ရိုနယ်ဒို ဟာ မက်ဆီထက် နားလည်ရပိုလွယ်ပြီး အသင်းဖော်တွေကို ပစ်မထားတတ်သူလို့ ဖွင့်ဟပြောဆို လာတဲ့ အာသာမယ်လို[-

ယူဗင်တပ် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ထက် ပိုပြီး နားလည်ရ လွယ်ကူ သလို အသင်းဖော်တွေ က လိုအပ် နေချိန် မှာလည်း မျက်နှာ လွှဲမထား တတ်သူ ဖြစ်တယ်လို့ ဘရာဇီး ကွင်းလယ်လူ အာသာ မယ်လို က ပြောဆို သွားခဲ့ ပါတယ် ။ ဒီနှစ် ရာသီ အစမှာ ဘာစီလိုနာ ကနေ ယူဗင်တပ် ကို ပြောင်းရွှေ့ လာခဲ့တဲ့ အာသာ မယ်လိုဟာ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစား သမား ၂ ဦး နဲ့ တွဲကစား ခွင့် ရတဲ့ အနည်းငယ်သော ကံထူးသူ တွေ ထဲက တစ်ဦး ဖြစ်လာခဲ့ ပါတယ် ။

မယ်လို ဟာ ဘာစီလိုနာ မှာ မက်ဆီ နဲ့ ၂ ရာသီ တွဲဖက် ကစား ခဲ့ပြီး ရိုနယ်ဒို နဲ့ ကတော့ ရာသီဝက် မပြည့် သေးပါဘူး ။ ဒါပေမယ့် ပေါ်တူဂီ သား ဟာ မက်ဆီ ထက် ပိုပြီး နားလည် ရ လွယ်ကြောင်း ကို မယ်လို က ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

myan789

“သူတို့ ၂ ယောက် စလုံးက ချန်ပီယံ တွေပါ ၊ အခြားသူတွေ ရဲ့ အထက်မှာ ရှိနေ ပါတယ် ။ သူတို့ လုပ်ရမယ့် အလုပ် မှာ အကောင်းဆုံး အမြဲ လုပ်နိုင် တဲ့ သူတွေပါ” လို့ မယ်လို က စပိန် အခြေစိုက် သတင်းစာ AS နဲ့ တွေ့ဆုံ ခန်းမှာ ဖွင့်ဟ ပြောဆို သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

“သူတို့ က အမြဲ ပိုပြီး တောင်းဆိုတဲ့ သူတွေပါ ၊ ၃ ဂိုးသွင်း ထားရင် တောင်မှ စတုတ္ထ မြောက် ဂိုးအတွက် ကြိုးစား နေတဲ့ သူတွေပါ ။ ဒါကပဲ သူတို့ ကို အကောင်း တကာ့ အကောင်းဆုံးတွေ ဖြစ်လာအောင် တွန်းပို့ ပေးနေတာပါ”

“ရိုနယ်ဒို နဲ့ မက်ဆီ ကို နှိုင်းယှဉ် ရမယ် ဆိုရင်တော့ ရိုနယ်ဒို က ပိုပြီး ပေါင်းရ သင်းရ တာ အဆင်ပြေ ပါတယ် ၊ သူ့က မက်ဆီ ထက် ပိုပြီး နားလည် ရ လွယ်ပါတယ် ။ အသင်းဖော်တွေ လိုအပ် နေတဲ့ အချိန် မျိုးမှာ လည်း ဘယ်တော့မှ မျက်နှာ လွှဲ မထားခဲ့ ဖူးပါဘူး ။ အားလုံးကို သူက တွန်းအား ပေးနိုင်ပါတယ်”

“ရိုနယ်ဒို က သားရဲ တစ်ကောင်လို လေ့ကျင့်တယ် ၊ နားတယ် ဆိုတာ ဘာမှန်းတောင် သူသိ မှာ မဟုတ်ပါဘူး ။ အသင်းဖော် တွေကိုလည်း သူ့လို ဖြစ်အောင် အမြဲ တွန်းအားပေး တတ်ပါတယ်” လို့ မယ်လို က ပြောဆို သွားခဲ့ ပါတယ် ။

မယ်လို ပါဝင်တဲ့ ယူဗင်တပ် ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပိတ် ပွဲစဉ် မှာ အသင်းဟောင်း ဘာစီလိုနာ ကို နူးကမ့် မှာ ရင်ဆိုင် ကစား ခဲ့ပြီး ရိုနယ်ဒို ရဲ့ ပင်နယ်တီ ၂ ဂိုး အပါ အဝင် ၃ – ၀ ရလဒ် နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ဒီလို အနိုင် ရမှုကြောင့် ယူဗင်တပ် ဟာ ဘာစီလိုနာ အပေါ် Head-to-Head အသာ ရရှိ သွားခဲ့ပြီး အုပ်စု ပထမ အဖြစ် နဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်း သွားနိုင် ခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular