ယူနိုက်တက် အသင်းရဲ့ အဖွင့်ပွဲစဉ် မတိုင်မီ ဒီဂီယာ နဲ့ ဟန်ဒါဆန် တို့အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဗန်ဒါဆား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ဂိုးသမားဟောင်း တစ်ဦး ဖြစ်တဲ့ အက်ဒ်ဝင် ဗန်ဒါဆား က အသင်း ဟောင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာဟာ အကောင်းဆုံး စွမ်းရည် ပြသ နိုင်လိမ့်မယ်လို့ ထောက်ခံရင်း ဒင်းန် ဟန်ဒါဆန် ရဲ့ စွမ်းဆောင်ရည် အပေါ်လည်း အားရ မိကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တို့ဟာ ဒီ တစ်ပါတ် မှာတော့ ပရီးမီးယား လိဂ်ရဲ့ ပွဲစဉ် ပထမဆုံး ပွဲစဉ် အဖြစ် ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေပြီး နည်းပြ ဆိုးလ်ရှား ကတော့ ဘယ်သူ့ကို နံပါတ် တစ် ဂိုးသမား နေရာ ပေးရမလဲ ဆိုတာ အခက်တွေ့ သွားဖွယ် ရှိနေ ပါတယ် ။

myan789

ဟန်ဒါဆန်ဟာ အငှား ကစားရာမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ တစ်ဖန် ပြန်လည် ရောက်ရှိ လာခဲ့ပြီး စာချုပ် သက်တမ်း တိုးမြှင့် နိုင်ခဲ့ကာ နံပါတ် တစ် ဂိုးသမား နေရာ အတွက် ဒီဂီယာ နဲ့ အပြိုင် ဖြစ်နိုင်ဖို့ ဖိအားပေး ကြိုးစား သွားဖွယ် ရှိနေခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဒီဂီယာဟာ ယူနိုက်တက် နဲ့ အတူ အတွေ့အကြုံ များစွာ ရရှိ ထားခဲ့တဲ့ ဝါရင့် ကစားသမား ဖြစ်နေတဲ့ အတွက် သူ့ကိုပဲ ရှေ့ဆက် နေရာပေး ကစားစေ သင့်ကြောင်း သုံးသပ်မှုတွေ ၊ ဆိုးလ်ရှားကို အကြံပေးမှုတွေ များစွာ ရှိနေခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်တဲ့ အက်ဒ်ဝင် ဗန်ဒါဆား ကလည်း ဒင်းန် ဟန်ဒါဆန်ရဲ့ စွမ်းဆောင်ရည် အပေါ် နှစ်ခြိုက် သဘောကျမိ ပေမယ့် ဒီဂီယာ ပဲ အသင်းဟောင်း ရဲ့ နံပါတ် တစ် ဂိုးသမား အဖြစ် ဆက်လက် ရှိသင့်ကြောင်း အကြံပေး တိုက်တွန်း သွားခဲ့ ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒေးဗစ် ဒီဂီယာဟာ အံ့ဖွယ် စွမ်းဆောင်ရည် တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ရဲ့ နေရာ ကို ဆက်ခံ ခဲ့တဲ့နောက် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမား ဆုကို အကြိမ် များစွာ ဆွတ်ခူူ ထားနိုင်ခဲ့ ပါတယ် ။ သူဟာ အသင်း အတွက် အံ့ဖွယ် စွမ်းရည် ပြသခဲ့ ပါတယ် ”

” အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ အသင်းထဲ ဘယ်လို ပြိုင်ဆိုင်မှုတွေ ရှိနေ သလဲ ဆိုတာကို ကြည့်ရှု နေမှာ အသေအချာ ပါပဲ ။ ပြီးတော့ ခံစစ် အတွက် ၊ ဂိုးပေါက် ကာကွယ်ရေး အတွက် ဘယ်သူက နံပါတ် တစ် အဖြစ် ရှိသင့် သလဲ ဆိုတာကိုပါ စောင့်ကြည့် နေပါ လိမ့်မယ် ”

” မျှမျှတတ ပြောရမယ် ဆိုရင် ရှက်ဖီး အသင်းက ဒင်းန် ရဲ့ စွမ်းရည် တွေကို ကျွန်တော် အထင်ကြီးခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အတွက်တော့ ဒေးဗစ်က ခမ်းနားတဲ့ ဂိုးသမား ပါပဲ ။ သူဟာ အမှား အချို့ ကျူးလွန်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်လည်း အမှားတွေ ကျူးလွန် ခဲ့တာပဲလေ ။ ကစားသမား တိုင်းက အမှား ကျူးလွန် တတ်ကြ ပါတယ် ”

” လက်ရှိ အချိန် က သူတို့ တွေကို နှိုင်းယှဉ်ရ ပါ့နယ် ။ သူတို့ တွေဟာ 0-0 ဆိုတဲ့ အနေအထား မှာလား ? အသင်းက ခင်ဗျားကို စွန့်လွှတ်ချင် နေလား ? တိုက်စစ်မှူး တစ်ဦးက နာကျင် အချိန်ပို အတွင်းမှာ ခင်ဗျား ရဲ့ ဂိုးသမား အမှားက တစ်ဆင့် ဂိုးတွေ သွင်းယူ နေပြီလား ? ”

” ဒေးဗစ်ဟာ အသင်း အတွက် ထူးကဲ ခဲ့တဲ့ အင်အားစု တစ်ခု အဖြစ် ရှိနေ လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲ ပါတယ် ။ အခု မှန်ကန်တဲ့ ကစားသမားတွေ အသင်းကို ရောက်ရှိမှု တွေနဲ့ အတူ သူတို့ တွေဟာ အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်မယ့် အသင်း အဖြစ် ပြန်လည် ထူးကဲ လာနိုင်ပါ လိမ့်မယ် ”

” သူတို့ နှစ်ဦးက တစ်ဦးကို တစ်ဦး အပေါင်း လက္ခဏာ ဆောင်ကျဉ်းစွာ တွန်းအားတွေ ပေးနိုင် လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ အသင်းမှာ အဲ့လို အရာတွေက အမြဲတမ်းလို ရှိနေခဲ့ ဖူးတယ် လေ ။ ခင်ဗျားလည်း လူငယ် တစ်ယောက် ဆိုရင် အသင်းမှာ ဘယ်သူနဲ့ ယှဉ်ရ မလဲ ဆိုတာကို ကြည့်ရှု နေမှာ ပါပဲ ”

” အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ကတည်းက ခင်ဗျားဟာ အစွမ်းကုန် ကြိုးစားရင်း အခွင့်အရေး ရရှိတဲ့ အခါ အသင့်ဖြစ် နေဖို့ အားထုတ်မှာ ပါပဲ ။ အခွင့်အရေး ရရှိတာနဲ့ အရယူ နိုင်ဖို့ ဆိုတာ အရေးကြီးလှ ပါတယ် ။ ဒီလို ကိစ္စ တွေမှာ အချို့ ကောင်လေး တွေက ကံကောင်း တတ်ကြ ပါတယ် ”

” အချို့ ဆိုရင် အသင်း အတွက် ပါဝင် ပေးတာ နဲ့ ဂိုးသွင်း ၊ ဖန်တီးမှု တွေကို လုပ်ဆောင်ရင်း အခွင့်အရေး တွေကို အသုံးချ တတ်ကြ ပါတယ် ။ အကယ်လို့ ကံမကောင်းပဲ ရှုံးနိမ့် သွားမယ် ဆိုရင်တော့ နည်းပြက ခင်ဗျားကို ဆက်လက် အသုံးပြုရမလား ဆိုတာကို စဉ်းစားတော့မှာ ပါပဲ ” လို့ ဗန်ဒါဆား က သုံးသပ် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular