ယူရိုပြိုင်ပွဲတွင် နှလုံးပြဿနာကြောင့် ကွင်းအတွင်း လဲကျခဲ့သည့် အဲရစ်ဆင် အင်တာမီလန် CEO နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျမေ့မျောသွားခဲ့သည့် အင်တာမီလန်အသင်းကွင်းလယ်လူ အဲရစ်ဆင်သည် အင်တာမီလန်အသင်း၏ CEO ဖြစ်သူ ဘက်ပီမာရော့တာနှင့် အနာဂတ်ကိစ္စအတွက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဲရစ်ဆင်သည် ယင်းကိစ္စဖြစ်ပွားခဲ့ပြီးကတည်းက မိခင်နိုင်ငံ၊ ဒိန်းမတ်တွင် အနားယူနေသူဖြစ်ပြီး ယခုအချိန်တွင်မူ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။

myan789

ယင်းအတွက်ကြောင့် သူသည် အင်တာမီလန်အသင်း၏ CEO ဖြစ်သူ ဘက်ပီမာရော့တာနှင့် တွေ့ဆုံရန် အီတလီနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး နောက်ထပ် (၆)လ အနားယူရဦးမည်ဖြစ်သည်။

ယင်းအတွက် အဲရစ်ဆင်သည် ဘက်ပီမာရော့တာနှင့် တွေ့ဆုံပြီးနောက်တွင် အသင်းနှင့် မပူးပေါင်းသေးဘဲ မိခင်နိုင်ငံသို့ ပြန်လည်သွားရောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အင်တာမီလန်အသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းရှိနေသည့်အသင်းဖြစ်ပြီး အသင်း၏ အဓိကတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့ထဲက တစ်ဦးဦးကို ရောင်းထုတ်ရန် နီးစပ်နေသည့်အသင်းလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် အသင်းအတွက် မကစားပေးနိုင်သေးသော်လည်း စာချုပ်ရှိနေသည့် အဲရစ်ဆင်နှင့် တွေ့ဆုံခဲ့ခြင်းမှာ သူ၏လစာကိစ္စကို ညှိနှိုင်းရန် ဖြစ်နိုင်သည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရှိရချေ။

အသက် (၂၉)နှစ်အရွယ်ရှိ အဲရစ်ဆင်သည် ပြီးခဲ့သည့်ရာသီ စီးရီးအေချန်ပီယံအင်တာမီလန်အသင်း၏ ံပွဲစဉ်များတွင် အရန်ခုံတွင်သာ အဓိကအချိန်ဖြုန်းခဲ့ရသူ ဖြစ်သည်။

သူသည် ဘောလုံးလောကမှ အနားယူရသည့် အခြေအနေမျိုးအထိ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘောလုံးပြန်ကစားဦးမည်ဖြစ်ကြောင်း သူ၏ကိုယ်ပိုင်လူမှုကွန်ရက်မီဒီယာတွင် တင်ခဲ့ဖူးသည်။

အဲရစ်ဆင်သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဒိန်းမတ်အသင်း၏ အဖွင့်ပွဲအဖြစ် ဖင်လန်နှင့် ကစားခဲ့သည့် အိမ်ကွင်းပွဲစဉ် ပထမပိုင်းတွင် ကွင်းအတွင်းလဲကျခဲ့ခြင်းဖြစ် ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခြင်းမပြုမီ ကွင်းအတွင်းတွင် နှလုံးနှိုးစက်ဖြင့် အရေးပေါ် အသက်ကယ်ခဲ့ရသူဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular