ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အင်္ဂလန် – ဂျာမနီ(မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် ည ၁ဝး၃၀ နာရီ)
အင်္ဂလန်က ထင်သလောက် ပုံစံကောင်းမပြနိုင်ဘူး။ ဂျာမနီက ပေါ်တူဂီနဲ့ ပွဲကလွဲရင် ကျန်ပွဲတွေမှာ ထင်သလောက်မဟုတ်ဘူး။ အင်္ဂလန်က ရေပန်းစားတဲ့အသင်း၊ နာမည်ကြီးတဲ့အသင်းဆိုပေမဲ့ အင်္ဂလန်အသင်းမှာ ပြည့်နှက်နေတာက အလား အလာရှိသူတွေသာဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေအဖြစ် သက်သေပြပြီးသားက လက်ချိုးရေလို့ရတယ်။ အားလုံးက အလားအလာကောင်းတယ်၊ အရည်အချင်းရှိတယ်လို့ပဲ ပြောလို့ရပြီး ပြိုင်ဘက်အသင်းတွေကို သြဇာလွှွမ်းမိုးနိုင်စွမ်းရှိတဲ့အသင်းမဟုတ်တာတွေ့ရတယ်။ အားသာချက်ကတော့ အမြန်နှုန်းနဲ့ အကြောက်အလန့်ကင်းမဲ့တာဖြစ်ပြီး အင်္ဂလန်ဟာ အခုအချိန်အထိ ကောင်းကွက်၊ ဆိုးကွက်ကြားထဲမှာ ပိတ်မိနေတယ်။ ဂျာမနီက ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးပါဝင်နေတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဂျာမနီ အားနည်းရခြင်းအကြောင်းကလည်း ရှိတယ်။ ဂျာမနီရဲ့ဘောလုံးအဆင့်အတန်းက တကယ်ကို ကျဆင်းသွားပြီး၊ သူတို့ရဲ့အကောင်းဆုံးအချိန်တွေလို မာကျောမှု၊ ကျစ်လျစ်မှုမျိုးမဟုတ်ဘူးဆိုတာ ထင်ထင်ရှား ရှားမြင်ရတယ်။ ဒါပေမဲ့ အင်္ဂလန်ထက်သာတာတစ်ခုက ဂျာမနီအသင်းရဲ့ ကစားသမားအများစုက ထိပ်တန်းအသင်းကြီးတွေမှာ အောင်မြင်မှုနဲ့ယဉ်ပါးနေတဲ့ ကစားသမားတွေဖြစ်နေကြပြီး အရည်အသွေးမြင့်လူငယ်တွေကလည်း အင်္ဂလန်ကို ကောင်း ကောင်းယှဉ်နိုင်တယ်။ ဘောလုံးကမ္ဘာမှာ အင်္ဂလန်ကို ခြေတက်လာတယ်လို့ ယူဆပြီး၊ ဂျာမနီက ကျလာတယ်ဆိုတာတောင် အခုအချိန်အထိ ဂျာမနီက ပိုမိုအားကောင်းနေဆဲဆိုတာကို မြင်ရတယ်။ အင်္ဂလန်အတွက် အားသာချက်ကတော့ ဝင်ဘလေမှာ ကစားရခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ အားသာချက်တော့ ရှိနေလိမ့်မယ်။ အလားတူပဲ ဂျာမနီရဲ့အားသာချက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်ပြီး အင်္ဂလန်ကို အကြောက်အလန့်မရှိ ကစားနိုင်တယ်။ ခြေစွမ်းအရဆိုရင်တော့ နှစ်သင်းစလုံးရဲ့ Peak Form အပေါ်ပဲ မူတည်ပြီးစဉ်းစားရင် ဂျာမနီကို ကြိုက်တယ်။

ဆွီဒင် – ယူကရိန်း(မြန်မာစံတော်ချိန် ဇွန်လ ၃၀ ရက် နံနက် ၁း၃၀ နာရီ)
ဆွီဒင်နဲ့ ယူကရိန်းပွဲကို စကော့တလန်က ရိန်းဂျားစ်အသင်းရဲ့ ဟမ်ဒမ်ပါ့ခ်မှာ ကစားကြလိမ့်မယ်။ နှစ်သင်းအကြား ခြေစွမ်းကွာဟမှု သိပ်မရှိဘူး။ နောက်ပိုင်းနှစ်တွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင်လည်း အကြိတ်အနယ်ပဲ။ ဒါပေမဲ့ ယူရိုပြိုင်ပွဲကြိုနဲ့ ပြိုင်ပွဲတွင်းကာလခြေစွမ်းအရဆိုရင် ဆွီဒင်က ပိုအားကောင်းတယ်။ ကူလူဆက်ဗ်စကီး၊ အီဆက်ခ်၊ ဖော့စ်ဘတ်တို့လို ကစားသမားကောင်းတွေနဲ့ အသင်းလိုက်စုစည်းမှုလည်းအားကောင်းတဲ့ ဆွီဒင်ကိုပဲ ကြိုက်တယ်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular