ယူရို-၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

လွန်ခဲ့တဲ့ (၃၊ ၄) နှစ်လောက်က အီတလီကို ကြည့်ရင် သူ တို့အသင်းရဲ့အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ အီမိုဘီလီ၊ ဘယ် လော့တီတို့တောင် ကိုယ့်ကွင်းဘက်အခြမ်းမှာ ကစားနေတာကို တွေ့ရလိမ့်မယ်။ ဒီလိုအခြေအနေမှာ ပြိုင်ဘက်အသင်းကို ကိုယ့်ကွင်းဘက်အခြမ်းမှာ လာကစားဖို့ ဖိတ်ခေါ်သလိုဖြစ်နေပြီး အရာအားလုံးကို ခံစစ်တစ်ခုတည်းအပေါ်မှာ အားပြုထားတဲ့၊ တည်ဆောက်ထားတဲ့ ပုံစံမျိုးလည်းဖြစ်နေတယ်။ မန်စီနီလက် ထက် အီတလီက ပုံစံပြောင်းသွားပြီ။ သူတို့ ဘောလုံးကိုင်က စားတဲ့ပုံစံက ရှေ့ကို တက်နိုင်သလောက်တက်လာတယ်။ ပြိုင်ဘက်အသင်းတွေကို Middle Block နဲ့ ကစားတယ်။ အခွင့် အရေးရရင် ဂိုးတွေသွင်းနိုင်ဖို့ ကြိုးစားပြီး အခွင့်အရေးမရှာနိုင် လောက်အောင် ပြိုင်ဘက်ကကောင်းနေရင် Tempo ကို လျှော့ ပြီး ပွဲကို ထိန်းနိုင်အောင် ကြိုးစားတယ်။

ဒီယူရိုပြိုင်ပွဲတစ်လျှောက် အီတလီအတွက် အခက်ဆုံး ပွဲဖြစ်ခဲ့တဲ့ စပိန်နဲ့ ပွဲကို ကြည့်ရင်တောင် အီတလီအသင်းက ခံ စစ်ကစားခဲ့ရတာ မှန်ပေမဲ့ အီမိုဘီလီ၊ ခီယေဆာတို့က ခံစစ်ဇုန် ထဲအထိ မလိုက်ဘဲ လာပေါ့တ်၊ အဲရစ်ဂါစီယာတို့နားမှာ ကပ်နေ တယ်။ ဘိုနူချီဆီက လာတဲ့ ဘောလုံးလမ်းကြောင်းတွေနဲ့ စပိန် ကို အမြန်ဆုံး ပြန်ဒုက္ခပေးနိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရတယ်။ ဒီအခြေအနေက စပိန်နဲ့ပွဲမှာ အလုပ်သိပ်မဖြစ်ခဲ့ပေမဲ့ အခြား ပွဲစဉ်တစ်ခုခု၊ အခြေအနေတစ်ခုခုမှာ အလုပ်ဖြစ်သွားနိုင်တယ်။ နောက်တစ်ချက်က အလုပ်ဖြစ်ခြင်း၊ မဖြစ်ခြင်းက အဓိက အ ကြောင်းအရာ မဟုတ်သေးဘူး။ အီတလီအသင်းက မန်စီနီ လက်ထက်မှာ Mindset ပြောင်းသွားပြီဆိုတာကို တွေ့ရတယ်။ သူတို့အသင်းမှာ စူပါစတားမရှိဘူးဆိုတာ အားလုံးသိကြတယ်။ ဒီအသင်းဟာ ပွဲတစ်ပွဲရဲ့ ကံကြမ္မာကို သူတို့ တစ်သင်းလုံးအပေါ် မှာ ပုံအပ်ထားပြီး ကစားနေကြတယ်။ Compact ဖြစ်တယ်။ Solid ဖြစ်တယ်။ ဒါကြောင့် ပြိုင်ဘက်အသင်းတွေအတွက် ကျော်ဖြတ်ဖို့ ခက်တဲ့အသင်းအဖြစ် မြင်ရခြင်းဖြစ်တယ်။

myan789

အင်္ဂလန်အသင်းကတော့ ကြိုတင်မျှော်လင့်ထားတဲ့အ တိုင်း ကောင်းကောင်းကစားပြနိုင်ခဲ့တယ်။ ဗိုလ်လုပွဲအဆင့်အထိ အမှားအယွင်းမရှိ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်မှာ ခံစစ်ပုံ စံကောင်းကို ပြသခဲ့တယ်။ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာတို့က ပြီးခဲ့တဲ့ ရာသီတုန်းက Clean Sheet ပေါင်းများစွာယူခဲ့တဲ့ ကလပ်အ သင်းက Form ကို လက်ရွေးစင်အသင်းဆီ သယ်ဆောင်လာ ပေးခဲ့ကြတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၁)နဲ့ (၂) နေရာမှာ ရပ်တည်ခဲ့ကြတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းက ကစားသမားတွေနဲ့ တည်ဆောက်လိုက်တဲ့ ဆောက်ဂိတ်ရဲ့ခံစစ် က မာကျောပြီးစိတ်ချရတယ်။ မန်စီးတီး ကစားသမားနှစ်ဦးရဲ့ ဘယ်ခြမ်းရော၊ မန်ယူ ကစားသမား နှစ်ဦးရဲ့ ညာခြမ်းပါ စိတ်ချ ယုံကြည်ရတာတွေ့ရတယ်။

ကွင်းလယ်က အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ On Paper အရ အားအနည်းဆုံးနေရာလို့ ပြောနိုင်ပေမဲ့ တကယ်တော့ အတည်ငြိမ်ဆုံးနဲ့ အလုပ်အဖြစ်ဆုံး နေရာလို့တောင် ပြောရမယ်။ ဒက်ကလန်ရိုက်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့က အသိအမှတ်ပြု ရမယ့် ခြေစွမ်းကို ပြသခဲ့ကြပြီး မေဆန်မောင့်၊ ဂရီးလစ်ရှ်၊ ဆန် ချို၊ ဆာကာ၊ ဟန်ဒါဆန်တို့ထဲမှာ ဘယ်သူပဲသုံးသုံး အလုပ်ဖြစ် တာကို တွေ့ရတယ်။ တိုက်စစ်မှာ ကိန်းက On Fire ဖြစ်နေပြီး စတာလင်က Excellent Form ကို ပြသနေတယ်။ အီတလီခံ စစ်ဟာ မိုရာတာရဲ့ အမြန်နှုန်းကြောင့် နောက်ဆုံးမိနစ်တွေမှာ အခက်အခဲတွေ့ခဲ့တာကို ကြည့်ရင် စတာလင်အပါအဝင် မြန်နှုန်းမြင့် ကစားသမားများတဲ့ အင်္ဂလန်တိုက်စစ်ကြောင့် ရုန်းကန် ရဦးမယ့် ပွဲတစ်ပွဲဖြစ်လာနိုင်တယ်။

ဒီပွဲကို အဆုံးအဖြတ်ပေးမှာက အီတလီရဲ့စုစည်းမှုနဲ့ အင်္ဂလန်ရဲ့အမြန်နှုန်း အားပြိုင်မှုမှာ ဘယ်အသင်းက အလုပ် ကောင်းကောင်းလုပ်နိုင်မလဲဆိုတဲ့အပိုင်း ဖြစ်တယ်။ အီတလီက အင်္ဂလန်ကို Space မပေးရအောင် ကစားမှာဖြစ်ပြီး နေရာလွတ် ကျဉ်းကျဉ်းထဲမှာ ဟာရီကိန်း ဘယ်လောက်အထိ ကစားကွက်ကို ဦးဆောင်မလဲ၊ စတာလင် ဘယ်လောက်တိုးဝင်နိုင်မလဲဆို တာကို ကြည့်ရမယ်။ အီတလီဘက်က အင်္ဂလန်ကို ဒုက္ခပေး နိုင်တဲ့အချက်သိပ်မတွေ့ရဘူး။ မထင်မှတ်တဲ့ အခြေအနေကပဲ ဂိုးမျှော်လင့်နိုင်စရာရှိတယ်။ အင်္ဂလန်ကို ကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular