ရာမို့စ် ကို စာချုပ် သက်တမ်းတိုးဖို့ ကနဦး ဆွေးနွေးမှုတွေ စတင်ခဲ့ပြီ ဖြစ်တဲ့ ရီးရဲ မက်ဒရစ်

ရီးရဲ မက်ဒရစ် နဲ့ ဆာဂျီယို ရာမို့စ် တို့ဟာ စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အတွက် ဆွေးနွေးမှုတွေကို စတင်ထားပြီ ဖြစ်ကြောင်း ESPN က အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

နှစ်ဖက် စလုံးဟာ စာချုပ်သစ်ကို အလျှင်အမြန် ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထားလျှက် ရှိနေပါတယ်။

myan789

ရာမို့စ် ရဲ့ လက်ရှိ စာချုပ်က ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ ၊ ဇန်နဝါရီ လ ရောက်တာ နဲ့ အခြား ကလပ်တွေ နဲ့ တရားဝင် ဆွေးနွေး ညှိနှိုင်းခွင့် ရှိပါတယ်။

ယခင်ကတော့ ဗိုင်းရပ် ကိစ္စကြောင့် ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ စာချုပ်သစ် ကိစ္စကို ရပ်ဆိုင်းထားခဲ့ပေမယ့် ၊ လက်ရှိမှာ အဓိက ဝါရင့် ခံစစ်မှုးကြီးကို ဆုံးရှုံးမှာ စိုးရိမ်လာတဲ့ အတွက် ကလပ် အသင်းဘက် စတင်လာတယ်လို့ ဆိုပါတယ်။

ESPN သတင်းမှာတော့ ရာမို့စ် ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ရီးရဲ မက်ဒရစ် တာဝန်ရှိသူတွေ ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ စတင် မျက်နှာချင်းဆိုင်ခဲ့တယ်လို့ ဆိုထားပြီး ၊ ကနဦး ထွက်ပေါ်လာတဲ့ ရလာဒ်တွေက အပေါင်း လက္ခဏာ ဆောင်နေတယ်လို့ သိရပါတယ်။

ရာမို့စ် ကိုယ်တိုင်ကလဲ အသင်းမှာ ဆက်ရှိနေချင် သလို ၊ ကလပ် အသင်းဘက်ကလဲ အသင်းရဲ့ အသက်သွေးကြော ပမာဏ အရေးပါနေတဲ့ ခံစစ်မှုး တစ်ယောက်ကို ဆုံးရှုံးခံလို့ မဖြစ်ဘူး လို့ ခံယူထားတာပါ။ အထူးသဖြင့် ရီးရဲ မက်ဒရစ်ဟာ ဒီရာသီမှာ ရာမို့စ် ပါဝင် ကစားပေးနိုင်ခြင်း မရှိတဲ့ ပွဲစဉ်တွေ ဆိုရင် နောက်တန်း စွမ်းဆောင်ရည်တွေသာ မက ၊ အသင်းလိုက် စွမ်းဆောင်ရည်ပါ သိသိသာသာ ကျဆင်းသွားတတ်တယ် ဆိုတာ မီဒီယာ သမားတွေက ထောက်ပြလျှက် ရှိပါတယ်။

သတင်းတွေ အရတော့ ရီးရဲ မက်ဒရစ် ဟာ ရာမို့စ် ကို 2024 ခုနှစ် အထိ စာချုပ်သက်တမ်း တိုးနိုင်ဖို့ မျှော်မှန်းထားတယ် လို့ သိရပါတယ်။ လက်ရှိ ကစားသမား ရဲ့ ကြံ့ခိုင်မှု အရ နောက်ထပ် နှစ်တွေ အများကြီး ကစားပေးနိုင်သေးတဲ့ အချက်ကို ကလပ်အသင်းဘက်ကလဲ ယုံကြည်မှု အပြည့်အ၀ ပေးထားပါတယ်။

သို့သော် စာချုပ်သက်တမ်းဟာ တစ်နှစ်ချင်း ရဲ့ ပွဲထွက် ကစားပေးနိုင်တဲ့ အပေါ်မှာ အခြေခံပြီးမှာသာ ၊ တစ်ဆင့်ချင်း ထပ်တိုးသွားမှာ ဖြစ်တယ်လို့လဲ ပြောဆိုနေကြပါတယ်။

ပံှမှန် အားဖြင့် ဆိုရင်တော့ ရီးရဲ မက်ဒရစ်ဟာ အသက် 30 ကျော် ကစားသမားတွေ ကို စာချုပ်သက်တမ်း အများကြီး ကမ်းလှမ်းလေ့ မရှိပေမယ့် ၊ ရာမို့စ် လို့ အသင်းအတွက် နှစ်ပေါင်း များစွာ ပေးဆပ်လာတဲ့ ကစားသမား တစ်ယောက်ကိုတော့ ခြွင်းချက် အနေနဲ့ အခွင့်အရေး ပေးသွားဖွယ် ရှိပါတယ်။

ဒါကြောင့်လဲ ဥက္ကဌကြီး ပီရက် ကိုယ်တိုင်က “ ရာမို့်စ် ဟာ ကျနော်တို့ အသင်းမှာ တစ်ဘ၀ လုံး ဆက်ရှိသွားမှာပါ” လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာ ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။

နည်းပြ ဇီဒန်း ကတော့ “ သူဟာ အသင်းရဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ ဒါကြောင့် ဒီကလပ်မှာပဲ ထာဝရ ရှိနေသွားဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

ကျနော့် အမြင်ကို ပြောရရင် သူဟာ အသင်းမှာပဲ ဆက်ရှိပြီး ၊ နောက်ထပ် သမိုင်း မှတ်တိုင်တွေကို စိုက်ထူသွားဦးမှာပါ” လို့ အင်တာမီလန် ကို အနိုင်ယူတဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ်။

ရာမို့စ် ဟာ ရီးရဲ မက်ဒရစ် အသင်းကို 2005 ခုနှစ် က စတင် ရောက်ရှိလာခဲ့တာ ဖြစ်လို့ ၊ လက်ရှိ ဘောလုံးရာသီဟာ သူ့ရဲ့ ဘာနေဗျူး ကစားသမားဘ၀ 16 ရာသီ မြောက် ဖြစ်ပါတယ်။ သူဟာ လာလီဂါ ဖလားကို 5 ကြိမ် ၊ ချန်ပီယံလိဂ် ဖလား 4 ကြိမ် နဲ့ ကမ္ဘာ့ဖလား 1 ကြိမ် ၊ ဥရောပ ဖလား 2 ကြိမ် အထိ ဆွတ်ခူူးထားပြီးပါပြီ။

အင်တာမီလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် နောက်တန်း ခံစစ်မှုး ဖြစ်သည့်တိုင်အောင် ၊ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက် သွင်းဂိုး 100 ပြည့်မြောက်တဲ့ ဂိုးကိုတောင် သွင်းယူပေးနိုင်ခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular