ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ပထမအကျော့မကစားရသေးတဲ့ ဆီဗီလာ-ရိုးမားပွဲစဉ်က ဂျာမန်မြေမှာ တစ်ပွဲတည်း အဆုံးအဖြတ်ကစားရမှာဖြစ်ပြီး ကျန်(၃)ပွဲကတော့ မူလအတိုင်း ဒုတိယအကျော့လက်ခံကစားရမယ့်ကွင်းတွေမှာ ကစားသွားမှာပါ။ ရာသီပိတ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့တဲ့ ရိုးမားအသင်း ပုံစံကောင်းကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးတဲ့အထိ ဂျာမန်မြေမှာကစားရမှာဖြစ်လို့ ဂျာမန်ကလပ်အသင်းတွေရဲ့အားထုတ်မှုကလည်း စိတ်ဝင်စားစရာကောင်းနိုင်ပါတယ် . . .

ဆီဗီလာ နှင့် ရိုးမား (ကြာသပတေးည ၁၁း၂၅ နာရီ)
ဆီဗီလာအသင်းက Restart ကာလမှာ ရှုံးပွဲမရှိကစား ပြီး လာလီဂါပြိုင်ပွဲရာသီကို အဆုံးသတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အမှတ်ပေးပွဲ(၁၁)ပွဲမှာ ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်ကို သရေ၊ ဗလင်စီယာနဲ့ ဘီလ်ဘာအိုတို့ကို အနိုင်ကစားတဲ့ပွဲတွေပဲ အသိအမှတ်ပြုစရာရှိတယ်။ ဆီဗီလာက ယူရိုပါလိဂ်အစဉ်အ လာမှာတော့ ရိုးမားအသင်းထက် အပြတ်အသတ်သာပါတယ်။ ဒါပေမဲ့ ဆီဗီလာအသင်းရဲ့ပြဿနာက တိုက်စစ်ပိုင်းမှာ ကစားသမားအင်အားများပြီး အပြောင်းအလဲတွေ များနေတာပါ။ လက်ရှိအခြေအနေအရ အသင်းလိုက်တည်ငြိမ်မှုမှာ ရိုးမား အသင်းက နှာတစ်ဖျားသာနေတယ်။ ဇာနီယိုလို ဒဏ်ရာက ပြန်ကောင်းလာချိန်မှာ ဇာနီယိုလို-ဂျက်ကို-မစ်ခီတာရီယန် အတွဲက ရိုးမားအတွက် ဒီရာသီ အကောင်းဆုံးစုဖွဲ့မှုလို့တောင် ပြောလို့ရမယ်။ ရိုးမားအသင်းက စီးရီးအေနောက်ဆုံး(၈)ပွဲ ဆက်ရှုံးပွဲမရှိခဲ့ဘဲ (၁)ပွဲသာသရေကျပြီး အသင်းတိုက်စစ်က လည်း ပွဲတိုင်း အနည်းဆုံး(၂)ဂိုးလောက် ပုံမှန်သွင်းနေတယ်။ ရိုးမားအသင်းဘက်ကပဲ ရပ်တည်သင့်တယ်။

myan789

လေဗာကူဆင် နှင့် ရိန်းဂျားစ် (ကြာသပတေးည ၁၁း၂၅ နာရီ)
အဝေးကွင်းဂိုးပြတ်နိုင်ပွဲကြောင့် လေဗာကူဆင်အတွက် ဖိအားမရှိတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ လေဗာကူဆင် အနိုင်ကစားဦးမယ်ထင်တယ်။

ဝုလ်ဗ် နှင့် အိုလံပီယာကော့စ် (သောကြာနံနက် ၁း၃၀ နာရီ)
ဝုလ်ဗ်အသင်းက အမှတ်ပေးပြိုင်ပွဲကနေ ယူရိုပါလိဂ်ဝင် ခွင့်တော့ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမဲ့ ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသေးတယ်။ ဝုလ်ဗ်က ဒီရာသီအိမ်ကွင်းပွဲတွေမှာ ပြိုင်ပွဲစုံ (၅)ပွဲသာ အရေးနိမ့်ခဲ့ပြီး စပို့တင်းဘရာဂါကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာကလွဲလို့ ကျန် (၄) ပွဲက ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ စပါးအသင်းတွေကို အရှုံးပေးခဲ့ရတာပါ။ အိုလံပီယာကော့စ်အသင်းမှာ ဗယ်ဘွေနာ၊ တိုရိုဆီဒစ်တို့လို ကစားသမားတွေရှိပေမယ့် အဆင့်ချင်းကွာပါတယ်။ ဝုလ်ဗ် အနိုင်ကစားပါလိမ့်မယ်။

ဘေဆယ် နှင့် ဖရန့်ဖတ် (သောကြာနံနက် ၁း၃၀ နာရီ)
ပထမအကျော့ရလဒ်က အတော်လေးအံ့အားသင့်စရာ တော့ကောင်းပါတယ်။ နောက်တစ်ဆင့်တက်ဖို့ မလွယ်တော့ပေ မယ့် ဖရန့်ဖတ်ကိုပဲ ရွေးချယ်ချင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular