ယူနိုက်တက်အတွက် အမြဲတမ်း အဆင်သင့်ပဲလို့ ပြောရင်း တိုက်စစ်အတွက် ကာဗာနီ ရောက်လာမှု အပေါ် မှတ်ချက်ပေးလိုက်တဲ့ အစ်ဂ်ဟာလို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ 2020 – 21 ဘောလုံး ရာသီရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 5 အဖြစ် စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို ရင်ဆိုင် ကစားသွားရဖို့ရှိနေပါတယ်။ဒါကဖိအားတွေအောက်ရောက်ရှိနေခဲ့တဲ့ယူနိုက်တက်အတွက်တော့ အရေးပါတဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းဟာ ရာသီသစ် စတင် ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲကစားထား ခဲ့ပြီး 1 ပွဲ နိုင် ၊ 2 ပွဲ ရှုံးနိမ့် ထားခဲ့တဲ့ ရလဒ်ဆို နဲ့ အမှတ်ပေး ဇယား အဆင့် 16 နေရာမှာရပ်တည် နေခဲ့ရ ပါတယ် ။ ဒါ့ကြောင့်ယူနိုက်တက်တို့ဟာဒီလိုပွဲစဉ်မှာအနိုင်သုံးမှတ်မရ,ရအောင်ကြိုးစား ရှာဖွေ ရပါ လိမ့်မယ် ။

myan789

ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဉ်မှာ အနီကဒ် ထိခဲ့တဲ့ တိုက်စစ်မှူးအန်သိုနီ မာရှယ်ဟာ ပွဲပယ် ခံထားရတာ ဖြစ်တဲ့ အတွက် ပါဝင် နိုင်မှာ မဟုတ် ပါဘူး။ဒါ့အပြင်နွေတုန်းက အသင်းဆီ ရောက်ရှိ လာခဲ့တဲ့ အီဒင်ဆန် ကာဗာနီ ကလည်း ကွာရန်တင်း ဝင်ရဦးမှာ ဖြစ်တဲ့ အတွက် ပွဲထွက် ကစား နိုင်ခြေ မရှိဘူးလို့ သိရ ပါတယ် ။

ဒီလို အနေအထားမှာ ဆိုးလ်ရှားဟာ တိုက်စစ် နေရာအတွက် အစ်ဂ်ဟာလိုကို ရွေးချယ် မလား ၊ ဒါမှမဟုတ် မေဆွန် ဂရင်းဝုဒ် ( သို့ ) ရပ်ရှ်ဖို့ တို့ကို အထောင် တိုက်စစ် နေရာမှာ ထားပြီး ဟွမ် မာတာ ( သို့ ) ဒန်နီယယ် ဂျိမ်းစ်ကို တောင်ပံ တိုက်စစ် အဖြစ် ပွဲထုတ် ကစား စေမလား ဆိုတာ စောင့်ကြည့်ရပါ တော့မယ် ။

လက်တလော ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေ အရတော့ ဆိုးလ်ရှားဟာ မာရှယ် ရဲ့ နေရာမှာ အစ်ဂ်ဟာလို ကို ထည့်သွင်းပြီး အခြား နေရာတွေ ကိုတော့ ယခင် အတိုင်းပဲ ဆက်လက် ပွဲထုတ် သွားလိမ့်မယ်လို့ကြားသိနေခဲ့ရပါတယ်။ဒါဟာယူနိုက်တက်အတွက်ပွဲထွက်ကစားပေးချင်လွန်းတဲ့ အစ်ဂ်ဟာလို အတွက်တော့ ရှားပါး အခွင့်အရေး ရရှိခြင်း ပါပဲ ။

အခုတော့နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရတော့မယ့်ပွဲစဉ်မတိုင်မီအစ်ဂ်ဟာလိုကအခွင့်အရေး တွေကို ရရှိတဲ့ အချိန်မှာ အရယူ နိုင်ဖို့ အတွက် အမြဲတမ်း အသင့်ရှိ နေကြောင်း၊အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားသွားဖို့ရည်ရွယ်နေတဲ့အကြောင်းဖွင့်ဟပြောကြားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် အမြဲတမ်း အဆင်သင့်ပါပဲ ။ ကျွန်တော့်ကို နည်းပြ ခေါ်လိုပ်တဲ့ အချိန်တိုင်းမှာ စွမ်းနိုင်သမျှ ကစားပေးဖို့ အဆင်သင့် ပါပဲ ။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က အလုပ် ကြိုးစားမယ် ၊ အခွင့်အရေး ရရှိတဲ့ အခါမှာ အရယူ နိုင်ဖို့အတွက် အစွမ်းကုန် ပေးဆပ် ကစားမယ် ဆိုတာ ပါပဲ ”

” ကျွန်တော်ဟာ နေ့စဉ် ခေါင်းငုံ့ပြီး အလုပ် ကြိုးစား နေသူ တစ်ဦးပါ ။ကျွန်တော်ဟာအသင်းရဲ့ လေ့ကျင့်ရေး ကွင်းထဲကို တစ်နေ့ မပျက် လာရောက်ပြီး အကောင်းဆုံး ပေးဆပ် ကစားလေ့ ရှိပါတယ် ။ ကျွန်တော် ကွင်းထဲ ရောက်တဲ့ အခါတိုင်း အကောင်းဆုံး ကြိုးစား ကစားပြသွားမှာပါ ” လို့ အစ်ဂ်ဟာလို က ပြောရင်း ကာဗာနီ ရောက်လာတဲ့ အပေါ်…

” ဒါဟာ အသင်း အတွက် အရမ်း ကောင်မွန် ပါတယ် ။ ဒါက အသင်းသား အားလုံးကို အလုပ် အစွမ်းကုန် ကြိုးစား စေဖို့ တွန်းအား ဖြစ်စေမှာ အသေအချာ ပါပဲ။မန်ချက်စတာယူနိုက်တက်လို အသင်းကြီး တစ်သင်း အတွက်တော့ နေရာတိုင်းမှာ ပွဲထွက်ခွင့် ရရှိ နိုင်ရေး အတွက် ပြိုင်ဆိုင်မှု ပြင်းထန် နေသင့် ပါတယ် ”

” ကျွန်တော်ကတော့ အသင်းကို ရောက်လာတဲ့ ကစားသမားသစ် တိုင်းကို ကြိုဆိုပါတယ် ။ သူတို့တွေက အသင်းမှာ ရှိနှင်ပြီးသား လူတွေအတွက်စိန်ခေါ်မှုတွေကိုပိုမိုပေးစွမ်းကြပါလိမ့်မယ် ။ အသင်းမှာ ပွဲထွက်ခွင့် ရဖို့ အားလုံး အလုပ် ကြိုးစားရပါ တော့မယ် ”လို့အစ်ဂ်ဟာလို က အပေါင်း လက္ခဏာ ဆောင်တဲ့ အတွေးကို ချပြ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular