ယူနိုက်တက် အသင်းရဲ့ အပြောင်းအရွှေ့ တွေဟာ ဘာကြောင့် ဈေးကြီးခဲ့တာလဲ ၊ ကစားသမားသစ်တွေကို ဘယ်လို ဗျူးဟာနဲ့ ချဉ်းကပ်ရမလဲဆိုတာ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီ နဗီးလ်က အသင်းဟောင်းဟာ ကုန်ဆုံး ခဲ့တဲ့ အပြောင်းအရွှေ့ တွေမှာ ကစားသမား တွေကို ခေါ်ယူ နိုင်ဖို့ စိတ်အား ထက်သန်မှု ပြသခဲ့ကြောင်း ၊ လက်ရှိ အနေအထား အရ ဆိုရင် ဂျေဒန် ဆန်ချို အစား အခြား ကစားသမား အပေါ် အာရုံစိုက် သင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန် ကြယ်ပွင့်ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတာ ကြာခဲ့ပြီ ဖြစ်ပေမယ့် အပြောင်းအရွှွှေ့ဟာ အခုထိ မဖြစ်မြောက်ခဲ့သေး ပါဘူး ။ ဒေါ့မွန် အသင်း က ကစားသမား အတွက် ပေါင် 108 သန်းထိ အလိုရှိ နေခဲ့ ပေမယ့် ယူနိုက်တက် အသင်း မှ မပေးချေ လိုခဲ့တဲ့ အတွက် အခုထိ မထူးခြား သေးတာပဲ ဖြစ်ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ ဒေါ့မွန် အသင်းဟာ ပြီးခဲ့တဲ့ တစ်လလောက် ကတည်းက ကစားသမားကို ရောင်းချ တော့မှာ မဟုတ်ကြောင်း အတိအလင်း ကြေငြာခဲ့ပါ သေးတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်းမှ လက်မလျော့သေး ပါဘူး ။ နဗီးလ် ကတော့ အသင်းဟောင်း အနေ နဲ့ အခြားသူကို စောင့်ကြည့် နေသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” အခြား အသင်းတွေလိုပဲ သူတို့ ( ယူနိုက်တက် ) တွေလည်း ကိုရိုနာကြောင့် သုံးလ အနားယူခွင့် ရရှိခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် သူတို့ တွေဟာ ကစားသမား တွေကို လေ့လာခွင့် ၊ ခေါ်ယူခွင့် တွေကို လုပ်ဆောင်ဖို့ အချိန် လုံလုံလောက်လောက် မရှိခဲ့ဘူး ဆိုတာ ပြောလို့ မရနိုင်ဘူး လို့ ကျွန်တော် ထင်ပါတယ် ”

” ချဲလ်ဆီး အသင်းက သူတို့ရဲ့ အပြောင်းအရွှေ့ တွေကို လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ မန်စီးတီး အသင်း ကလည်း ခေါ်ယူမှု 3 ၊ 4 ခုလောက် လုပ်ဆောင် ခဲ့ပြီး ပါပြီ ။ ဒါ့ကြောင့် လေ့လာမှုုတွေ လုပ်ဆောင်ဖို့ အချိန် မရရှိဘူး ဆိုတာက ပြသနာ တစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ”

” ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ ပြောစရာတွေ ဖြစ်နေ ခဲ့တာ တစ်ခုက သူတို့ တွေဟာ လွန်ခဲ့တဲ့ လေး ၊ ငါး ၊ ခြောက်နှစ် အတွင်း ကစားသမား ခေါ်ယူဖို့ စိတ်အား ထက်သန်မှု များစွာ ပြသ ခဲ့ခြင်း ပါပဲ ။ သူတို့ တွေဟာ ဈေးဆစ် နိုင်လိမ့်မယ် ဆိုတဲ့ အတွေး နဲ့ ရပ်တန့် နေခဲ့ ကြပြီး အချိန် တန်တော့ တောင်းတဲ့ ဈေးကို ပေးခဲ့ ရတာချည်း ပါပဲ ”

” ကျွန်တော် တို့ဟာ ဒီ အပိုင်းမှာ ထိန်းချုပ် နိုင်စွမ်း ရှိနေ သင့်တယ် လို့ ကျွန်တော် ယူဆ ပါတယ် ။ အသင်း အနေ နဲ့ မိမိ ဖက်မှ နောက်ဆုံး ရက်စွဲ တစ်ခု သတ်မှတ်ပြီး ဒီ ကစားသမား ကို မရရှိ ပါက နောက်ထပ် ကစားသမား တစ်ဦးဆီ ချဉ်းကပ် သွားဖို့ လုပ်ဆောင်သင့် ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တို့ဟာ ဒီနွေ အတွင်း အေဂျက်ဇ်မှ ဘန်ဒီ ဘိခ် ကိုသာ ခေါ်ယူ ထားခဲ့ဲပြီး နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဆောင် နိုင်ဖို့ ရည်ရွယ် နေပါသေးတယ် ။ ဒါပေမယ့် အခုထိတော့ သူတို့ တွေဟာ ဆန်ချို ကိုပဲ ဦးစားပေး ခေါ်ယူဖို့ တွေးတော နေတယ်လို့ သတင်းကြီး နေဆဲ ပါပဲ ။ နဗီးလ် ကတော့ ပရိသတ် တွေဟာ ဒီ အပေါ် စိတ်ပျက် နေကြပြီလို့ ပြောခဲ့လိုက် ပါတယ် ။

” ဆန်ချို နဲ့ ပတ်သက်လို့ စိတ်ပျက် နေသူတွေ ရှိနေ ပါပြီ ။ တစ်ကယ်တမ်း မှာတော့ ဒီ ကိစ္စ ဟာ ရပ်တန်းက ရပ်နေသင့် ပါပြီ ။ လက်ရှိ အနေအထား အရ ဒေါ့မွန် အသင်းကို စကားတွေ အပြတ် ပြောပြီး နောက်ထပ် ကစားသမား တစ်ဦးထံ အာရုံပြောင်း သွားသင့် ပါပြီ ”

” ကစားသမားကောင်းတွေ အများကြီး ရှိနေ ကြပါ သေးတယ် ။ ဒါ့ကြောင့် တစ်ယောက်ထဲကို မလိုက်သင့် ပါဘူး ။ ကျွန်တော်လည်း စိတ်ပျက် နေပါပြီ ။ ဒါပေမယ့် ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ တုန်းက ပိုကောင်းလာခဲ့ ကြတယ် လို့ ကျွန်တော် တွေးမိ ပါတယ် ။ သူတို့ တွေဟာ အပြောင်းအရွှေ့ တွေကို သတိရှိရှိ လုပ်ဆောင် နေခဲ့ကြ ပါပြီ ”

” သူတို့ အမှားနည်း နေခဲ့ ပါပြီ ။ ဒါပေမယ့် ဆန်ချိုကို မရနိုင် တော့ရင်တော့ နောက်တစ်ယောက်ဆီကို အာရုံပြောင်းသင့် နေပါပြီ ။ ခင်ဗျား အနေ နဲ့ ကစားသမား ခေါ်ယူဖို့ အတွက် နောက်ဆုံး ရက်စွဲ သတ်မှတ် ထားသင့် ပါပြီ ” လို့ ဂယ်ရီ နဗီးလ်က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular