ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အရေးကြီး ပွဲစဉ်မတိုင်မီ PSG အသင်းဖော်တွေကို သတိပေးစကား ပြောလိုက်တဲ့ နေမာ

PSG အသင်းရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ နေမာက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ အကောင်းဆုံး စွမ်းရည် ပြသ နိုင်ဖို့ အတွက် အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်သေးကြောင်း အသင်းဖော် တွေကို သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ PSG အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ 2 ပွဲသာ အနိုင် ကစားထား သေးပြီး RB လက်ပ်ဇစ် အသင်း နည်းတူ ရမှတ် 6 မှတ်သာ စုဆောင်း ထားနိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက 3 ပွဲ အနိုင် ကစားပြီး ရမှတ် 9 မှတ် ရှာဖွေ နိုင်ခဲ့ ပါတယ် ။

myan789

အခုတော့ အုပ်စု ပွဲစဉ် ပြီးဖို့ 2 ပွဲသာ လိုအပ် နေပါတော့တယ် ။ အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းကသာ လက်ကျန် ပွဲစဉ် 2 ပွဲမှာ 1 မှတ် ရှာဖွေ နိုင်ခဲ့မယ် ဆိုရင် နောက် တစ်ဆင့် တက်ရောက် နိုင်မှာပဲ ဖြစ်ပါတယ် ။ PSG ကတော့ နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ နောက်ဆုံး ပွဲစဉ် အထိ တိုက်ပွဲဝင် ရဖို့ ရှိနေ ပါတယ် ။

ဒါ့ကြောင့် PSG အသင်း အနေနဲ့ ကြားရက်မှာ ရင်ဆိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင် ကစားဖို့က အရေးကြီး ပါတယ် ။ အခြား တစ်ဖက် မှာတော့ ယူနိုက်တက် အသင်းကလည်း မရှုံးအောင် ကစားဖို့ လိုအပ်တာကြောင့် ပွဲကြီးပွဲကောင်း တစ်ပွဲကို မြင်ရဖို့ ရှိနေ ပါတယ် ။

လက်ရှိ အချိန်မှာတော့ PSG အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 5 ပွဲမှာ 2 ပွဲနိုင် ၊ 2 ပွဲ ရှုံး ၊ 1 ပွဲ သရေ ရလဒ်သာ ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် အသင်း ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 4 ပွဲဆက် အနိုင်ရအောင် လုပ်ဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် နေမာက အသင်းရဲ့ ရလဒ်တွေ မတည်ငြိမ်မှု အပေါ် မပျော်မရွှင် ဖြစ်နေ ခဲ့ပြီး ယူနိုက်တက် အသင်း နဲ့ ကစားရမယ့် ပွဲစဉ် မှာတော့ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသ သွားရလိမ့်မယ် အသင်းဖော် တွေကို သတိပေး စကား ပြောကြား သွားတာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ တွေဟာ ပွဲစဉ်ကို ( ဘော်ဒိုး အသင်း နဲ့ 2 – 2 ပွဲစဉ် ) တုန့်ဆုတ်တဲ့ ပုံစံမျိုးနဲ့ ကစား ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ တွေဟာ ဂိုးသွင်း နိုင်ဖို့ အတွက် စီမံံခန့်ခွဲ နိုင်ခဲ့ ကြပေမယ့် အသေးစိတ် အချက်အလက်တွေ အာရုံစိုက်ရေး မှာတော့ လိုအပ်ချက် ရှိခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ ဆက်လက် တိုးတက်ဖို့ လိုအပ် နေပါသေးတယ် ။ အမှတ်ပေး ဖလားပွဲမှာပဲ ဖြစ်ဖြစ် ၊ ချန်ပီယံလိဂ် ပွဲစဉ် မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဆက်လက် တိုးတက် ကောင်းမွန်ဖို့ လိုအပ် နေပါ သေးတယ် ။ ပုံမှန်အားဖြင့် ဆိုရင်တော့ ကျွန်တော်တို့ တွေဟာ ပွဲစဉ် အများစုကို အနိုင် ကစားနိုင် ခဲ့ကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက် နိုင်အောင် မကစားနိုင်ဘူး ဆိုရင်တော့ လိဂ်မှာရော ချန်ပီယံလိဂ် မှာပါ ရှုပ်ထွေးမှုတွေ ဖြစ်လာပါ လိမ့်မယ် ။ ဗုဒ္ဓဟူး နေ့မှာ ကစားရမယ့် ပွဲစဉ်ရဲ့ အရေးပါမှုကို ကျွန်တော်တို့ သိရှိကြ ပါတယ် ။ လက်ပ်ဇစ် ပွဲစဉ်လိုပေါ့ ၊ ကျွန်တော်တို့ အကောင်းဆုံး မကစား နိုင်ခဲ့ပေမယ့် နိုင်ပွဲ ရယူ နိုင်ခဲ့ကြ ပါတယ် ”

” ဗုဒ္ဓဟူးနေ့ မှာတော့ ကျွန်တော်တို့တွေဟာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ကစားနိုင်ဖို့ ကြိုးစား အားထုတ် သွားကြမှာပါ ။ အကောင်းဆုံး ကစားနိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ ဆက်လက် တိုးတက်ဖို့ ၊ အသင်း အဖွဲ့ တစ်ခုလို စုဖွဲ့ကစားဖို့ လိုအပ်နေပါဦးမယ် ။ မဟုတ်ရင်တော့ ကျွန်တော်တို့ အခက်အခဲတွေကို ရင်ဆိုင် ရလိမ့်မယ် ” လို့ နေမာ က အသင်းဖော် တွေကို သတိပေး ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular