ရာသီသစ်အတွက် အသင့်ဖြစ်နေပြီဟု ဆိုးလ်ရှား ပြောကြား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အသင်းအနေဖြင့် လာမည့်ရာသီသစ်အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ပရီးမီးယားလိဂ်တွင် အဆင့် (၂)ရရှိခဲ့သလို၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဗီလာရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။

myan789

မန်ချက်စတာယူနိုက်တက်အသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဆန်ချို၊ ဗာရန်းတို့ကဲ့သို့ နာမည်ကျော် ကစားသမားများကို ခေါ်ယူထားပြီး ဆာအူလ်၊ ထရစ်ပီယာတို့ကို ထပ်မံခေါ်ယူရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အသင်းမှာ တိုးတက်နေပြီး လာမည့်ရာသီတွင် ဆုဖလားများကို စိန်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက “ကျွန်တော်တို့အသင်း တိုးတက်နေတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့တာကလွဲရင် ကျွန်တော်တို့အတွက် ရာသီကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်တို့အသင်းရဲ့ တိုးတက်မှုကို လူတိုင်းမြင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ရောက်ရှိလာပြီးနောက် ကျွန်တော်တို့အသင်းဟာ နိုင်ပွဲတွေ ပိုမိုရရှိလာခဲ့ပြီး ထိပ်ပိုင်းက အသင်းတွေကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီသစ်အတွက် အသင့်ဖြစ်နေပါပြီ။ အဓိကကတော့ ရာသီသစ်ကို ကောင်းမွန်စွာ စတင်နိုင်ဖို့ပါပဲ။ အခု ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်ကို သွားဖို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ (၁၄)ရက်တွင် လိဒ်စ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular