ယူနိုက်တက်မှာ ဆက်လက် ရှိနေဖို့အတွက် မက်လောက်ဖွယ် ကောင်းတဲ့ လစာငွေနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ ဟွမ် မာတာ

မကြာသေးခင် ကပဲ ဆော်ဒီ အာရေးဗျမှာ ရှိနေတဲ့ ကလပ် အသင်း တစ်ခုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဟွမ် မာတာ ကို တစ်နှစ် ပေါင် 12 သန်း ဆိုတဲ့ လစာငွေ တစ်ရပ် နဲ့ ကမ်းလှမ်းမှု လုပ်ဆောင် ခဲ့ပါ သေးတယ် ။ ဒါပေမယ့် မာတာက ငြင်းဆန် ခဲ့တယ်လို့ သတင်းထွက်ခဲ့ ပါတယ် ။

အခုတော့ အဆိုပါ အမည် မဖော်လိုတဲ့ ကလပ် အသင်း ကပဲ မာတာကို အရ ခေါ်ယူ နိုင်ရေး အတွက် တစ်နှစ် ပေါင် 18 သန်း ဆိုတဲ့ လစာငွေ နဲ့ နောက် တစ်ခါ ကမ်းလှမ်း လိုက်ပြီလို့ သိရှိရ ပါတယ် ။ ဒါပေမယ့် ဟွမ် မာတာ ကတော့ ထပ်မံ ငြင်းဆန် ခဲ့တယ်လို့ သိလိုက်ရ ပါတယ် ။

myan789

စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ ဟွမ် မာတာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အိုလီ ဂန်နား ဆိုးလ်ရှား ရောက်ရှိ လာခဲ့စဉ် ကတည်းက ပုံမှန် ပွဲထွက် ကစားခွင့် တွေကို မရရှိတော့ပဲ အရန်လူ အဖြစ်သာ ဝင်ရောက် ကစား ရတာ များခဲ့ ပါတယ် ။

ဒါ့ကြောင့် ဆော်ဒီ အာရေးဗျ အခြေစိုက် ကလပ် အသင်းက ပွဲထွက် ကစားခွင့် နဲ့ အတူ လစာငွေ ပေါင် 12 သန်းလောက် ပေးလိုက် ပါက ဟွမ် မာတာ ကို ဆွဲဆောင် နိုင်လိမ့်မယ် လို့ ထင်မှတ်ပြီး ခေါ်ယူ နိုင်ဖို့ အတွက် ပထမအဆင့် သွေးတိုးစမ်းခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ စပိန် အခြေစိုက် သတင်း တစ်ခု ဖြစ်တဲ့ AS က အဆိုပါ အသင်းကပဲ ပေါင် 18 သန်း နဲ့ ကမ်းလှမ်းလိုက် ပြန်ပြီ လို့ အတည်ပြု ဖော်ပြ သွားခဲ့လိုက်ပါတယ် ။ ဒါပေမယ့် ဟွမ် မာတာ ကတော့ ယူနိုက်တက် အသင်း မှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ် လို့ သိရှိ လိုက်ရ ပါတယ် ။

AS ကတော့ မာတာဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ ဆု ဖလား ဆွတ်ခူး နိုင်ဖို့ ရည်မှန်းချက် ထားရှိ နေသေးတဲ့ အတွက် အခုလို ကမ်းလှမ်းမှု တွေကို ငြင်းဆန် ခဲ့တာ ဖြစ်ကြောင်း ထပ်ဆင့် ဖော်ပြ သွားခဲ့လိုက်ပါတယ် ။ ဒါပေမယ့် တစ်ပါတ် ပေါင် 4 သိန်းလောက်ထိ ရရှိ နိုင်မယ့် ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ဆိုတာ ကတော့ မလွယ်ကူတာ အမှန် ပါပဲ ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင် ဖလား ပြိုင်ပွဲ မှာ ရလဒ်ကောင်း တွေကို ရယူ ထားနိုင်ခဲ့ပြီး တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက် ထားနိုင်ခဲ့ ပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာတော့ ရလဒ်ကောင်း ပိုင်ဆိုင် နိုင်ဖို့ အတော်လေး ရုန်းကန် နေခဲ့ရ ပါတယ် ။

သူတို့ဟာ ရာသီ အဖွင့် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ် အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ပြီး ဒုတိယမြောက် ပွဲစဉ် ဖြစ်တဲ့ ဘရိုက်တန် နဲ့ ပွဲစဉ်မှာ ပွဲအပြီး ရရှိ ခဲ့တဲ့ ပင်နယ်တီကြောင့် အနိုင် ရရှိ ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ ဘရိုက်တန် တို့ တိုင် 5 ကြိမ် အထိ ထိခဲ့ခြင်း ကြောင့်လည်း ယူနိုက်တက် တို့ သက်သာရာ ရရှိ ခဲ့ကြ ပါတယ် ။

ဒါ့အပြင် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ် နေခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် တို့ဟာ တစ်ယောက်လျော့ ကစားခဲ့ ရပြီး အိမ်ကွင်းမှာ 1 – 6 ဆိုတဲ့ ရလဒ် ၊ ခံစစ် အမှား များစွာ နဲ့ အရှက်တကွဲ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ ဒီလို ကစားသမား စာရင်း နဲ့ ဆု ဖလား ရရှိ နိုင်ဖို့ ရုန်းကန်ရ လိမ့်မယ် ဆိုတဲ့ ဝေဖန်မှု တွေ ရှိခဲ့ရပါတယ် ။ ဒါ့အပြင် ပေါ့ဂ်ဘာ ၊ ဘရူနို ၊ ဗန်ဒီ ဘိခ်တို့ ရှိနေကြတဲ့ ကွင်းလယ်မှာ မာတာဟာ ပွဲထွက် ကစားခွင့် မရရှိမှာလည်း သေချာလှ ပါတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ မာတာ ရဲ့ အရေးပါမှု ကို ချီးကျူး ခဲ့ပါ သေးတယ် ။

” သူ့ရဲ့ အတွေ့အကြုံ နဲ့ စုဖွဲ့ ကစားတဲ့ ပုံစံက လူငယ်တွေ အတွက် အဖိုးတန်တဲ့ အရာ တစ်ခု ပါပဲ ။ သူဟာ ပရော်ဖက်ရှင်နယ် ဆန်လွန်းတဲ့ အဖိုးတန် ကစားသမား တစ်ဦး ပါပဲ ။ သူ ပွဲကစားခွင့် နည်းပါး နေခဲ့တဲ့ အချိန် တွေမှာ သူ့ရဲ့ အရည်အသွေး တွေ အကြောင်း ပြောပြဖို့ မလွယ်ကူ ပါဘူး ”

” သူဟာ အံ့ဖွယ် ကစားသမား ဘဝကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ သူဟာ ရသင့်တဲ့ အောင်မြင်မှု တိုင်းကို ရရှိ ထားနိုင်ခဲ့သူ ပါပဲ ။ သူဟာ လူငယ်တွေ အတွက် အတုယူ လေ့လာ သင့်တဲ့ ကစားသမားမျိုးပါ ။ သူဟာ ပွဲထွက်ခွင့် ရတိုင်း ပုံစံကောင်း ပြနိုင် ခဲ့သူ တစ်ဦး ပါပဲ ” လို့ ဆိုးလ်ရှား က ချီးကျူးခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒေးဗစ် မိုယက်စ် ကိုင်တွယ် နေခဲ့စဉ်တုန်းက မာတာဟာ ချဲလ်ဆီး မှ အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ 257 ပွဲ အထိ ကစားပေး ခဲ့ကာ ဂိုး 50 အထိ သွင်းယူ ပေးထား နိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular