ရိုနယ်ဒို ရဲ့ အင်္ဂလန်က စွမ်းဆောင်မှုထက် သာလွန်သွားခဲ့တဲ့ မိုဟာမက် ဆာလာ

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ တစ်ယောက် ဘောလုံး ရာသီသစ် ကို အကောင်းဆုံး ပုံစံတွေ နဲ့ ဖွင့်လှစ် နေပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့ ညက ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ သစ် ရဲ့ အဖွင့်ပွဲစဉ် မှာ လိဒ် ယူနိုက်တက် ဘက်ကို ဟက်ထရစ် သွင်းယူပြီး ရွှေဖိနပ် ဆု အတွက် ပြိုင်ဘက်တွေ ကို သတိပေး ခေါင်းလောင်း ထိုးသွား ခဲ့ ပါတယ် ။ ပွဲ မှာလည်း ဆာလာ က အကောင်းဆုံး ကစားပြီး Man of the Match ဆုကို ရရှိ သွားခဲ့ ပါတယ် ။

ဆာလာ ဟာ ဘေဆယ် အသင်း ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့ လာခဲ့စဉ် တုန်းက ပရီးမီးယားလိဂ် မှာ မတောက်ပ ခဲ့ ပါဘူး ။ ဒါပေမယ့် ရိုးမား ကနေ နောက်တစ်ကြိမ် ပြန်ရောက် လာချိန် မှာတော့ ကမ္ဘာ့ အဆင့် ခြေစွမ်း ပိုင်ရှင် တစ်ယောက် ဖြစ်လာ ခဲ့ပါတယ် ။

myan789

လိဒ် ကို အနိုင် ရခဲ့တဲ့ ပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် က မိုဟာမက် ဆာလာ ကို ချီးကျုး ပြောဆို ခဲ့ပြီး တစ်ချိန် တုန်းက ယူနိုက်တက် သူရဲကောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ နှိုင်းယှဉ် ပြောဆို သွားခဲ့ ပါတယ် ။

“မိုဆာလာ ကစားတာ ကို ကြည့်ရင်း ကျွန်တော် တစ်စုံ တစ်ယောက် ကို သွား သတိရ မိပါတယ် ။ သူ့ရဲ့ အကောင်းဆုံး အချိန်တွေ ကိုပေါ့ ။ အခု မိုဆာလာ က ခရစ္စတီယာနို ယူနိုက်တက် မှာ ကစား ခဲ့တုန်းက အဆင့်မျိုး ကို ရောက်နေ ပါပြီ ။ ဒီရာသီ မှာ သူက အသင်းဖော်တွေ ထက် ပိုပြီး တောက်ပ နိုင်မှာပါ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

မိုဟာမက် ဆာလာ ဟာ ဂယ်ရီ နဗီးလ် ရဲ့ ချီးကျုး ပြောဆို ခဲ့သလို ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အဆင့်မျိုးကို ရောက် နေခဲ့ပြီလား ? ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ တောက်ပ လာခဲ့ပြီး ရီးရဲ မက်ဒရစ် မှာ ပိုမို ကောင်းမွန်တဲ့ ဘ၀ နဲ့ အောင်မြင်မှုတွေ ကို ပိုင်ဆိုင် ခဲ့ပါတယ် ။ မိုဆာလာ ကတော့ အဲ့ဒိ အနေအထား အထိ မရောက် နိုင်သေး ပါဘူး ။

ဒါပေမယ့် ရိုးမား ကနေ တစ်ခေါက် ပြန်ရောက်လာ အပြီး လီဗာပူး မှာ ကစား ခဲ့တဲ့ ၃ နှစ် အတွင်းက မိုဆာလာ ရဲ့ စွမ်းဆောင်မှုတွေ ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစား သမား ဘ၀ အကောင်းဆုံး ၃ နှစ်က စွမ်းဆောင်မှုတွေ ထက် ပိုကောင်း နေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ၂၀၀၆ ကနေ ၂၀၀၉ အတွင်းမှာ ယူနိုက်တက် နဲ့ အမှတ်ပေး ဖလား ၃ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် တို့ကို ရယူ နိုင်ခဲ့ ပါတယ် ။ ဆာလာ ကလည်း လီဗာပူး နဲ့ အတူ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်စီ ရယူ နိုင်ခဲ့ပြီး ပြည်တွင်း ပြိုင်ပွဲ ရဲ့ အကောင်းဆုံး ကစား သမား ဆု ၊ ရွှေဖိနပ်ဆုတွေ ကိုလည်း ရိုနယ်ဒို နည်းတူ ရယူ နိုင်ခဲ့ ပါတယ် ။

ဆာလာ ဟာ လီဗာပူး မှာ စတင် ပွဲထွက် ချိန်ကနေ အခု အထိ ပွဲပေါင်း ၁၅၄ ပွဲ ကစား ပေးခဲ့ပြီး ဂိုး ၁၀၀ ပြည့်ဖို့ ၃ ဂိုး အလိုကို ရောက်လာ ခဲ့ကာ အသင်းဖော်တွေ ကို ၃၈ ကြိမ် အထိ ဖန်တီး ပေးထား ခဲ့ ပါတယ် ။ ပရီးမီးယား လိဂ် သီးသန့် ပြောရမယ် ဆိုရင်တော့ ဆာလာ ဟာ 2017-18 ရာသီမှာ ၃၂ ဂိုး ၊ 2018-19 ရာသီမှာ ၂၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး အဆိုပါ ရာသီတွေရဲ့ ရွှေဖိနပ်ဆု တွေကို ရရှိခဲ့ ပါတယ် ။ ( ၁၈-၁၉ က ၃ ဦး ပူးတွဲ )

ပြီးခဲ့တဲ့ ရာသီ တုန်းကလည်း ဆာလာ ဟာ လီဗာပူး အတွက် ပရီးမီးယားလိဂ် မှာ ၁၉ ဂိုး သွင်းယူပြီး အမှတ်ပေး ဖလား ရရှိအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဆာလာ ဟာ ၃ ရာသီ အတွင်း ဖန်တီးမှု ၂၈ ကြိမ် ( ပရီးမီးယားလိဂ် သီးသန့် ) လည်း ပြုလုပ် ပေးထား ခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ ၂၀၀၆ ကနေ ၂၀၀၉ အတွင်း ပရီးမီးယားလိဂ် မှာ ၆၆ ဂိုး သွင်းယူ ပေးခဲ့ပြီး ဂိုးပေါင်း ၂၀ ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ အချက် အလက် အရ ဆာလာ ရဲ့ ၃ နှစ် တာ စွမ်းဆောင်ရည် ဟာ ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် က အကောင်းဆုံး ၃ နှစ် ရဲ့ စွမ်းဆောင်ရည် ထက် ပိုကောင်း နေခဲ့တာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒါဟာ ဆာလာ က ရိုနယ်ဒို ထက် ပိုကောင်းတယ် လို့ ဆိုလို တာ မဟုတ်ခဲ့ ပါဘူး ။ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ လူငယ် ကစား သမား အဖြစ်သာ ရှိသေးပြီး ရီးရဲ မက်ဒရစ် မှာတော့ ပိုမို ကောင်းမွန်တဲ့ ကစား သမား ဖြစ်လာခဲ့ သလို ယူနိုက်တက် မှာတုန်းကထက် ပိုပြီး အောင်မြင် ခဲ့ ပါတယ် ။

ဆာလာ ကတော့ လက်ရှိ မှာ ၂၈ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ရိုနယ်ဒို လောက် ဂိုးတွေ သွင်းဖို့ ၊ ရိုနယ်ဒို လောက် ဆုဖလားတွေ ရဖို့ မလွယ်ကူတော့ ပါဘူး ။ ဒါပေမယ့် ဂယ်ရီ နဗီးလ် ဆိုလို ခဲ့သလို ယူနိုက်တက် မှာ ရိုနယ်ဒို အရေးပါ ခဲ့သလိုမျိုး ဆာလာ လည်း လီဗာပူး မှာ အရေးပါတဲ့ သူ ဖြစ်နေပြီ ဆိုတာ ကိုတော့ ငြင်းဆန် လို့ မရတာ အသေအချာပါပဲ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular