ယူရို-၂၀၂၀ အောင်မြင်မှုသည် ရုပ်ရှင်ဇာတ်ကားတစ်ကားလို အောင်မြင်မှုမျိုးဟု အီတလီနည်းပြ မန်စီနီပြောကြား

အီတလီလက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ယူရို-၂၀၂၀ အောင်မြင်မှုသည် ရုပ်ရှင်ဇာတ်ကားတစ်ကားလို အောင်မြင်မှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

မန်စီနီက ယင်းအောင်မြင်မှုသည် အီတလီဘောလုံးပရိသတ်များအတွက် လွယ်လွယ်ကူကူ မေ့လို့မရသည့် အောင်မြင်မှုဖြစ်လာမည်ဟု မိမိယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

myan789

အီတလီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ဗိုလ်လုပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

မန်စီနီက ”ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အီတလီအသင်းပရိသတ်တွေအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ သူမတူတဲ့ အလုပ်တစ်ခုကို စွမ်းဆောင်ပေးနိုင်ခဲ့လို့ပါ။ အီတလီအသင်းဟာ ဘောလုံးသမိုင်းရဲ့မှတ်တမ်းထဲကို ဝင်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော့် ကစားသမားတွေကို ဂုဏ်ပြုချင်ပါတယ်။ တကယ်တော့ အရာအားလုံးက မြန်မြန်ဆန်ဆန်ဖြစ်သွားခဲ့တာပါ။ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာက ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလိုမျိုးပါပဲ။ ကျွန်တော်တို့ ဘာမှ ကောင်းကောင်းမပြင်ဆင်ထားပါဘူး။ ဒါပေမဲ့ ရောမကို ရုတ်တရက်ကြီးပြန်ရောက်သွားပြီး ရောမမြို့ရဲ့လမ်းမကြီးတွေပေါ်မှာ လူတွေအများကြီးက ကျွန်တော်တို့ကို ကြိုဆိုနေကြတယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီအောင်မြင်မှုအပေါ် အီတလီပရိသတ်တွေဟာ လာမယ့်နွေရာသီအထိ ချိုမြိန်စွာစားသုံးပြီးအောင်ပွဲခံကြဦးမယ် ထင်ပါတယ်။ လစ်ပီယူပေးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ ဖလားအောင်မြင်မှုနဲ့ နှိုင်းယှဉ်လို့ရတဲ့ အောင်မြင်မှု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular