ယူရို ဗိုလ်လုပွဲမှာ အာဆင်နယ် ကြယ်ပွင့် ဆာကာ ကို ဘာကြောင့် ပွဲထွက်ခွင့် ပေးသင့်သလဲဆိုတာ ရှင်းပြလိုက်တဲ့ မော်ရင်ဟို

ဟိုဆေး မော်ရင်ဟို က ယူရို ၂၀၂၀ ဗိုလ်လုပွဲတွင် အင်္ဂလန် အသင်း ပွဲထွက် လူစာရင်းမှာ အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် ဆာကာ ပါဝင်ခွင့် ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဆာကာ ဟာ ဒီနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ချက် အသင်း ၊ ဂျာမနီ ၊ ဒိန်းမတ် အသင်းတို့နဲ့ ပွဲတွေမှာ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ အင်္ဂလန် အတွက် အဖိုးတန် ချေပဂိုးကို ဖန်တီး ပေးနိုင် ခဲ့သူပါ ။

myan789

ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိတာကြောင့် ဆီမီးဖိုင်နယ် အဆင့်မှာ ပွဲထွက် ကစားခွင့် ရရှိတဲ့ အသက် အငယ်ဆုံး အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ် ။ မော်ရင်ဟို ကတော့ ဆာကာ ကို အီတလီ နဲ့ ဖိုင်နယ် ပွဲမှာလည်း အသုံးပြုသင့်တယ်လို့ ဆိုပါတယ် ။

ယူရို ၂၀၂၀ မှာ talkSPORT ရဲ့ပင်တိုင် ဘောလုံးပွဲ သုံးသပ်သူ လုပ်နေတဲ့ မော်ရင်ဟို က ” ကျွန်တော် ကိုယ်တိုင်လည်း အသက် ၁၈ နှစ် အရွယ် ကောင်လေးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသုံးပြု ခဲ့ပါတယ် ။ သူ(အယ်ဘာတို) ဆို ချန်ပီယံလိဂ် ဖိုင်နယ်ရဲ့အသက် အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် ရှိနေဆဲပါ ၊ လူငယ်တစ်ယောက်ကို ဖိုင်နယ်မှာ သုံးတာကပြဿနာ မရှိပါဘူး ။ ”

” ကျွန်တော်တို့ နည်းပြတွေက အသေးစိတ်က အစ သေချာ လိုက်ကြည့် စဉ်းစား ကြသူတွေပါ ၊ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ကောင်းကောင်း သိပြီး ဆုံးဖြတ်ချက် သေချာ ချတတ်ပါတယ် ။ ”

” ဒါကြောင့် ဆောက်ဂိတ် အနေနဲ့ သူလုပ်ချင်တာကိုလုပ်တာက ပြဿနာ မဟုတ်ပါဘူး ၊ ဆာကာ ကို ပွဲထုတ်ဖို့ ကိစ္စကိုပဲ ပြောနေတာ မဟုတ်ပါဘူး တခြား ကစားသမားတွေကိုလည်း ပွဲထွက်ဖို့ အခွင့်အရေး သူပေးချင် ပေးနိုင်ကြောင်း ပြောပြတာပါ ။ ”

” ဆာကာ က ကျွန်တော့် အတွေ့အကြုံ သီအိုရီ ကို သက်သေပြနေသူပါ ၊ အတွေ့အကြုံဆိုတာ အသက်အရွယ် နဲ့ မဆိုင်ပါဘူး ၊ အတွေ့အကြုံဆိုတာ ကစားသမားရဲ့တွေးခေါ်ပုံ ကစားသမားရဲ့ပြုမူ နေထိုင်ပုံနဲ့ပဲ ဆိုင်ပါတယ် ။ ”

” ဆာကာ က ကမ္ဘာ့အကောင်းဆုံး လိဂ်မှာ အတွေ့အကြုံကောင်းတွေ အများကြီး ရှိထားသူပါ ၊ကမ္ဘာ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်မှာပေါ့ဗျာ ၊ အာဆင်နယ်လို အသင်းကြီး တစ်သင်းမှာ အပတ်စဉ်တိုင်း ပွဲထွက် ကစားခွင့် ရနေသူ ဖြစ်ပါတယ် ။ ”

” သူ အင်္ဂလန် အသင်းကို ရောက်လာချိန်မှာလည်း ထိပ်တန်း အရည်အသွေးကို ပြသထားနိုင်ပါတယ် ၊ ဆောက်ဂိတ် သူ့ကို ဖိုင်နယ်မှာ ချန်ထား ခဲ့လိမ့်မယ်လို့တော့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားပြီး ၇ ဂိုး သွင်းယူကာ ၁၀ဂိုး ဖန်တီး ပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ အာဆင်နယ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular