ရီးယဲလ်ကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တဲ့ မန်စီးတီး

မန်စီးတီး ၂-၁ ရီးယဲလ်
(နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် မန်စီးတီး ကွာတားတက်)

ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေက မန်စီးတီး-ရီးယဲလ်ပွဲမှာတော့ အိမ်ရှင် မန်စီးတီးက ချန်ပီယံလိဂ်အအောင်မြင်ဆုံး ရီးယဲလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

myan789

မန်စီးတီးအသင်းမှာ အဂွဲရိုး ပါဝင်လာခြင်းမရှိဘဲ တိုက်စစ်မှာ ဂျေးဇူး၊ ဖိုဒန်၊ စတာလင်တို့ကို သုံးခဲ့ပါတယ်။ ရီးယဲလ်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ရာမို့စ် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ တိုက်စစ်မှာ ဘန်ဇီမာ၊ ရိုဒရီဂိုနဲ့ ဟာဇက်တို့ ပွဲထွက်လာခဲ့တာပါ။

မန်စီးတီးဟာ ပွဲစကည်းက ရီးယဲလ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာနဲ့ ဖိကစားခဲ့ပြီး ပွဲအစ (၉) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဗာရန်းရဲ့ အမှားကနေ ဂျေးဇူး ချပေးတာကို စတာလင်က အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ မန်စီးတီးအသင်းအတွက် စတာလင်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး (၁၀၀) မြောက်ဂိုးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း မန်စီးတီးတို့ ကစားကွက်စီးခဲ့ပြီး မိနစ် (၂၀) နောက်ပိုင်းမှာမှ ရီးယဲလ်တို့ အခွင့်အရေးရခဲ့တာပါ။

ပွဲချိန် (၂၁) မိနစ်မှာ ဧရိယာထိပ်က ဘန်ဇီမာရဲ့ ကန်ချက်ကို အီဒါဆန် ပုတ်ထုတ်ခဲ့ရပြီး ဟာဇက်ရဲ့ ကန်ချက်ကိုလည်း အီဒါဆန် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၂၈)မိနစ်မှာတော့ ညာတောင်ပံကနေ ရိုဒရီဂို ဆွဲပြေးပြီး တင်ပေးတာကို မန်စီးတီးနောက်ခံလူတွေကြားကနေ ဘန်ဇီမာ ခေါင်းတိုက်သွင်းယူခဲ့လို့ ရီးယဲလ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ဘန်ဇီမာအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် နောက်ဆုံး (၆)ပွဲမှာ (၅)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ရီးယဲလ်နောက်တန်းနဲ့ ဂိုးသမားအမှားကနေ မန်စီးတီးအခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ (၁- ၁)နဲ့ သရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး မန်စီးတီးအသင်းကတော့ ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။

ရာမို့စ် မပါတဲ့ ရီးယဲလ်အသင်းရဲ့ နောက်တန်းမှာ ဦးဆောင်ကစားရမယ့် ဗာရန်းက မမှားသင့်တဲ့အမှားတွေကို မှားခဲ့ပြီး ပွဲချိန် (၆၈)မိနစ်မှာလည်း သူ့ရဲ့ အမှားကနေ ဂျေးဇူးက အခွင့်အရေးရခဲ့ကာ ကော်တိုအာနဲ့ တစ်ယောက်ချင်းအတွေ့မှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့လို့ မန်စီးတီး ဦးဆောင်ဂိုးရခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ အပြန်အလှန်ကစားမှုတွေ ရှိခဲ့ပေမယ့် မန်စီးတီးအသင်းကပဲ ဂိုးကန်သွင်းခွင့်တွေ ပိုမို ရရှိခဲ့တာဖြစ်ပြီး ဂိုးရဖို့ ပိုနီးစပ်ခဲ့တာလည်း မန်စီးတီးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂိုးထပ်သွင်းနိုင်ခြင်းမရှိတော့လို့ ပွဲအပြီးမှာတော့ မန်စီးတီးက (၂-၁)ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၄-၂)ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular