ရိုနယ်ဒို ရဲ့ ဂိုးတွေနဲ့ နိုင်ခဲ့ပေမယ့် မပျော်ရွှင်ဘူးလို့ ပြောလာခဲ့တဲ့ ယူဗင်တပ် နည်းပြ ပီယာလို

ယူဗင်တပ် အသင်း ဟာ ယမန်နေ့ ညက အီတလီ စီးရီးအေ ပွဲစဉ် အဖြစ် ကာဂလီယာလီ အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ယူဗင်တပ် အတွက် ဂိုးတွေ ကိုတော့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို တစ်ဦး တည်းက ပထမပိုင်း မှာတင် သွင်းယူ ပေးသွားခဲ့ တာ ဖြစ်ပါတယ် ။ ဒီပွဲ ဟာ ယူဗင်တပ် အတွက် ဒီရာသီ စီးရီးအေ မှာ ဒုတိယ မြောက် ဂိုးမပေး ရတဲ့ ပွဲလည်း ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် ယူဗင်တပ် နည်းပြ အန်ဒရေ ပီယာလို ကတော့ ရလဒ် အတွက်သာ ပျော်ရွှင် မိပြီး ကစားပုံ ကို အားမရ ကြောင်းနဲ့ ယူဗင်တပ် ကစား သမားတွေဟာ ပွဲကို လွှမ်းမိုး ထား နိုင်ဖို့ ကို အလေးထား ကစား သင့်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

myan789

“ဘယ်သူပဲ ဝင်ကစား ကစား ကျွန်တော်တို့ ချမှတ် ထားတဲ့ ကစားပုံ ထဲမှာပဲ ရှိနေ ရ ပါမယ် ။ ဒါက ယူဗင်တပ် ရဲ့ အမှတ်အသားပါ ၊ ဘယ်သူတွေ နဲ့ပဲ ကစားကစား အတူတူ ပဲ ဖြစ်ရ ပါမယ် ။ ပထမပိုင်း မှာ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့ပြီး ဒါကို ကျွန်တော် သဘောကျ ပါတယ်”

“ဒါပေမယ့် နောက်ပိုင်း ကစားပုံ ကိုတော့ အားမရ မိပါဘူး ။ နိုင်ငံ ပွဲတွေ ကနေ ပြန်လာလို့လည်း ဖြစ်ချင် ဖြစ်မှာပါ ၊ ဒါပေမယ့် ကျွန်တော်တို ဟာ ထိပ်တန်း အသင်းတစ်သင်း ပါ ၊ ဒါနဲ့ ကိုက်ညီမယ့် အားထုတ်ပုံ ၊ ခြေစွမ်း နဲ့ အာရုံ စူးစိုက်မှုတွေ ရှိဖို့ လိုအပ်ပါတယ်” လို့ ပီယာလို က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် မနေ့ညက ပွဲမှာ အသင်းအတွက် ပုံစံကောင်း ပြခဲ့တဲ့ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ကို လည်း ပီယာလို က ချီးကျုး သွားခဲ့ ပါတယ် ။ မယ်လို ဟာ ဘာစီလိုနာ ကနေ ဒီနှစ် နွေရာသီမှာ ယူဗင်တပ် ကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အီတလီ ကစားဟန် နဲ့ အသားကျဖို့ အချိန်ယူ ခဲ့ရသူ ဖြစ်ပါတယ် ။

“မယ်လို ဟာ ကျွန်တော်တို့ မျှော်လင့် ထားတဲ့ ကစားသမားပါ ။ သူက လာလီဂါ ကရောက်လာ တဲ့သူ ဖြစ်ပြီး ဒီက လူတွေ နဲ့ ကွဲပြား ခြားနားတဲ့ အတွေးအခေါ် အယူအဆ တွေကို ပိုင်ဆိုင် ထားပါတယ် ။ ဒီက ကစားဟန် နဲ့ လည်း အသားမကျ သေးပါဘူး ။ ဒါကြောင့် သူ့ကို ပွဲ ကစားတာထက် လေ့ကျင့်မှု များများ လုပ်ပေး ခဲ့တာပါ ။ အခု သူ့အချိန်ကျပြီ လို့ ထင်ပါတယ်’

“အသင်းမှာ အရည် အသွေး ကောင်းတဲ့ ကစား သမားတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မှာ လိုအပ်ချက်တွေ ရှိနေ ပါသေးတယ် ။ ကစားပွဲတွေ ကို လွှမ်းမိုး နိုင်ရ မှာပါ ။ ဘောလုံးကို တတ်နိုင်သမျှ မြန်မြန် ယူပြီး မြန်မြန် ပေးနိုင်အောင် လည်း လေ့ကျင့် ရပါဦးမယ်” လို့ ပီယာလို က ပြောဆို သွားခဲ့ ပါတယ် ။

ပေါ်လို ဒိုင်ဘားလား ကို အရန်ခုံ မှာ ဆက်ထားပြီး မိုရာတာ + ရိုနယ်ဒို အတွဲ ကို ပွဲထုတ် ခဲ့မှု နဲ့ ပတ်သက်လို့ လည်း ဒိုင်ဘားလား ဟာ ဘောလုံး ရာသီ မစခင် က ကိုရိုနာ ဗိုင်းရပ်စ် ဒဏ်ကို အပြင်းအထန် ခံစား ခဲ့ရသူ ဖြစ်တာကြောင့် အရင် တုန်းကလောက် ကြံ့ခိုင်မှု မရှိ သေးကြောင်းနဲ့ သေချာ ဂရုစိုက် လုပ်ဆောင် လေ့ကျင့် ပေးနေကြောင်းလည်း ပီယာလို က ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။ ဒိုင်ဘားလား ဟာ ယမန်နေ့ ညက ပွဲရဲ့ နောက်ဆုံးပိုင်း မှာမှသာ လူစားဝင် ကစားသွား ခဲ့ပါတယ် ။

ဒီပွဲမှာ ယူဗင်တပ် ဘက်က ဘာနာဒက်စ်ချီ ၊ ကာဂလီယာလီ ဘက်က ကလာဗန် တို့ ဂိုးတွေ ကိုယ်စီ သွင်းခဲ့ ကြပေမယ့်လည်း ၂ ဂိုး စလုံးဟာ လူကျွံ ဘောတွေ ဖြစ်ခဲ့ ကြပါတယ် ။ ယူဗင်တပ် ဟာ လာမယ့် ကြားရက် မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ဖီရန်ဗားရိုစ့် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်ဖို့ အတွက် အနိုင် ကစားဖို့ လိုအပ် မှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular