ယူနိုက်တက်တို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်မှာ ဘယ်သူတွေ အထူးညံ့ခဲ့ကြသလဲ ??

ဒီနေ့ နံနက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ဂျာမန် မြေမှာ ရက်ဘူးလ် လက်ပ်ဇစ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ကာ ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှ စိတ်ပျက်စွာ ထွက်ခွာ သွားခဲ့ရ ပါတယ် ။

ဒီနေ့ ပွဲစဉ်မှာတော့ ယူနိုက်တက် တို့ဟာ အဝေးကွင်းမှာ အစောဂိုး ပေးရတဲ့ ပြသနာကို မဖြေရှင်း နိုင်ခဲ့ပဲ ပွဲစပြီး 13 မိနစ် အတွင်း နှစ်ဂိုး ပေးခဲ့ရ ပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်း ပြန်လည် စတင်ပြီးနောက် ပွဲချိန် 69 မိနစ်မှာ နောက်တစ်ဂိုး ထပ်ဆင့် ပေးခဲ့ရတဲ့ အတွက် နောက်ကလိုက်ကစားဖို့ ခက်ခဲသွားခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ပွဲချိန် 80 နဲ့ 82 မိနစ် တွေမှာ ဘရူနို (pen) နဲ့ ပေါ့ဂ်ဘာ တို့က တစ်ဂိုးစီ ပြန်သွင်းခဲ့ ကြတဲ့ အတွက် ယူနိုက်တက်တို့ အရင်လို ပြန်လာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါ သေးတယ် ။ ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေဆီမှာ ဂိုး ထပ်ရမှ ဖြစ်မယ် ဆိုတဲ့ အလျင်လိုမှု ကင်းမဲ့ နေခဲ့တာက ပွဲစဉ်ကို 3 – 2 နဲ့သာ ပြီးဆုံး သွားစေခဲ့ ပါတယ် ။

ဒီပွဲမှာတော့ စွမ်းဆောင်ရည် အထူးညံ့ခဲ့ကြတာက ယူနိုက်တက် ခံစစ် ကစားသမားတွေ နဲ့ ဂိုးသမား ဒီဂီယာ တို့ပဲ ဖြစ်ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ်မှ အင်္ဂလန် ကလပ် ကစားသမား တွေရဲ့ rating တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒေးဗစ် ဒီဂီယာ (4)

ပထမဆုံး ပေးဂိုး နှစ်ဂိုးကို ဟန့်တား နိုင်ဖို့ အတွက် အခွင့်အလမ်း နည်းပါးခဲ့ ပါတယ် ။ တတိယမြောက် ပေးဂိုး မှာတော့ သူ့ရဲ့ အမှား မကင်းခဲ့ ပါဘူး ။

လင်ဒီလော့ဖ် ( 4 )

ပွဲချိန် အတွင်း နေရာယူ ကစားပုံ တွေက သိသိသာသာ ညံ့နေခဲ့ ပါတယ် ။ ခံစစ် ကစားပုံ ဆိုးရွားတဲ့ ရက်စွဲတစ်ခုကို ပြန်လည် ပိုင်ဆိုင်ခဲ့ ပါတယ် ။

မက်ဂွားယား ( 3 )

အသင်းကို ဦးဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားပုံကတော့ ညံ့ခဲ့ ပါတယ် ။ တတိယမြောက် ပေးဂိုး မှာတော့ ဘာမှ မလုပ်ပဲ ရပ်ကြည့်သလို ဖြစ်နေခဲ့တာက စိတ်ပျက်စရာ ပါပဲ ။

ရှော ( 4 )

ရက်ပေါင်း အတော်ကြာမှ အသင်း အတွက် တစ်ဖန် ပြန်လည် ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အတွက် ကစားပေးတဲ့ 150 မြောက် ပွဲမှာ လျင်မြန်မှု ကင်းမဲ့ နေခဲ့ပြီး ခံစစ်လုံအောင် မကူညီပေးနိုင်ခဲ့ ပါဘူး ။

ဘစ်ဆာကာ ( 2 )

ဒီပွဲရဲ့ အညံ့ဆုံး ကစားသမား ပါပဲ ။ ဘယ် ခံစစ် ကနေ အချိန်တိုင်း ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစား နေခဲ့တဲ့ အိန်ဂျလီနို ကို ဟန့်တား နိုင်ဖို့ ရုန်းကန် ခဲ့ရပြီး နေရာလွတ်တွေ အများကြီး ပေးခဲ့ ပါတယ် ။

မာတစ် ( 4 )

ဘောလုံး ကိုင်ကစားတာ သေသပ် ကောင်းမွန်ခဲ့ပေမယ့် လုံလောက်စွာ တောက်ပ နိုင်ခြင်း မရှိခဲ့တဲ့ အတွက် ပေါ့ဂ်ဘာ နဲ့ လူစားလဲခံခဲ့ရ ပါတယ် ။

မက် တော်မီနေး ( 5 )

ယူနိုက်တက် အတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့နောက် ဆက်တိုက် တောက်ပ နိုင်ခဲ့တဲ့ တော်မီနေးဟာ ဒီပွဲမှာလည်း ကစားပုံ အတော်အသင့် ကောင်းမွန်ခဲ့ပြီး ရပ်ရှ်ဖို့ အတွက် ဂိုးသွင်းခွင့် ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။

အဲလက်စ် တဲလက်စ် ( 4 )

တောင်ပံ တိုက်စစ် နေရာမှာ တက်ရောက် ကစားခဲ့ရတဲ့ တဲလက်စ်ဟာ ပုံစံကောင်း အချို့ ပြသနိုင်ခဲ့ပေမယ့် ဒုတိယမြောက် ပေးဂိုးမှာ ဟိုက်ဒါရာကို ဟန့်တားနိုင်စွမ်း ကင်းမဲ့ခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ( 6.5 )

ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမား ပါပဲ ။ နိုင်ပွဲ ရရှိ နိုင်ဖို့ အတွက် မခိုမကပ် ကြိုးစား အားထုတ်ခဲ့ သလို ပင်နယ်တီ က တစ်ဆင့် ဂိုးသွင်း ပေးနိုင်ခဲ့ ပါတယ် ။ ဖရီးကစ် ကန်ချက် ဂိုးဘား ထိခဲ့တာကတော့ နှမျောစရာ ပါပဲ ။

ရပ်ရှ်ဖို့ ( 4 )

အခွင့်အရေးကောင်းတွေ အတော်လေး ရရှိခဲ့ပေမယ့် တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေကို ပြသပြီး ပြိုင်ဖက် တွေကို ကျော်ဖြတ် ပြနိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဂရင်းဝုဒ် ( 5 )

အစောပိုင်း မိနစ်မှာ ခြေပဂိုး သွင်းယူ နိုင်ခွင့် ရှိခဲ့ပေမယ့် ဖြုန်းတီးသလို ဖြစ်သွားခဲ့ပါတယ် ။ ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု တွေကို ပြုလုပ်နိုင်ခဲ့ပြီး ဘရူနို အတွက် ပင်နယ်တီ ရရှိစေခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ…

ဗန်ဒီ ဘိခ် ( 5.5 )
ပေါ့ဂ်ဘာ ( 6 )
ဘရန်ဒန် ဝီလီယံ ( 5 )
တွမ်ဇီဘီ (-)
ဖိုဆူ မန်ဆာ့ (-)

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular