားသမားမျိုးအတွက် လုံလောက်မှုမရှိဟု PSG အသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက တုံ့ပြန်ခဲ့သည်။

ရီးယဲလ်အသင်းမှ ကမ်းလှမ်းမှုအပေါ် လီယိုနာဒိုက ”ကျွန်တော်တို့ ဆွေးနွေးတာမျိုး မရှိပါဘူး။ ကမ်းလှမ်းလာတဲ့ ငွေပမာဏဟာ ကိုင်လီယန်ရဲ့လက်ရှိအခြေအနေနဲ့ အလှမ်း ဝေးနေတယ်။ ဒီပိုက်ဆံတွေထဲက တစ်စိတ်တစ်ပိုင်းကို မိုနာကိုအသင်းထံ ကျွန်တော်တို့ ပေးရဦးမှာပါ။ ဒါကြောင့် ဒီကမ်းလှမ်းမှုဟာ မလုံလောက်ဘူးလို့ စဉ်းစားခဲ့ပါတယ်။ ကိန်းဂဏန်း(ယူရို သန်း ၁၆၀)ကိုတော့ အတည်မပြုပေးနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီဝန်းကျင်ပါပဲ။ သူ့အတွက် ကျွန်တော်တို့ ပေးခဲ့ရတဲ့ပမာဏထက် နည်းနေပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ကျွန်တော်တို့မကြိုက်တဲ့ နည်းလမ်းအားလုံးနဲ့ လုပ်ဆောင်သွားပါတယ်”ဟု ပြောကြားခဲ့ သည်။

myan789

အသက် ၂၂ နှစ်အရွယ်ရှိ ဘာပေသည် PSG အသင်းသို့ ၂၀၁၇ နွေရာသီတွင် ကနဦး အငှားဖြင့် ရောက်ရှိလာပြီး အငှားစာချုပ်ပြည့် ချိန်တွင် စာချုပ်ပါအချက်အတိုင်း ယူရို သန်း ၁၈၀ ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် အသင်းမှ ထွက်ခွာလိုနေသည်ဟုလည်း လီယိုနာဒိုက အတည်ပြုပြောကြားခဲ့သည်။

”ကိုင်လီယန်ဘာပေ အသင်းကထွက်ခွာလိုနေတာ သိသာပါတယ်။ ရီးယဲလ်အသင်းက ကမ်းလှမ်းမှုပြုလုပ်ထားတာဆိုတာကလည်း ထင်ထင်ရှားရှားပါပဲ။ ဒါဟာ လူတိုင်းအတွက် နားလည်ရလွယ်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အပြောင်းအရွှေ့မပိတ်မီ တစ်ပတ်အလိုမှာ ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ သူ အသင်းက ထွက်ခွာလိုရင်တော့ ကျွန်တော်တို့ ဆက်ထိန်းထားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ကိုင်လီယန်ကို ဆက်ထိန်းထားဖို့ အမြဲကြိုးပမ်းခဲ့ပါတယ်။ သူ့ကို မက်မောက်လောက်တဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ သူဟာ အရေးပါတဲ့ ကစားသမားတစ်ဦး၊ အသင်းစီမံကိန်းရဲ့ဗဟိုချက်မှာ ရှိနေသူတစ်ဦးအဖြစ် ကျွန်တော်တို့ သက်သေပြခဲ့တာပါ။ ဒါပေမဲ့ စီမံကိန်းအထက်မှာတော့ ဘယ်သူမှ ရှိမနေပါဘူး”ဟု လီယိုနာဒိုက RMC Sport သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဘာပေအားခေါ်ယူရန် ရီးယဲလ်အသင်းမှ ချဉ်းကပ်မှုသည် လေးစားမှုမရှိ၊ မှန်ကန်မှုမရှိ၊ ဥပဒေချိုးဖောက်ခြင်းဟု လီယိုနာဒိုက မှတ်ချက်ပြုခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular