ရိုနာဒို ပြန်လာပြီ လို့ ကြွေးကြော် သွားတဲ့ CR7

ကိုဗစ် ကနေ ပြန်လည် နိုးထ နိုင်ခဲ့ပြီ ဖြစ်တဲ့ ရိုနာဒို ကတော့ ဒီတစ်ပတ်မှာ ဂျူဗီ အတွက် လူစားဝင် ကစားပေးသွားခဲ့ပြိး ၊ မီးနစ် 20 အတွင်းမှာပဲ 2 ဂိုး သွင်းယူပြသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ် တစ်ခါမှ မရရှိပဲ ရှုံးနိမ့်ခဲ့ရတဲ့ ဂျူဗီဟာ ၊ ဒီတစ်ပတ် စီးရီးအေ အဝေးကွင်း ပွဲစဉ်မှာတော့ စပီဇီယာ အသင်းကို 1-4 ရလာဒ် နဲ့ ဂိုးပြတ် အနိုင်ကစား သွားခဲ့ပါတယ်။

myan789

အသင်းအတွက် အဖွင့်ဂိုးကို မက် ကန်နီး ရဲ့ ဖန်တီးမှု ကနေ တဆင့် မိုရာတာ က အနီးကပ် ပိတ်သွင်းကာ ရယူပေးခဲ့တာပါ။ မူလ က အဲဒီဂိုး ကို စည်းကြပ်ဒိုင်က လူကျွံနေတယ်လို့ သတ်မှတ်ခဲ့ပေမယ့် ၊ VAR က ပြန်လည် ကြည့်ရှု သုံးသပ်ရာမှာတော့ လူမကျွံခဲ့တာကြောင့် ၊ ဦးဆောင်ဂိုး ဖြစ်သွားခဲ့ ပါတယ်။

နည်းပြ ပီယာလိုဟာ ဒုတိယ ပိုင်း ပြန်လည် စတင်လို့ 10 မီးနစ် အတွင်းမှာပဲ ဒီဘားလား ရဲ့ နေရာမှာ ရိုနာဒို ကို ထည့်သွင်း ကစားခဲ့ပါတယ်။ ရိုနာဒို ဟာ ကွင်းထဲကို ရောက်လို့ 3 မီးနစ် အကြာမှာပဲ ၊ မိုရာတာ ရဲ့ ဖန်တီးမှု ကနေ တဆင့် ဂိုးသမားကိုပါ လိမ်ခေါက်ကာ ဒုတိယ ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

အဲဒီနောက် ခီယေဇာ ကြောင့် ရလာတဲ့ ပင်နယ်တီ ကို ထပ်မံ အဆုံးသတ်ကာ နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြန်တာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီတစ်ကြိမ် ပင်နယ်တီ ကန်သွင်းရာမှာတော့ အခါတိုင်း ပုံစံတွေ နဲ့ လုံး၀ မတူပဲ ပင်နယ်ကာ စတိုင်နဲ့ ကန်သွင်းပြခဲ့ ပါတယ်။

ပွဲ အပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ –

“ ကျနော့် ရဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ပါပဲ။ ဗိုင်းရပ် က ဘာလက္ခဏာမှ မပြခဲ့သလို ၊ နေရထိုင်ရတာလဲ ကောင်းမွန်ခဲ့ပါတယ်။ ဒီကနေ့တော့ ကျနော် ချစ်မြတ်နိုးတဲ့ ဘောလုံးကို ပြန်ကစားခွင့် ရယူနိုင်ခဲ့ပြီလေ။

စီးရီးအေ ဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ် တစ်ခုပါ။ အေစီ မီလန် က အကောင်းဆုံး ပုံစံတွေ နဲ့ ရှေ့ဆက်နေသလို ၊ လာဇီယို ၊ နာပိုလီ တို့ကလဲ ခြေစွာကြပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ အလုပ်တွေကို အများကြီး ကြိုးစားရဦးမှာပါ။ လက်ရှိ ကျနော်တို့ ရဲ့ အနေအထားကို ပြောပြရရင် တိုးတက်မှုတွေ အများကြီး ရှိနေပါတယ်။

အရေးအကြီးဆုံး စကားတစ်ခွန်းတော့ ပြောချင်ပါသေးတယ် “ ခရစ္စတီယာနို ဟာ မြက်ခင်းစိမ်းပေါ်ကို ပြန်ရောက်လာပါပြီ” လို့ ကြွေးကြော် သွားခဲ့ ပါတယ်။

ရိုနာဒို ဟာ ဘာစီလိုနာ နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော် ခဲ့ရတဲ့ အတွက် ဗိုင်းရပ် စစ်ဆေးမှုတွေက တိကျခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သက်လို့ မေးမြန်း ရာမှာတော့ –

“ ပြီးခဲ့ပြီးသား အကြောင်းအရာတွေ ကို ပြန် မပြောချင်တော့ပါဘူး။ ကျနော် ပြန်ကစားပေးနိုင်ပြီ ဖြစ်သလို ၊ အသင်းလဲ အနိုင်ရခဲ့တယ်လေ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

ရိုနာဒို ဟာ ဒီနှစ် ဘောလုံးရာသီမှာတော့ အသင်းအတွက် စုစုပေါင်း 3 ပွဲ ပါဝင် ကစားပေးထားပြီး 5 ဂိုး အထိ သွင်းယူ ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတော့ စုစုပေါင်း 46 ပွဲ ပါဝင် ကစားကာ 37 ဂိုး သွင်းယူပေးနိုင်ခဲ့သလို ၊ ဂျူဗီ ကစားသမားမှာတော့ စုစုပေါင်း 92 ပွဲ ကစားထားပြီး 70 ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular