ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ပေါ့ဘာကို ဘယ်နေရာမှာ ကစားခိုင်းသင့်သလဲ ဆိုတာ အကြံပေးလိုက်တဲ့ ပီတာခရောက်ချ်

လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရောက်ချ်က ပေါလ်ပေါ့ဘာဟာ ရှေ့ကို တက်ပြီး ကစားပေးနိုင်တဲ့ အရည်အသွေး ရှိတယ်လို့ ဆိုလိုက်ပြီး အိုလီဂန်နာဆိုးရှား အနေနဲ့ ပြင်သစ် စတားကို မန်ချက်စတာယူနိုက်တက်ရဲ့ False 9 တိုက်စစ်မှုး အဖြစ် အသုံးပြုရန် တိုက်တွန်း လိုက်ပါတယ်။ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား ဆုရှင် ပေါ့ဘာဟာ အိုးထရပ်ဖို့ဒ်မှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်း နေခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား ထားခဲ့ပေမယ့် ဂိုးလည်း မသွင်း နိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း မလုပ် နိုင်ခဲ့ပါဘူး။

အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်မှ မန်ယူနိုက်တက်ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပေမယ့်လည်း မျှော်လင့်ထားသလောက် စွမ်းဆောင် ပြခဲ့ခြင်း မရှိခဲ့ကာ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင် နိုင်ဖို့ ရုန်းကန် နေရပါတယ်။ ဒါ့ကြောင့် ၎င်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး နောက်ဆုံး ထွက်ပေါ် နေတဲ့ သတင်းများ အရ ပေါ့ဘာဟာ the Theatre of Dreams ကနေ ထွက်ခွာဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

myan789

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရှိ လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ ကွင်းလယ် တိုက်စစ်မှာ နေရာ တစ်နေရာကို အခိုင်အမာ ရယူ ထားခဲ့တာကြောင့် အိုလီ အနေနဲ့ ပေါ့ဘာကို ဘယ်နေရာမှာ ကစားခိုင်း ရမလဲ ဆိုတာ ခေါင်းခဲနေပြီး ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့က diamond midfield ရဲ့ ဘယ်ခြမ်းမှာ ထားကစားခဲ့ ပေမယ့်လည်း သိပ်ပြီး အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် နွေရာသီက အိုင်ယက် ကနေ ရောက်လာခဲ့တဲ့ ဒွန်နီဗန်ဒီဘိ ကလည်း ပထမ အသင်းမှာ နေရာ တစ်နေရာ အတွက် တွန်းအားပေးလျက် ရှိနေပါတယ်။

အင်္ဂလန် တိုက်စစ်မှုးဟောင်း ဖြစ်သူ ခရောက်က ပေါ့ဘာ အနေနဲ့ သူ့ရဲ့ ကစားသမား ဘ၀ အတွင်း တစ်ချိန်ချိန်မှာ တိုက်စစ်မှုး အဖြစ် ပြောင်းလဲ ကစား ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပါတယ်။

ခရောက်ချ်က “နည်းပြတွေကို ဘယ်သူက ဘယ်နေရာမှာ ကစားစေသင့်သလဲ ဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ အကြံမပေး ခဲ့ပါဘူး။ ဒါပေမယ့် အခု ပေါ့ဘာနဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ချပြ ချင်ပါတယ်။ ကျွန်တော် ကတော့ သူဟာ တိုက်စစ်မှာ တက်ကစား ပေးနိုင်စွမ်း ရှိတယ်လို့ အမှန်တကယ် ယူဆ မိပါတယ်။ သူဟာ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် ရယူနိုင်တဲ့ တိုက်စစ်မှုး တစ်ဦးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူဟာ လက်ရှိ မော်ဒန်ခေတ်ရဲ့ တိုက်စစ်မှုးတွေလို false 9 အဖြစ် အကောင်းဆုံး ကစား ပေးနိုင်တဲ့ အရည်အသွေး အားလုံး ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။

ကျွန်တော် ကတော့ ပေါ့ဘာဟာ စတီဗင်ဂျာရတ် အင်္ဂလန် နဲ့ လီဗာပူး တို့မှာ လုပ်ပြ ခဲ့သလိုမျိုး ရှေ့ကို တက်ကစားကာ ပွဲတွေ အပေါ် သက်ရောက်မှု ပေးနိုင်စွမ်း ရှိတယ်လို့ ခံစား မိပါတယ်။ သူဟာ ဒီလောက် ကောင်းတဲ့ သူပါ။ သူဟာ star quality ရှိနေတဲ့ သူ ဖြစ်ပါတယ်။ သူ ပြင်သစ် အတွက် ကစားပေးတဲ့ အခါ ဒီလိုမျိုး အရည်အသွေး တွေကို မြင်တွေ့ နိုင်ပါတယ်။ ကျွန်တော် ပေါ့ဘာနဲ့ ကွင်းထဲမှာ ရင်ဆိုင် ကစားခဲ့ ဖူးပါတယ်။ သူဟာ တိုက်စစ်မှာ လွယ်လွယ်ကူကူ ကစား ပေးနိုင်စွမ်း ရှိတဲ့ အရည်အသွေးတွေ ဒီထက် အများကြီး ရှိနေပါသေးတယ်။

သူနဲ့ ပက်သက်ပြီး ကျွန်တော့်ကို အမြဲတမ်း ဝေခွဲမရ ဖြစ်စေတဲ့ အရာ တစ်ခု ကတော့ သူ့ရဲ့ စိတ်ဆန္ဒ ပါပဲ။ ဒီလိုမျိုး လုပ်ချင်တဲ့ ရှိရဲ့လား? အကယ်၍ ပွဲဟာ အဆိုးဘက်ကို ဦးတည်နေခဲ့တယ် ဆိုရင် စတီဗင်ဂျာရတ်ဟာ အသင်းကို ဦးဆောင်ကာ ပြိုင်ဘက် ကစားသမားတွေကို ကျော်လွှားပြီး ဂိုးသွင်းတက်ပါတယ်။ ပေါ့ဘာ ကလည်း ဒီလိုမျိုး လုပ်နိုင်တဲ့ အရည်အသွေး ရှိပါတယ်။ ကျွန်တော် ကတော့ သူ ဒီလိုမျိုး လုပ်တာကို တအား မြင်ချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့က အိုးထရပ်ဖို့ဒ်မှာ ဝက်ဘရွမ်းကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင် ရရှိခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို တက်လှမ်း လာနိုင်ခဲ့ပြီး လာမည့် အင်္ဂါနေ့မှာတော့ အစ္စတန်ဘူ ဘာဆာဆီဟာနဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ်ကို ကစား ရမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular