ယူနိုက်တက် တို့ဟာ ပယ်လီစထရီကို ပုံမှန် မဟုတ်တဲ့ နည်းလမ်းမျိုးနဲ့ ချဉ်ကပ်ခဲ့သလို သူတို့ရဲ့ ကမ်းလှမ်းမှု ကိုလည်း ငြင်းဆန်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ပီနာရိုး အကြီးအကဲ နှစ်ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် ထဲမှာ ဂျေဒန် ဆန်ချိုကို မခေါ်ယူနိုင် ခဲ့တဲ့နောက် အူစမာနီ ဒမ်ဘီလီကို ချဉ်းကပ် ခဲ့ပြီး နောက်ဆုံး ရက်စွဲမှာ သဘော တူညီမှု မရရှိ တော့တဲ့နောက် ပီနာရိုး အသင်းမှ အသက် 18 နှစ် အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဖာကွန်ဒို ပယ်လီစထရီ ကို ခေါ်ယူခဲ့ ပါတယ် ။

အခုတော့ ပီနာရိုး အသင်းရဲ့ အတွင်းရေးမှူး တစ်ဦး ဖြစ်တဲ့ အဲဗာရစ်စတို ဂွန်ဇာလက် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား အတွက် သတ်မှတ်ထား ခဲ့တဲ့ စာချုပ် ဖျက်သိမ်းကြေး ကို ပေးဆောင် သွားတာမျိုး မဟုတ်ပဲ ပုံမှန် မဟုတ်တဲ့ နည်းလမ်း နဲ့ ချဉ်းကပ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

ယူနိုက်တက် အသင်းဖက်က ကစားသမား ဖြစ်သူကို ခေါ်ယူရာမှာ စာချုပ် ဖျက်သိမ်းကြေး ပေးဆောင်ပြီး ခေါ်ယူတယ် ဆိုတာက အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပြီး ငွေကြေး ကိုသာ တိုက်ရိုက် အကြေချေမယ် ၊ ကျန်တာ မင်းတို့ ဖက်က ရှင်းလိုက်ပါ ဆိုတဲ့ နည်းလမ်း နဲ့ ချဉ်းကပ် ခဲ့တာ ဖြစ်ကြောင်း ဂွန်ဇာလက် က ပြောလိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ ညှိနှိုင်းတဲ့ အခါမှာ သူတို့ ဖက်က ‘ အသင်း ရဲ့ အပြောင်းအရွှေ့ ပေါ်လစီကြောင့် ငါတို့ စာချုပ် ဖျက်သိမ်းကြေး ပေးတာမျိုး လုပ်ဆောင် ကြမှာ မဟုတ်ဘူး ။ ခင်ဗျားတို့ အသင်းဆီ ငွေ တိုက်ရိုက် လွှဲလိုက်မယ် ။ နောက် ပြသနာ တွေကို ခင်ဗျားတို့ ရှင်းလိုက်ပါ ‘ လို့ ပြောခဲ့ကြ ပါတယ် ” လို့ ဂွန်ဇာလက် က ပြောကြားလိုက် ပါတယ် ။

” ကျွန်တော်တို့ အရာရာတိုင်း သဘော တူညီခဲ့ပြီးကြ ပါပြီ ။ ငွေကြေး တွေကို ဘယ်လို ချေမယ် ဆိုတာက အစ ပြောခဲ့ပြီးကြ ပါပြီ ။ ငွေ နှစ်ခါ ချေရမယ် ၊ တစ်ခါက အခု ဖြစ်ပြီး နောက် တစ်ခါ ကတော့ 2021 ဂျူလိုင်လ မှာပေါ့ဗျာ ။ မန်ချက်စတာ ယူနိုက်တက် အသင်းက ထိပ်တန်း ကလပ် ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဒါကို လက်ခံ ခဲ့ကြ ပါတယ် ” လို့ ပီနာရိုး ရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သူ ရိုဒိုဖို ကန်တီနို က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အတွင်းရေးမှူး ဖြစ်တဲ့ ဂွန်ဇာလက် က မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်မှ မိမိတို့ ဖက်မှ ကစားသမား ကို အငှား ပြန်လည် ခေါ်ယူမယ် ဆိုတဲ့ အချက်ကို သဘော မတူခဲ့ပဲ သူတို့ ရဲ့ စီနီယာ အသင်းမှာ တိုက်ရိုက် နေရာပေး ဖြစ်မယ် ဆိုတဲ့ အကြောင်းကို ကတိပေး ခဲ့သေးကြောင်း ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဒု ဥက္ကဋ္ဌ ဖြစ်သူ ကန်တီနို ကလည်း သူတို့ တွေဟာ ကစားသမား ကို ရာသီကုန် အထိ အသင်းမှာ ဆက်လက် အငှား ကစား စေဖို့ တောင်းဆိုခဲ့ ပေမယ့် ယူနိုက်တက် အသင်း ဖက်မှ ကစားသမားကို စီနီယာ အသင်းဆီ နေရာပေး လိုနေတဲ့ အတွက် no လို့သာ ပြောခဲ့ကြကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ အငှား ခေါ်ယူဖို့ အတွက် ကမ်းလှမ်းခဲ့ကြပါ သေးတယ် ။ ကျွန်တော်တို့ နည်းလမ်း မျိုးစုံ နဲ့ ကြိုးစား ခဲ့ကြ ပေမယ့် သူတို့တွေ ကတော့ ငြင်းဆန် ခဲ့ကြပြီး ပယ်လီစထရီ ကို အခု လိုချင်ကြောင်း ပြောခဲ့ကြ ပါတယ် ။ ဒါက သာမန် ပါပဲ ၊ ဥရောပ ထိပ်သီး ကလပ် တွေက ကစားသမား ခေါ်ချင် ကြတယ် ဆိုရင် ချက်ချင်း ခေါ်တတ်ကြ ပါတယ် ” လို့ ကန်တီနို က ပြောကြား သွားခဲ့ ပါတယ် ။

” ပယ်လီစထရီဟာ ယူနိုက်တက် စီနီယာ အသင်းဆ တိုက်ရိုက် ရောက်ရှိ သွားမှာပါ ။ ပွဲကစားခွင့်တွေ ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။ ညှိနှိုင်းမှု လုပ်ဆောင်ခဲ့စဉ် ကတည်းက သူတို့ တွေဟာ ပယ်လီကို စီနီယာ အသင်းမှာ နေရာပေးလို ကြတာကြောင့် အာမခံံချက် ပေးနိုင်မလား ဆိုတာမျိုး မေးမြန် ခဲ့ကြပါ သေးတယ် ။ အခုတော့ သူ့ကို ချက်ချင်း သုံးမလား ၊ မသုံးဘူးလား ဆိုတာက နည်းပြ နဲ့ပဲ သက်ဆိုင်သွား ပါပြီ ” လို့ ဂွန်ဇာလက် က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular