ယူနိုက်တက်နဲ့ ပွဲမှာ ချဲလ်ဆီးတို့ ဘာကြောင့် ပင်နယ်တီ မရရှိခဲ့သလဲ ဆိုတာကို ဝေဖန် သုံးသပ်ပြလိုက်တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း

ဒီတစ်ပါတ် စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း တို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 6 ကစားခဲ့ ရပြီး ဂိုးမရှိ သရေ ရလဒ် ၊ တစ်ယောက် တစ်မှတ်စီ ခွဲယူရင်း ကျေနပ် ခဲ့ကြရ ပါတယ် ။

အဆိုပါ ပွဲစဉ် အတွင်းမှာတော့ ပြိုင်ဖက် ချဲလ်ဆီး အသင်း ဖက်မှ ထောင့်ကန်ဘော ကန်သွင်းခွင့် ရရှိ ခဲ့တဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယားဟာ ပြိုင်ဖက် ခံစစ်မှူး အက်ဇ်ပီလီကူတာကို အနောက်ကနေ သိုင်းဖက်ခဲ့ပြီး အမြင့်ဘော ဦးယူ သွားခဲ့ ပါတယ် ။

myan789

ဒီလို လုပ်ဆောင် ခဲ့တဲ့ အဖြစ်မှာ မက်ဂွားယားက အက်ဇ်ပီလီကူတာကို ကိုယ်အလေးချိန် နဲ့ ဖိပြီး အမြင့် ခုန်လို့ မရအောင် လုပ်ဆောင် သလို ဖြစ်သွား ခဲ့တဲ့ အပြင် လည်ပင်း ညှစ်သလိုမျိုးပါ ဖြစ်ခဲ့တဲ့ အတွက် ပင်နယ်တီ သေချာပေါက် ပေးသင့်တယ် ဆိုတဲ့ သုံးသပ်မှုတွေ အများကြီး ထွက်ပေါ် ခဲ့ရ ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း နှစ်ဦး ဖြစ်ကြတဲ့ ပတ်ထရစ် အီဗရာ နဲ့ ဂယ်ရီ နဗီးလ် ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း ဒါဟာ ပင်နယ်တီ ဖြစ်ခဲ့ သင့်ကြောင်း ၊ ကွင်းလယ်ဒိုင် အနေ နဲ့ VAR ရဲ မော်နီတာ ဆီကို သွားရောက် စစ်ဆေးခဲ့ သင့်ကြောင်း ဝေဖန် ခဲ့ကြပါ သေးတယ် ။

အခုတော့ ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်တဲ့ ဒါးမော့ ဂယ်လေဂါ ဒါဟာ ပင်နယ်တီ ဖြစ်ခဲ့ သင့်ကြောင်း ထောက်ခံ သွားခဲ့ ပမယ့် ပင်နယ်တီ မပေးဖြစ် ခဲ့တဲ့ အဖြစ်အပျက် ကလည်း သူ့နည်း သူ့ဟန် နဲ့ မှန်ကန် ခဲ့ကြောင်း ဝေဖန် သုံးသပ် ၊ ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

” ဒါက သီးသန့် ဖြစ်ရပ် တစ်ခုလို့ ကျွန်တော် ထင်မိ ပါတယ် ။ အဲ့ဒီ အနေအထားမှာ ဘောလုံးကို သူတို့ တွေဟာ အရှိန် တစ်ခု နဲ့ ဆက်လက် ကစား နေဆဲ ဖြစ်ပြီး မက်ဂွားယား ရဲ့ ရှင်းထုတ်မှု ကလည်း အရမ်းကို မြန်ဆန် နေခဲ့ရ ပါတယ် ။ ကွင်းလယ်ဒိုင် ရဲ့ အမြင်မှာ အမြန် ရှင်းထုတ်လိုက်တယ် ၊ ဆက် ကစားတယ် ဆိုတာကိုပဲ မြင်တွေ့ လိုက်နိုင်ခဲ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှု ခွင့် မရခဲ့လိုက် ပါဘူး ”

” အကယ်လို့ ကျွန်တော်တို့ အားလုံး မြင်တွေ့ ခဲ့ကြ သလို ဒါကို သူလည်း အတွင်းကျကျ မြင်တွေ့ခဲ့ရမယ် ဆိုရင် မာတင် အက်ကင်ဆန် က သေချာပေါက် VAR မော်နီတာ ဆီကို သွားရောက်ပြီး အဖြစ်အပျက်ကို ပြန်လည် စစ်ဆေး လိုက်မှာ အသေအချာ ပါပဲ ။ အဲ့ဒီလိုသာ ဆိုရင်တော့ သူဟာ ခြားနားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် ဖြစ်ခဲ့ပါ လိမ့်မယ် ”

” ဒါပေမယ့် သူဟာ အခုလို ကွင်းထဲက ဆုံးဖြတ်ချက် အတိုင်းပဲ ဆက်လက် ကစားစေဦးမယ် ဆိုရင်လည်း ဒါဟာ မှန်ကန်တယ်လို့ ကျွန်တော် ပြောဦးမှာ ပါပဲ ။ ဥပမာကောင်း တစ်ခုပေးပြီး ပြောရမယ် ဆိုရင် ပထမပိုင်း အတွင်း ရပ်ရှ်ဖို့ ရဲ့ ဂိုး ဧရိယာ အတွင်း လဲကျ ခဲ့တဲ့နောက် VAR ကို ခနခန ကြည့်ခဲ့တဲ့ အကြောင်းကို ပြောတာက ပိုပြီး ထင်သာ မြင်သာ ရှိနေပါ လိမ့်မယ် ”

” ရပ်ရှ်ဖို့ ရဲ့ အဖြစ်အပျက် ဖြစ်ပွာ ခဲ့တဲ့ အချိန်မှာ ဘောလုံးက ရပ်တန့် နေခဲ့ ပါပြီ ။ အရှိန် တစ်ခုနဲ့ ပွဲစဉ်ကို ဆက်လက် ကစားတာမျိုး မရှိခဲ့ ပါဘူး ။ ဒါက ဘယ်လိုမှ ပင်နယ်တီ မဖြစ်သင့်ဘူး ဆိုတာကို ကျွန်တော်တို့ ပွဲကြည့်သူတွေ အမြန်ဆုံး သိရှိ နိုင်ကြ ပါတယ် ။ ဘောလုံး ရပ်တန့် နေခဲ့တဲ့ အတွက် ဒါကို အသေအချာ စစ်ဆေးဖို့ အတွက်လည်း အခွင့်အရေး ရရှိခဲ့ ပါတယ် ”

” ပြန်ယှဉ်ကြည့်လိုက်မယ် ဆိုရင် မက်ဂွားယားရဲ့ အဖြစ်အပျက်က ဘောလုံး ကစားနေရင်း ဖြစ်ပျက် ခဲ့တဲ့ အတွက် အသေးစိတ် ပြန်လည် စစ်ဆေးဖို့ထက် ပွဲစဉ် အပေါ် ၊ ဘောလုံး အပေါ် အာရုံစိုက် နေဖို့ ပိုပြီး အလေးသာ သွားခဲ့ ပါတယ် ။ ဒီလို အချိန်မှာ VAR စစ်ဆေး ကြတဲ့ ဒိုင်တွေလည်း ဆုံးဖြတ်ချက်ကို အမြန်ဆုံး ချမှတ်ဖို့ လိုအပ် သွားခဲ့ ပါတယ် ”

” VAR ဒိုင်တွေ ဒါကို အမြန်ဆုံး ကြည့်ရှုပြီး အဖြေ အမြန် ပေးသွား ခဲ့ရ ပါတယ် ။ ပွဲစဉ်ကို ဆက်လက် ကစားနေတဲ့ အခိုက်အတန့်မျိုးမှာ သူတို့လည်း မြန်နိုင်သမျှ မြန်အောင် လုပ်ဆောင်ခဲ့ရမှာ အသေအချာပဲလေ ။ အကယ်လို့ ပွဲရပ်နားထားလို့ သူတို့ တွေသာ အသေအချာ စစ်ဆေးခွင့် ရမယ် ဆိုရင် ‘ မာတင်ရေ ၊ ငါတို့ ကြည့်တာတော့ 50 % – 50 % ပဲ ၊ မင်းလည်း တစ်ချက် စစ်ဆေး ကြည့်ဦး ‘ လို့ ပြောကြမှာ ပါပဲ ”

” မာတင် ( အက်ကင်ဆန် ) ဖက်က ကြည့်မယ် ဆိုရင်လည်း ဒါဟာ ကိုင်တွယ် ဖြေရှင်းရ ခက်ခဲတဲ့ အနေအထား တစ်ရပ်မှာ ရှိနေ ခဲ့ရ ပါတယ် ။ အကယ်လို့ သူသာ အမြန်ဆုံး မဆုံးဖြတ်ရပဲ VAR စစ်ဆေး ကြည့်ရှုခွင့် ရရှိ ခဲ့မယ် ဆိုရင် ခြားနားတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ် သွားမှာ သေချာ ပါတယ် ” လို့ ဂယ်လေဂါ က ကွင်းလယ်ဒိုင် ဖက်မှ ကြုံတွေ့ခဲ့ ရတဲ့ အခက်အခဲကို ထောက်ပြရင်း ပင်နယ်တီ မပေးခဲ့ ရတဲ့ အဖြစ်အပျက် အကြောင်း ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular