ရာဖေးဘင်နီတက်ဇ်ရဲ့ လက်အောက် လီဗာပူးနဲ့ မဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွေ့ ပုံပြင်ကို ဖွင့်ဟသွားခဲ့တဲ့ ဂါရက်ဘယ်ရီ

ဂါရက်ဘယ်ရီက လီဗာပူး အသင်းဟာ နည်းပြ ရာဖေးဘင်နီတက်ဇ်ရဲ့ လက်ထက်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပြီး ဒီအပြောင်းအရွေ့ ဘာကြောင့် မဖြစ်ပေါ် ခဲ့သလဲ ဆိုတာကို ရှင်းပြ သွားခဲ့ပါတယ်။ အင်္ဂလန် ကွင်းလယ်လူဟာ လီဗာပူးတို့ ၎င်းကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အက်စတွန်ဗီလာ ကစားသမား အဖြစ် ရှိနေ ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၎င်းအတွက် ပြောင်းရွေ့ကြေး ပေါင် ၁၀ သန်း နဲ့ ၁၅ သန်း ကြားမှာ သဘောတူညီမှု ရရှိဖို့ အတွက် မျှော်လင့် နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာ ဘက်ကတော့ ဘယ်ရီ အတွက် ပေါင် ၁၈ သန်း သတ်မှတ် ထားခဲ့ပြီး နောက်ဆုံး မှာတော့ ပြောင်းရွေ့ကြေး ညှိနှိုင်းမရ ဖြစ်ခဲ့ကာ နှစ်ဘက် အသင်းကြား တင်းမာမှုတွေလည်း ရှိခဲ့ပြီး ဗီလာ နည်းပြ မာတင်အိုနေးက ဘယ်ရီရဲ့ အပြောင်းအရွေ့နဲ့ ပက်သက်ပြီး လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ် ခဲ့တဲ့ နည်ပြ ဘင်နီတက်ဇ်ကို ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

myan789

ဒါ့အပြင် လီဗာပူး အသင်း မှာလည်း အဆိုပါ အချိန်က ဘဏ္ဍရေးပိုင်းဆိုင်ရာ ခက်ခဲမှုတွေ ရှိနေ ခဲ့ပြီး လီဗာပူး မန်နေဂျာ နဲ့ ပိုင်ရှင်ဟောင်းတွေ ဖြစ်ကြတဲ့ တွမ်ဟစ် နဲ့ ဂျော့ဂျီလက် တို့ကြား အပြောင်းအရွေ့နဲ့ ပက်သက်တဲ့ ဆွေးနွေးမှုတွေ အဆင်မပြေ ခဲ့ပါဘူး။ ဒ့ါကြောင့်လည်း ဘင်နီတက်ဇ်ဟာ ဘယ်ရီ အတွက် လိုအပ်တဲ့ ငွေကြေး ထွက်လာ စေရန် ဇာဗီအလွန်ဆို ကို ရောင်းချ သွားဖို့ ဆန္ဒ ရှိခဲ့ပြီး ဒါဟာ စပိန် ကွင်းလယ်လူကို ဒေါသထွက်စေ ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗီလာ နဲ့ လီဗာပူးတို့ ပြောင်းရွေ့ကြေး ညှိနှိုင်း မရ ဖြစ်ခဲ့တာကြောင့် ဘယ်ရီရဲ့ အပြောင်းအရွေ့ မဖြစ်ပေါ် ခဲ့တဲ့ အပြင် ဇာဗီ အလွန်ဆို ကလည်း လီဗာပူးမှာ နောက်တစ်ရာသီ ထပ်ကစား ခဲ့ပါတယ်။ ဒါပေမယ့် နောက် ၁၂ လ အကြာမှာ ဘယ်ရီဟာ မန်စီးတီးကို ပြောင်းရွေ့ သွားခဲ့ပြီး ဇာဗီအလွန်ဆို ကလည်း ရီးရဲယ်မက်ဒရစ်ကို ရောက်ရှိ သွားခဲ့ကာ လီဗာပူးဟာ နောက်ဆုံးမှာတော့ အဆိုပါ နေရာ အတွက် အကွီလာနီ ကိုသာ ခေါ်ယူ နိုင်ခဲ့ကာ အီတလီ ကစားသမားဟာ အန်ဖီးမှာ ကျရှုံး ခဲ့ပါတယ်။

ဘယ်ရီက “လီဗာပူး အသင်းရဲ့ စိတ်ဝင်စားမှုကို ကျွန်တော် သတင်းစာတွေ ကနေ မြင်တွေ့ ခဲ့ရပါတယ်။ မာတင်အိုနေး ကလည်း ဒီအကြောင်းကို သိခဲ့ပြီး ဖြစ်ကာ သူဟာ အတော် လိမ္မာပါးနပ်တဲ့ သူပါ။ ဘောလုံးလောကမှာ games တွေ ကစားရတာ ရှိပါတယ်။ ရှေ့မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ သူဟာ ကျွန်တော့်ကို press တွေ ရှေ့မှာ ချခဲ့ပါတယ်။

ပထမဦးဆုံး မေးခွန်းက သိတဲ့ အတိုင်းပဲ ‘လီဗာပူးနဲ့ ပက်သက်ပြီး မင်းဘယ်လို ထင်သလဲ?’ ဆိုတာပါ။ ကျွန်တော်ဟာ အပြောင်းအရွေ့ ကိစ္စတွေနဲ့ ပက်သက်ပြီး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ ဒါ့ကြောင့် ပုံမှန် ပြောနေတဲ့ အတိုင်းပဲ ‘ချန်ပီယံလိဂ် ကလပ်ရဲ့ စိတ်ဝင်စားမှုကို ခံရတာ ကောင်းမွန်ပါတယ်။ ဘာညာပေါ့။’ ကျွန်တော် အဲဒီရာသီကို အပြီးသတ် ခဲ့ပါတယ်။ အဲဒီနောက် နွေရာသီမှာ လီဗာပူးရဲ့ ကမ်းလှမ်းမှုတွေ ရောက်လာ ခဲ့ပါတယ်။ ကျွန်တော် မာတင်အိုနေးနဲ့ စကား ပြောဆိုခဲ့ပြီး ကလပ်ဟာ ကျွန်တော့်အတွက် ကမ်းလှမ်းမှုကို လက်ခံသွားမလား ဆိုပြီး မေးမြန်းခဲ့ပါတယ်။

မာတင်ကတော့ သင့်တော်တဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါအပြင့် အဲဒီအချိန်က ကျွန်တော့်ကို အင်တာဗျူး လုပ်ဖို့ အကြံပေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော် ဒီအကြောင်းကို မိဘတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ အေးဂျင့်ကတော့ အင်တာဗျူး လုပ်ဖို့ အကြံပေး ပေးခဲ့ပြီး မိဘတွေ ကတော့ ဒါဟာ မကောင်းဘူး ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီအချိန်က ဒီအပိုင်းမှာ အတွေ့အကြုံ ရှိတဲ့ အေးဂျင့်ရဲ့ အကြံပေးစကားကို ကျွန်တော် နားထောင် ခဲ့ပါတယ်။ အမှန်ဆို မိဘတွေရဲ့ အကြံပေးမှုကို နားထောင် ခဲ့သင့်တာပါ။

နောက်ဆုံးမှာတော့ ကျွန်တော် အင်တာဗျူး ပြုလုပ်ခဲ့ပြီး သိပ်မကောင်းတဲ့ သတင်းခေါင်းကြီး တစ်ချို့ ထွက်လာခဲ့ပါတယ်။ ကျွန်တော် ဒီအင်တာဗျူး လုပ်ခဲ့တာကို တကယ် နောင်တရခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အပြောင်းအရွေ့ ပုံပြင်ကို ကျွန်တော်ဟာ ပထမဦးဆုံး ကြုံတွေ့ ခဲ့ရတာပါ။ ကျွန်တော့် အနေနဲ့ မီဒီယာတွေရဲ့ attention ကို ကောင်းကောင်း မဖြေရှင်း နိုင်ခဲ့ပါဘူး။

ဒါဟာ အကြောင်းရင်းတွေ ထဲက တစ်ခုပါ။ အကြံပေးခဲ့တဲ့ အတိုင်း လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။ မိသားစုနဲ့ အတူ နွေရာသီ အပန်းဖြေ ခရီး ထွက်နေချိန်မှာ ကျွန်တော့်ဖုန်း မြည်လာခဲ့ပါတယ်။ မာနေးအိုနေး ဆက်ခဲ့တာပါ။ သူ့ကြည့်ရတာ သိပ်ပြီး ပျော်ရွှင်တဲ့ပုံ မရှိပါဘူး။” လို့ ဆိုသွားပါတယ်။

၂၀၀၈ နွေရာသီမှာ ဘယ်ရီနဲ့ လီဗာပူးတို့ အပြောင်းအရွေ့ အမှန်တကယ် မဖြစ် ခဲ့ပေမယ့်လည်း နောက်တစ်နှစ် မှာတော့ ဘယ်ရီဟာ မန်စီးတီးကို ပေါင် ၁၂ သန်းနဲ့ ရောက်ရှိ သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဘယ်ရီက “မာတင်အိုနေးက သူ့အသင်းမှာ တစ်နှစ် ဆက်ကစားဖို့နဲ့ လာမည့်နှစ်ကျရင် သင့်တော်တဲ့ ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာ နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ဟာ လာမည့် နွေရာသီ ကျရင်တော့ ဗီလာကနေ ထွက်ခွာရတော့မယ်လို့ ကြိုသိ နေခဲ့ပါတယ်။ လီဗာပူးတို့ ကျွန်တော့်ကို မခေါ်ယူခဲ့တဲ့ အတွက် နာကျင် ခဲ့ရပါတယ်။ ဘင်နီတက်ဇ်နဲ့ ဖုန်းပြောဆိုမှုတွေ လုပ်ခဲ့ပြီး သူဟာ ကျွန်တော် ပုံမှန် ကစားနေကြ မဟုတ်တဲ့ ကွင်းလယ်ဘယ်ခြမ်း နဲ့ ဘယ်နောက်ခံလူ နေရာတွေမှာ အသုံးပြု သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါကို ကျွန်တော် သဘောမကျ ခဲ့ပါဘူး။ အဲဒီနောက် ကျွန်တော့် ခေါင်းထဲမှာ ‘ငါ ဗီလာရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို လက်လွှတ် သွားမှာ မဟုတ်ပါဘူး။ ဒီမှာပဲ ပွဲတွေ ပုံမှန် ကစား သွားမယ်’ ဆိုပြီး စတင် တွေးခဲ့ပါတယ်။ ကျွန်တော်ဟာ ချန်ပီယံလိဂ် တို့ ဘာတို့ကို ဂရုမစိုက်ပါဘူး။ အသင်း တစ်သင်းရဲ့ အရေးမပါတဲ့ အစိတ်အပိုင်း တစ်ခုတော့ မဖြစ်ချင်ပါဘူး။

အဲဒီနောက် မထင်မှတ်ဘဲ မန်စီးတီးက ချိတ်ဆက် လာခဲ့ပါတယ်။ သူတို့ဟာ ဘယ်လို ကစားသမားတွေကို ခေါ်ယူသွားမလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောလာ ခဲ့ပါတယ်။ အဲဒီတုန်းက ဒါဟာ ယုံကြည်ရ ခက်ခဲ ခဲ့ပါတယ်။ ဒါဟာ ပထမဦးဆုံး train ဆိုပြီး ပုံဆွဲ ပြခဲ့ပါတယ်။ အကယ်၍ ဒီအပေါ် မတက်ဘူး ဆိုရင် မင်းနောင်တ ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီအချိန်က လီဗာပူးထက် စာရင် မန်စီးတီးရဲ့ ပရောဂျက်တွေက ကျွန်တော့်ကို ပိုမို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ သိပ်မကြာသေးမီက ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အသင်း ဖြစ်ပေမယ့် မန်စီးတီး ကတော့ ဆုဖလားနဲ့ နှစ်ပေါင်းများစွာ ဝေးကွာ နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် သူတို့ နောက်ကို လိုက်ခဲ့ပါတယ်။” လို့ ရှင်းပြ ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular