ရက်ဖိုဒ့် ကို ချီးကျုးလိုက်ပြီး ပေါင် ၂ သန်း လှူဒါန်း လိုက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက် စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် နေတဲ့ အချိန် ကာလ အတွင်း မှာ ပရဟိတ လုပ်ငန်းတွေ ကို ဦးဆောင် လှုပ်ရှား ခဲ့တဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ကို ချီးကျုး စကား ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဖာဂူဆန် ဟာ ရက်ဖိုဒ့် ရဲ့ လုပ်ငန်း တွေ အတွက် လည်း ပေါင် ၂ သန်း ကို ပါဝင် လှူဒါန်း ပေးသွား ခဲ့ တယ် လို့ ကြား သိ ရ ပါတယ် ။

ရက်ဖိုဒ့် ဟာ သူ့ရဲ့ အားလပ်ချိန် တွေ ကို အသုံးချပြီး ကိုဗစ် ကာလ အတွင်း အစိုးရ ရဲ့ ထောက်ပံ့မှု ရပ်ဆိုင်း သွားခဲ့တာ ကြောင့် အခက် အခဲ ဖြစ်ခဲ့ ရတဲ့ ကျောင်းနေ အရွယ် ကလေးငယ်တွေ ကို ကူညီပေး ခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ဆီကို ၂ ကြိမ်တိုင် စာရေး တောင်းဆို ခဲ့ပြီး ကလေးငယ် သန်း ပေါင်း များစွာ အတွက် အကူအညီတွေ ရှာဖွေ ပေးနိုင် ခဲ့ ပါတယ် ။

myan789

ဒါကြောင့် ရက်ဖိုဒ့်ဟာ ဗြိတိန် ဘုရင်မကြီး ရဲ့ မွေးနေ့ မှာ MBE ဂုဏ်ထူးဆောင် ဘွဲ့ ကို ပေးအပ် ချီးမြှင့် ခံခဲ့ ရသလို BBC သတင်း ဌာန ရဲ့ ဂုဏ်ပြု ဆု ၊ GQ Magazine ရဲ့ Campaigner of the Year ဆု တို့ကို ပေးအပ် ချီမြှင့် ခံခဲ့ရ သလို အားကစား အသိုင်းအဝိုင်း ရဲ့ ဂုဏ်ပြု လက်ခုပ်သံတွေ ကိုလည်း ရရှိ ခဲ့ ပါတယ် ။

“သူ ကျွန်တော့ကို အကြံဉာဏ်တွေ တောင် ပြန်ပေး သင့်ပါတယ် ၊ အသက် ၂၃ နှစ် အရွယ်နဲ့ သူ လုပ်ခဲ့တာတွေ က တကယ့်ကို အံ့မခန်း ပါပဲ ။ သူ့ကို ကျွန်တော် အကြံပေးဖို့ မလိုပါဘူး ။ မားကပ် ရှင်သန် ခဲ့တဲ့ ပတ်ဝန်းကျင် ၊ သူ့ဘ၀ ထဲမှာ လူသားဆန်တဲ့ လမ်းစဉ်တွေ ရှိခဲ့ ပုံပါပဲ”

“ဒီလို ကောင်းမွန်တဲ့ လုပ်ရပ်တွေ ဟာ ဘ၀ တစ်လျောက်လုံး သယ်ဆောင် သွားခံ ရမှာပါ ။ ဘောလုံး က သူ့ကို ( လူသားဆန်မှု ကနေ ) ပြောင်းလဲ မသွား စေခဲ့ ပါဘူး ။ ဘောလုံး မှာ လူတွေကို ပြောင်းလဲ စေတတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ် ။ အဓိက ကတော့ ငွေပါ ၊ ငွေက လူအတော် များများကို ပြောင်းလဲ စေပါတယ်”

“စတား တစ်ယောက် ဖြစ်ရတာ ၊ ငွေတွေ အများကြီး ရလာတာတွေ က လူတစ်ယောက် ကို ကောင်းကောင်း ပြောင်းလဲ စေမှာပါ ။ ဒါက ကိုယ့်ရဲ့ ဘ၀ လမ်းကြောင်း မှာ အတားအဆီး တွေ ဖြစ်လာ စေတတ် ပါတယ် ။ အခု မားကပ်စ် လုပ်နေတဲ့ အရာတွေ ကတော့ တကယ်ကို ပြောင်မြောက် ကောင်းမွန်တဲ့ အရာတွေ ပါပဲ ။ ငွေကြေး နဲ့ ကျော်ကြားမှု က သူ့ကို လမ်းမချော် စေခဲ့ ပါဘူး” လို့ ဆာ အဲလက်စ် က Times Radio နဲ့ တွေ့ဆုံခန်း မှာ ပြောကြား သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဖာဂူဆန် က ရက်ဖိုဒ့် ဟာ သူ ဘယ် က နေ စတင် ခဲ့တာလဲ ဆိုတာကို မမေ့ တဲ့ အောက်ခြေမလွတ် တဲ့ လူစားမျိုး ဖြစ်တယ် လို့ ပြောဆို ခဲ့ပြီး ရှေ့လျောက် လူနေမှု ဘ၀ မှာ အောင်မြင် လိမ့်မယ်လို့ လည်း သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“ကိုယ် ဘယ်ဘ၀ ကနေ စခဲ့ ရတယ်ဆိုတာကို မမေ့ဖို့ က အရမ်း အရေးကြီး ပါတယ် ။ ဒါက ကျွန်တော့ ကို အခု ရှိ နေတဲ့ နေရာကို ရောက်စေခဲ့ တာပါပဲ ။ ဂိုဗန် ကနေ လာပေမယ့် အဲလက်စ် ဖာဂူဆန် တစ်ယောက် အရမ်း ကောင်းအောင် စွမ်းဆောင် ပြနိုင် ခဲ့တယ် ဆိုတဲ့ သတင်းစာ ကို ကျွန်တော် ဖတ်ခဲ့ ရတာကို မှတ်မိနေ ပါသေးတယ်”

“ကျွန်တော် ဂိုဗန် ကနေ လာတယ် ၊ ဒါပေမယ့် အောင်မြင် ခဲ့တယ် ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော့ မိသားစု ကြောင့် ပါပဲ ၊ သူတို့ က အမြဲတမ်း ကျွန်တော်တို့ ကို ဗိုက်မဆာ အောင် ထားပေး နိုင်ခဲ့ ကြပါတယ် ။ ဒါက ကျွန်တော့ အမေ နဲ့ အဖေ တို့ရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ ပါပဲ” လို့ လည်း ဖာဂူဆန် က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဆာအဲလက်စ် ဟာ မားကပ် ရက်ဖိုဒ့် ဦးဆောင် တည်ထောင် ထားတဲ့ ပရဟိတ အဖွဲ့ အတွက် ပေါင် ၂ သန်း ကို လည်း ပါဝင် လှူဒန်း သွားမယ် လို့ သိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular