ယူရိုပါလိဂ် အုပ်စုပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်

လာဇီယို နှင့် မာဆေးလ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
လာဇီယိုအသင်းက ဒီရာသီ အိမ်ကွင်းပွဲတွေမှာ ပြိုင်ပွဲစုံ (၅)ပွဲကစားထားကာ ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တယ်။ အနိုင်ရခဲ့တဲ့အသင်းတွေထဲမှာ ရိုးမား၊ အင်တာမီလန်တို့လို ထိပ်တန်းပြိုင်ဘက်တွေလည်း ပါဝင်ပါတယ်။ အသင်းက နည်းပြ ဆာရီလက်ထဲမှာ အတော်လေး အသားကျလာနေပြီး ၀ါရင့် ပတ်ဒရိုကလည်း မျှော်လင့်ထားတာထက် ပိုပြီးအသုံးတည့်နေတာတွေ့ရတယ်။ မာဆေးလ်ရဲ့လက်ရှိခြေစွမ်းပိုင်းက သိပ်မစွံပါဘူး။ အဝေးကွင်းပွဲတွေမှာလည်း (၃)ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး ရလဒ်ပိုင်း ယိမ်းယိုင်နေတယ်။ လာဇီယို အနိုင်ကစားဦးမယ်။

ဝက်စ်ဟမ်း နှင့် KRC ဂျန့် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဝက်စ်ဟမ်းအသင်းက အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့အတွက် စိုးရိမ်စရာမရှိပါဘူး။ ဒီပွဲပြီးရင် စပါး၊ မန်စီးတီး၊ အက်စတွန်ဗီလာအသင်းတွေနဲ့ တောက်လျှောက်ပွဲကျပ်ကစားရမယ့် ဝက်စ်ဟမ်အသင်း အခုပွဲမှာ အဓိကကစားသမားအများစုကို အနားပေးနိုင်ခြေရှိတာကိုတော့ ထည့်တွက်ရလိမ့်မယ်။ နောက်ပိုင်းပွဲတွေမှာ အန်တိုနီယို ဂိုးပေါက်ပျောက်နေတာကလည်း ဝက်စ်ဟမ်းအသင်းအတွက် အနည်းငယ်စိုးရိမ်စရာပါ။ KRC ဂျန့်ကတော့ ပြည်တွင်းလိဂ်မှာတောင် ရုန်းကန်နေရပြီး အရင်လောက်အင်အားမကောင်းတော့ဘူး။ ဝက်စ်ဟမ်း လူမစုံပေမဲ့ ဂိုးပြတ်ဖို့များတယ်။

myan789

ဘက်တစ် နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
လေဗာကူဆင်အသင်း နိုင်ပွဲဆက်နေရာကနေ နောက်ဆုံးပွဲမှာ ဘိုင်ယန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတယ်။ လေဗာကူဆင်က ဒီရာသီ အဝေးကွင်း(၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ကစားထားပြီး ရှုံးပွဲမရှိသေးဘူး။ ဘက်တစ်ကလည်း ဒီရာသီအိမ်ကွင်းပွဲတွေမှာ ရီးယဲလ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားတာပါ။ ဘက်တစ် အမှတ်ရလိမ့်မယ်။

နာပိုလီ နှင့် လီဂီယာဝါဆော (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ပြီးခဲ့တဲ့အုပ်စု(၂)ပွဲအနေအထားအရ နာပိုလီအသင်းရဲ့ ယူရိုပါလိဂ်အလားအလာကို မှန်းဆလို့ရနေပြီး အခုရာသီမှာ စီးရီးအေချန်ပီယံဖြစ်ရေး တစ်ခုတည်းကိုသာ ဦးတည်ကစားသွားဖို့များနေတယ်။ လီဂီယာဝါဆောက မထင်မှတ်ဘဲ အုပ်စုကို ဦးဆောင်ထားနိုင်လို့ စိတ်ဓာတ်တက်နေနိုင်တယ်။ နာပိုလီ အနိုင်ရရင်တောင် (၃)ဂိုးပြတ်ဖို့မလွယ်ဘူး။

PSV နှင့် မိုနာကို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
အုပ်စု(B)ရဲ့ထိပ်ဆုံးအသင်း(၂)သင်း အားပြိုင်မှုက အကြိတ်အနယ်ရှိပါလိမ့်မယ်။ မိုနာကိုအသင်း ရှုံးပွဲပြန်တွေ့ထားပေမဲ့ ကစားသမားပိုင်းမှာတော့ PSV ထက် များစွာသာပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ မိုနာကို အမှတ်ယူနိုင်မှာပါ။

စတမ်းဂရက်ဇ် နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
စတမ်းဂရက်ဇ်အသင်းက အုပ်စု(B)မှာ အားအနည်းဆုံးဖြစ်နေပြီး ခြေစွမ်းအရလည်း ပြိုင်ဘက်တိုင်းကို အမှတ်ပေးရဖို့များတယ်။ အုပ်စုထိပ်ဆုံး(၂)သင်း တွေ့ဆုံချိန်မှာ ဆိုစီဒက်အသင်း အခုပွဲကို အနိုင်ကစားဖို့များတယ်။

ဖရန့်ဖတ် နှင့် အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
အိုလံပီယာကော့စ်အသင်းက အုပ်စုတွင်းမှာ မထင်မှတ်ဘဲ ခြေစွမ်းပြနေတယ်။ ဖရန့်ဖတ်အသင်း ဒီရာသီမှာ အိမ်ကွင်းနိုင်ပွဲ မရရှိသေးပေမဲ့ အခုလိုပွဲမျိုးမှာ ပထမဆုံးနိုင်ပွဲ စယူဖို့ များတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular