ယူရိုပါလိဂ်အုပ်စုပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

ယန်းဘွိုင်းစ် – ရိုးမား (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
ယန်းဘွိုင်းစ်အနေနဲ့ ဆွစ်ဇာလန်ချန်ပီယံအသင်းဖြစ်ပေမဲ့ တစ်ချိန်က ဘေဆယ်လိုမျိုး ဖျက်မြင်းလုပ်နိုင်လောက်တဲ့အဆင့်မှာ မရှိပါဘူး။ ရိုးမားကတော့ စီးရီးအေမှာ ဒီပွဲပြီးရင် ဇယားထိပ်ဆုံးက အေစီမီလန်အသင်းနဲ့ကစားရမှာဖြစ်လို့ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်တယ်။ ရိုးမား လူမစုံနိုင်ပေမဲ့ အနိုင်ကစားနိုင်စွမ်းတော့ရှိမှာပါ။

ရက်ပစ်ဝီအန် – အာဆင်နယ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ကာလကို ဖြတ်သန်းနေရချိန်ဖြစ်လို့ ယူရိုပါလိဂ်ကို အာရုံစိုက်နိုင်ပါ့မလား သတိပြုရမှာပါ။ အာဆင်နယ်က ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေကို ရှုံးထားပေမဲ့ ကျန်ပွဲတွေမှာတော့ အမှားအယွင်းနည်းတာ တွေ့ရတယ်။ ဒီပွဲပြီးရင် လက်စတာနဲ့ ပွဲကျပ်ကစားရဖို့ရှိလို့ အာဆင်နယ်ရဲ့ ပွဲထွက်စာရင်းမှာ အပြောင်းအလဲတွေရှိနိုင်ပေမဲ့ အရန်ကစားသမားပိုင်းကလည်း လုပ်ရည်ကိုင်ရည်ရှိပါတယ်။ ရက်ပစ်ဝီအန်ကတော့ အိမ်ကွင်းအားသာချက်ပဲရှိပါတယ်။ အာဆင်နယ် အနိုင်ကစားဖို့များတယ်။

myan789

လေဗာကူဆင် – နိုက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
နိုက်စ်အသင်းက အမှတ်ပေးပွဲ(၂)ပွဲဆက် အနိုင်ကစား ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ နည်းပြ ဗီယာရာ ရဲ့အသင်းမှာ ရှနိုက်ဒါလင်၊ ဒန်တေ၊ ရွန်နီလိုပက်စ်တို့လို ကစားသမားတွေရှိပေမဲ့ လေဗာကူဆင်နဲ့ယှဉ်ရင် တစ်တန်းနိမ့်နေသေးတယ်။ လေဗာကူဆင်အသင်း ဂိုးသွင်းအားမကောင်းပေမဲ့ ပွဲဦးထွက် အမှတ်ပြည့်တော့ ယူနိုင်လိမ့်မယ်ထင်တယ်။

နာပိုလီ – အယ်လ်ခမာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
ဒီရာသီ နာပိုလီအသင်းရဲ့ဂိုးသွင်းခြေစွမ်းက စောင့်ကြည့်စရာကောင်းနေတယ်။ မကစားဖြစ်တာကြောင့် (ဝ-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ ဂျူဗင်တပ်စ်နဲ့ပွဲကလွဲလို့ ကျန်(၃)ပွဲမှာ (၁၂)ဂိုးအထိ သွင်းခဲ့တာပါ။ လိုဇာနိုက ဂိုးမြူးနေပြီး အိုဆင်မန်ကလည်း အသင်းအတွက် ပွဲဦးထွက်ဂိုးသွင်းယူထားနိုင်ခဲ့တယ်။ နာပိုလီရဲ့ ယူရိုပါလိဂ်ပွဲရလဒ်တွေက သိပ်မျှော်လင့်လို့မရပေမဲ့ အုပ်စုအဖွင့်ပွဲကို အိမ်ကွင်းကစားရလို့ အမှားအယွင်းအဖြစ်ခံမယ်မထင်ဘူး။ အယ်လ်ခမာကတော့ နယ်သာလန်လိဂ်မှာတောင် အမှတ်ပေးဇယားအလယ်ရဲ့နောက်နားရောက်နေတဲ့အသင်းပါ။ နာပိုလီ ဂိုးပြတ်နိုင်ဖို့များတယ်။

PSV – ဂရန်နာဒါ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
PSV အသင်းမှာ ဂေါ့ဇီ၊ မက်၊ အမ်ဗိုဂို၊ ဇဟာဗီတို့နဲ့ က စားသမားပိုင်းတောင့်တင်းသွားတယ်။ ဂရန်နာဒါကလည်း ပထမဆုံး ဥရောပဝင်ခွင့်အတွက် သေချာပြင်ဆင်ထားတဲ့အသင်းပါ။ ဂရန်နာဒါ အမှတ်ရနိုင်တယ်။

ရီယဲလ်ကာ – ဆိုစီဒက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁၁:၂၅ နာရီ)
ခရိုအေးရှားကလပ် ရီယဲလ်ကာက ဥရောပပြိုင်ပွဲတွေကို မကြာခဏ ယှဉ်ပြိုင်လေ့ရှိတဲ့အသင်းဖြစ်ပေမဲ့ ယူရိုပါလိဂ်မှာ အုပ်စုအဆင့်တောင် မကျော်လွန်ခဲ့ပါဘူး။ အုပ်စုအဖွင့်ပွဲဖြစ်လို့ ဆိုစီဒက် အနိုင်ကစားဖို့များတယ်။

လက်စတာ – ဇော်ယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁:၃၀ နာရီ)
ပရီးမီးယားလိဂ်ဘက်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ရှိနေလို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာအဖို့ ယူရိုပါလိဂ်ကို ဘယ်လိုသွားမလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဇော်ယာက ယူကရိန်းလိဂ်မှာ ရှက်တာဒိုးနက်၊ ဒိုင်နမိုကိဗ်တို့ကို သရေကစားထားပေမဲ့ ကစားသမားပိုင်းက မယ်မယ်ရရ မရှိပါဘူး။ လက်စတာဘက်ကပဲ ရပ်တည်ချင်တယ်။

ဆဲလ်တစ် – အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁:၃၀ နာရီ)
ခြေစစ်ပွဲတွေတုန်းကတော့ အေစီမီလန်အသင်း အဓိကကစားသမားအများစုနဲ့ ကစားခဲ့ပေမဲ့ ရလဒ်ပိုင်းက သိပ်မကောင်းခဲ့ဘူး။ ဒါ့အပြင် လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးရောက်နေတဲ့ စီးရီးအေဘက်ကို အေစီမီလန်အသင်း ပိုအာရုံနှစ်ထားဖို့ များနေတာကိုလည်း ထည့်တွက်ရမှာပါ။ ဆဲလ်တစ်ကတော့ ဒီဘက်နှစ်တွေမှာ အသင်းအခြေအနေက ပိုမိုကျဆင်းလာပြီး ချန်ပီယံလိဂ်မှာတောင် ဒုတိယအဆင့်ခြေစစ်ပွဲက မကျော်လွန်ခဲ့ဘူး။ ဒါပေမဲ့ အိမ်ကွင်းလက်ခံကစားရတာဖြစ်လို့ ပိုမိုအားထည့်လာနိုင်တယ်။ ဆဲလ်တစ်အသင်း သရေမျှော်လင့်ချက်ရှိပါတယ်။

စပါး – LASK (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁:၃၀ နာရီ)
စပါးအသင်းက ယူရိုပါလိဂ်အုပ်စုအဆင့်ကို ၂၀၁၅-၁၆ ရာသီနောက်ပိုင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ရတာပါ။ စပါးရဲ့အရင် ယူရိုပါလိဂ်ရလဒ်တွေကတော့ သိပ်အားရစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီနှစ် မော်ရင်ဟိုရဲ့ယူရိုပါလိဂ်အခင်းအကျင်းက စိတ်ဝင်စားဖို့ကောင်းနေတယ်။ ခြေစစ်ပွဲလိုအဆင့်မှာတောင် တောင့်တင်းတဲ့လူစာရင်းနဲ့ ကစားခဲ့တာကို ထောက်ဆရင် မော်ရင်ဟိုအဖို့ အလေးထားယှဉ်ပြိုင်သွားမယ့်ပုံပါပဲ။ LASK က ခြေစစ်ပွဲမှာ စပို့တင်းလစ္စဘွန်းကို အဝေးကွင်း ဂိုးပြတ်နိုင်ပွဲနဲ့ ကျော်ဖြတ်လာလို့ လျှော့တွက်လို့တော့ မရဘူး။ စပါးကွင်းဖြစ်လို့ အိမ်ရှင်ကိုပဲ ရွေးချယ်သင့်တယ်။

ဗီလာရီးယဲလ် – ဆီဗက်စပေါ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁:၃၀ နာရီ)
ဗီလာရီးယဲလ်အသင်းက လာလီဂါပူးတွဲဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် အနိုင်ကစားထားတယ်။ ဆီဗက်စပေါ်ကတော့ ဥရောပအတွေ့အကြုံ သိပ်မရှိလို့ ဗီလာရီးယဲလ်ပဲ ကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular