အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါက ရီးယဲလ်မှ ထွက်ခွာ၍ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မိမိအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
နော်ဝေကွင်းလယ်လူ အော်ဒီဂွါ(၂၄ နှစ်)သည် အသက်(၁၆)နှစ်အရွယ်ကတည်းက ရီးယဲလ်သို့ ရောက်ရှိခဲ့သူဖြစ်သော်လည်း ရီးယဲလ်အသင်းကြီးအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲသာ ကစားခွင့်ရခဲ့သည်။
”ရီးယဲလ်မှာ အများကြီးသင်ယူခွင့်ရပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတချို့နဲ့လည်း အတူလေ့ကျင့်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကထွက်ခွာခဲ့တာ ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ ရီးယဲလ်က မထွက်ရင် ကျွန်တော် အခုလိုအဆင့် ရောက်မလာနိုင်ပါဘူး”ဟု အော်ဒီဂွါက ဆိုခဲ့သည်။